• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မင်းတပ်-မတူပီလမ်းတွင် တိုက်ပွဲပြင်းထန် စစ်ကောင်စီဘက် ၁၅ ဦးခန့်သေဆုံး

မင်းတပ်-မတူပီလမ်းတွင် တိုက်ပွဲပြင်းထန် စစ်ကောင်စီဘက် ၁၅ ဦးခန့်သေဆုံး

0
By Editor on March 30, 2022 Headline

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ကနေ မတူပီမြို့ကို ရိက္ခာနဲ့ စစ်အင်အားဖြည့်တင်းဖို့ ချီတက်သွားတဲ့ တင့်ကား ၂ စီးပါ စစ်ကောင်စီယာဉ်တန်း ၈၀ ကျော် နဲ့ CDF-Mindat တပ်ဖွဲ့တို့ဟာ မတ်လ ၂၆ ရက်နေ့ကတည်းကနေ တောက်လျှောက် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် နဲ့ CDF-Mindat တပ်ဖွဲ့တို့ဟာ မင်းတပ်မြို့နယ် မင်းတပ်-မတူပီလမ်း မိုင်တိုင်အမှတ် ၁၆ မှာ မတ်လ ၂၆ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးခန့် သေဆုံးခဲ့ပြီး ဒီကနေ့မှာလည်း စစ်ကောင်စီဘက်က ၁၅ ဦး လောက်သေဆုံးခဲ့တယ်လို့ CDF-Mindat ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

“တိုက်ပွဲအခြေအနေကတော့ ၂၆ ရက်နေ့ကတည်းက ပြင်းထန်မှုရှိတယ် စကစဘက်က ၅ ယောက်သေဆုံး ဒဏ်ရာရတဲ့ သူရှိတယ် ၂၇ ရက်နေ့မှာတိုက်ပွဲတစ်ခုရှိတယ် အဲဒီတိုက်ပွဲကတော့ အကျအဆုံးမသိရလို့ သတင်းမထုတ်ပြန်ခဲ့ဘူး၊ အခု ၂၉ ရက်နေ့မှာတော့ တိုက်ပွဲပြင်းထန်မှုရှိတယ် အရှေ့ဖက်က တပ်မဟာမှူးကိုယ်တိုင် ဆက်သွယ်လာပြီးခါမှ စကစဘက်က ၁၅ ယောက်လောက်သေပြီး ဒဏ်ရာအများအပြားရတယ်လို့ ကျနော့ကို ဆက်သွယ်လာပါတယ်၊ တိုက်ပွဲက တော်တော်ပြင်းထန်ပါတယ်၊ မိုင်းဆွဲတာရှိတယ် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုတွေ ပြင်းပြင်းထန်ထန်ဖြစ်ပါတယ်”

စစ်ကောင်စီတပ်ဖွဲ့တွေဟာ မင်းတပ်-မတူပီလမ်းကြောင်းတစ်လျှောက်က ဆက်သွယ်ရေးဖုန်းလိုင်းတွေကလည်း ဖြတ်တောက်ထားပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ရှေ့တန်းနဲ့နောက်တန်း ချိပ်ဆက်မှုမရှိအောင် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီယာဉ်တန်းဟာ မကွေးတိုင်း ကျောက်ထုမြို့ကနေ မတ်လ ၂၄ ရက်နေ့က မင်းတပ်မြို့ကို ရောက်ရှိလာပြီး စစ်ဗျူဟာအခြေစိုက်ရာနဲ့ တပ်ရင်း ၂ ရင်းအခြေစိုက်ထားတဲ့ မတူပီမြို့ဘက်ကို ဆက်လက်ချီတက်ထွက်ခွါရာမှာ CDF-Mindat တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အရေးပေါ်ကာလ နောက် ၆ လ ထပ်မံသက်တမ်းတိုး

ဖလမ်းမြို့နယ် Non-CDM ပညာရေးဝန်ထမ်းများလစာငွေ သိန်း ၈၀၀ ကျော် ဓားပြတိုက်ခံရဟုဆို

စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် မင်းတပ်မြို့နယ်မှ ကလေး ၃ ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.