• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့ တကျော့ပြန်တိုက်ပွဲ စကစနှင့် CDF နှစ်ဖက်တပ်ဖွဲ့များ အကျအဆုံးများ

မင်းတပ်မြို့ တကျော့ပြန်တိုက်ပွဲ စကစနှင့် CDF နှစ်ဖက်တပ်ဖွဲ့များ အကျအဆုံးများ

0
By Editor on July 31, 2021 Headline

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် CDF–Mindat နှင့် စစ်ကောင်စီတို့အကြား တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားမှုတွင် CDF ဘက်မှ ၁၂ ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၁၆ ဦးသေဆုံးခဲ့သည်ဟု CDF-Mindat အဖွဲ့က ထုတ်ပြန်သည်။

CDF-Mindat နှင့် စစ်ကောင်စီအကြား အပစ်ခတ်ရပ်စဲရေး သက်တမ်းတိုးရန် ဆွေးနွေးမှုပျက်ပြယ်ခဲ့ပြီးနောက် ဇူလိုင် ၁၉ ရက်နေ့ကစ၍ စကစတပ်ဖွဲ့များသည် စစ်ရေးလှုပ်ရှားမှုရှိလာကာ မင်းတပ်မြို့နယ် ရွှေတွင်းတူးကျေးရွာဘက်တွင် ဇူလိုင်လ ၂၁ ရက် မနက်ပိုင်းက တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့သည်။

ဇူလိုင်လ ၂၂ ရက်နေ့တွင် ရန်းချောင်းရွာဘက်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားကာ CDF-Mindat ဘက်မှ ရဲဘော်ဆလိုင်းဟုန်းအွမ် ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ထိခိုက်ဒဏ်ရာရသူအများအပြားနှင့် သေဆုံးသူရှိသော်လည်း အတိအကျမသိနိုင်ကြောင်း CDF-Mindat က ထုတ်ပြန်ထားသည်။

ထို့အပြင် ဇူလိုင် ၂၂ ရက်နေ့တွင်ပင် CDF-Mindat တပ်ဖွဲ့သည် မကွီအိမ်နူးမြို့ရှိ ရဲစခန်းနှင့်တပ်စခန်းကို သိမ်းပိုက်ကာ စကစဗိုလ်ကြီးတစ်ဦး CDM ဝင်ခဲ့ပြီး အရာခံဗိုလ်တစ်ဦးနှင့် စစ်သား ၄ ဦးကိုမူ စခန်းမှ အသာတကြည်ထွက်ခွာခွင့်ပေးခဲ့ကာ လက်နက်များအတူ စခန်းနှစ်ခုစလုံးကို သိမ်းပိုက်ခဲ့သည်ဟု သိရသည်။

ဇူလိုင် ၂၃ ရက်နေ့တွင် စကစတပ်သည် ရမ်ပန်းရွာအထိတက်လာကာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး CDF-Mindat နှင့် တိုက်ပွဲပြန်ဖြစ်ကာ စကစတပ်သား ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြသည်။

နောက်တစ်နေ့ ဇူလိုင် ၂၄ ရက်နေ့တွင် စကစတပ်များ နောက်ဆုတ်သွားပြီး CDF-Mindat က နောက်ကလိုက်သွားကာ ရွှေတွင်းတူးရွာအထိ နယ်မြေရှင်းလင်းခဲ့ကြသည်။

ဇူလိုင် ၂၅ ရက်နေ့တွင် စကစဘက်က စစ်အကူနှင့် အင်အားဖြည့် ပြန်ချီတက်လာကာ နယ်မြေရှင်းလင်းရေးဆင်းလာသော CDF-Mindat နှင့် ဒန့်ဒီးရွာနားတွင် ထိပ်တိုက်တွေ့ကာ တိုက်ပွဲပြန်ဖြစ်ပွားခဲ့သည်။

အဲဆိုပါတိုက်တွင် CDF-Mindat ဘက်က ရဲဘော် ၄ ဦးကျဆုံးကာ စကစဘက်ကလည်း ထိခိုက်မှုများရှိခဲ့သည်။

မတူပီမြို့ဘက်ကနေ မင်းတပ်မြို့ဘက်ကို ချီတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Mindat/CDF-Matupi/CNF စုပေါင်းတပ်တို့သည်လည်း ဇူလိုင် ၂၄ ရက်နေ့၌ ရှစ်ဝါနူးရွာတွင် တိုက်ပွဲဖြစ်ပွားကာ CDF-Mindat မှ ဦးချိူင်ထန်း၊ CDF-Matupi မှ ဇော်မြင့်ဖေ၊ ထွန်းရွှေနှင့် CNF မှ ရွန်နော်ဖွန်ထန်းတို့် ကျဆုံးခဲ့သည်ဟု CDF-Mindat ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင် ၂၇ ရက်နေ့တွင် ကန်ပက်လက်မြို့ဘက်မှ မကွီအိမ်နူးစခန်းသို့ ဦးတည်စစ်ကြောင်းချီလာသော စကစတပ်နှင့် CDF-Mindat/CDF-Kanpetlet ပူးပေါင်းတပ်တို့သည် မင်းတပ်-ကန်ပက်လက်ကြား ခါနန်းရွာနားတွင် တိုက်ပွဲဖြစ်ပွားကာ စကစဘက်က အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ပြီး CDF ဘက်က ထိခိုက်ဒဏ်ရာရသူမရှိခဲ့ပေ။

ထို့နောက် ဇူလိုင် ၂၉ ရက်နေ့တွင် မင်းတပ်-မတူပီလမ်း ၇၄ မိုင်တွင် CDF-Mindat/CDF-Matupi/CNF ပူးပေါင်းတပ်နှင့် စကစတပ်တို့ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲမှာ ညနေ ၇ နာရီမှ ၁၂ ကျော်အထိ ဖြစ်ပွားခဲ့ပြီး CDF-Matupi မှ ရဲဘော် ၃ ဦးကျဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့မှ အနည်းဆုံး ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီနှင့် CDF အကြား တိုက်ပွဲအရှိန်သည် လျှော့ကျမသွားဘဲ ဆက်လက်ဖြစ်ပွားလျှက်ရှိကာ ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင်လည်း မင်းတပ်-မတူပီလမ်း ၇၆ မိုင်တွင် နှစ်ဖက်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားကာ ထိခိုက်ဒဏ်ရာရသူနှင့် ကျဆုံးမှု ရှိ/မရှိ မသိရသေးကြောင်း Mindat-CDF အဖွဲ့က ထုတ်ပြန်ထားသည်။

မင်းတပ်မြို့နယ်အတွင်း ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၈ ရက်တာတိုက်ပွဲအတွင်း CDF ဘက်မှ ၁၂ ဦးကျဆုံးပြီး စကစဘက်မှ အနည်းဆုံး ၁၆ ဦး သေဆုံးခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ဦးစီးအရာရှိအဆင့် ဝန်ထမ်း ၂ ဦး ဖမ်းဆီးခံရ

စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် မင်းတပ်မြို့နယ်က ကလေးငယ်တစ်ဦး ခြေတဖက်ပြတ်သွား

မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.