• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မင်းတပ် CDF နှင့် စစ်ကောင်စီအကြား အပစ်ခတ်ရပ်စဲမှု ယာယီထပ်တိုး

မင်းတပ် CDF နှင့် စစ်ကောင်စီအကြား အပစ်ခတ်ရပ်စဲမှု ယာယီထပ်တိုး

0
By Editor on July 9, 2021 Headline

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်တွင် CDF-Mindat နှင့် အာဏာသိမ်းစစ်ကောင်စီတို့ကြား အပစ်ခတ်ရပ်စဲမှု ယာယီထပ်မံတိုးမြှင့်ထားပြီး တရားဝင်ရက်သတ်မှတ်ရန် နှစ်ဖက်ဆွေးနွေးမှုများလည်း ရှိလာနိုင်သည်ဟု သိရသည်။

“အချိန်သက်တမ်းတိုးထားတယ်၊ လောလောဆယ် အနည်းဆုံးတစ်ပတ် (၁၀) ရက်ထိ ကျနော်တို့ ရက်စွဲဘာနဲ့တော့ မလုပ်ထားဘူး၊ ကျနော်တို့ သက်တမ်းတိုးတယ်ဆိုတာ (၄) ရက်နေ့ကပြည့်သွားလို့ (၄) ရက်နေ့နောက်ပိုင်း ကျနော်တို့ပြန်မတွေ့ကြသေးဘူး၊ ဒါပေမဲ့ ဒီရက်ပိုင်းတွင်းမှာ ဒီတစ်ပတ် (၁၀) ရက်အတွင်းတော့ ပစ်ခတ်မှုမဖြစ်မှာ တော့သေချာတယ်၊ ကျနော်တို့ (၄) ရက်နေ့နောက်ပိုင်း ပြန်တွေ့ရအုံးမယ်” ဟု မင်းတပ် CDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မင်းတပ်မြို့မိ/မြို့ဖများ၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုဖြင့် CDF-Mindat နှင့် စစ်ကောင်စီတို့သည် ဇွန်လ ၂၀ ရက်နေ့ကစ၍ ၁၄ ရက်ကြာ ယာယီအပစ်အခတ်ရပ်စဲမှုသည့် ဇူလိုင် ၄ ရက်နေ့က ပြည့်သွားပြီး မည်သည့်အချိန်ထိ အပစ်အခတ် ဆက်လက်ရပ်စဲကြမည်ကို နှစ်ဖက်တွေ့ဆုံကာ ဆွေးနွေးကြမည်ဖြစ်သည်။

CDF-Mindat နှင့် စစ်ကောင်စီတို့အကြား အချက် ၅ ချက်ပါသော သဘောတူညီချက်ကိုလည်း ဇွန်လ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့ကြပြီး ယင်းသဘောတူညီချက်တို့မှာ မင်းတပ်မြို့နယ်အတွင်း ဆက်သွယ်ရေးလမ်းကြောင်းနှင့် မြို့ပေါ်တွင် လက်နက်ဖြင့် ကိုင်ဆောင်စောင့်ကြပ်စစ်ဆေး ပစ်ခတ်ခြင်း မပြုလုပ်ရန်၊ အစိုးရဌာဆိုင်ရာ လုပ်ငန်းဆောင်ရွက်ရာတွင် နှောင်ယှက်ခြင်း၊ ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း တာဆီးခြင်း မပြုလုပ်ရန်နှင့် CDM ဝန်ထမ်းများ အတင်းအကြပ်ဖိအားပေး လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်စေခြင်း မပြုလုပ်ရန် စသည်တို့ပါရှိသည်။

ထို့အပြင် ကျောက်ထု-မင်းတပ်-မတူပီလမ်းကြောင်းတွင် ဆိုင်ကယ်/လူ သွားလာသူများ နှောင့်ယှက်ခြင်းတားဆီးခြင်း မပြုလုပ်ရန်နှင့် ရိက္ခာသယ်ကားများကိုသာ အဝင်/အထွက်စစ်ဆေး၍ သွားလာခွင်ပြုမည်ဖြစ်ကာ စစ်ဘေးရှောင်ပြည်သူများ ရိက္ခာသယ်ဆောင်ရန်တွင်လည်း တာဝန်ရှိသူများအား အသိပေးရန်တို့ သဘောတူညီခဲ့ကြသည်။

ယင်းသဘောတူညီချက်အနက် အာဏာသိမ်းစစ်ကောင်စီဘက်က ချိူးဖောက်မှုအချိူ့ရှိသည်ဟုသိရပြီး ဒေသခံပြည်သူများအား ဖမ်းဆီးထိန်းသိမ်းပြီး ပြန်လွတ်ခြင်းတို့ရှိခဲ့သည်ဟု CDF မင်းတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိမင်းတပ်မြို့ စစ်ဘေးရှောင်ပြည်သူများမှာလည်း ယခုတလော ပစ်ခတ်တိုက်ခိုက်မှုမရှိသည့်အတွက် အနည်းငယ်အဆင်ပြေလာပြီး မင်းတပ်မြို့ပေါ်တွင်လည်း စစ်ဘေးရှောင် ၁ ထောင်နီးပါး ပြန်လည်ရောက်ရှိလာပြီဖြစ်သော်လည်း မင်းတပ်မြို့ပေါ်တွင် အသွားအလာနည်းပါးပြီး ခြောက်ကပ်နေသေးသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.