Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီခရိုင်ရုံးကို အစိုးရသတ်မှတ်သည့် ဖနိုင်-ငလိုင်ဘက်တွင် စတင်တည်ဆောက်ရန် ပန္နက်ရိုက်

မတူပီခရိုင်ရုံးကို အစိုးရသတ်မှတ်သည့် ဖနိုင်-ငလိုင်ဘက်တွင် စတင်တည်ဆောက်ရန် ပန္နက်ရိုက်

0
By Editor on August 6, 2019 Headline

မတူပီခရိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို အစိုးရသတ်မှတ်ထားသည့် ဖနိုင်-ငလိုင်ကျေးရွာကြား မတူပီ – ဟားခါးလမ်း မိုင်တိုင် (၁၆၆/၁) အနီးတွင်တည်ဆောက်ရန် ယနေ့နံနက်ပိုင်းက ပန္နက်ရိုက်အခမ်းအနားပြုလုပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ချင်းပြည်နယ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ ပြည်နယ်အဆောက်အဦဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးခင်မောင်ဆွေ ၊ မင်းတပ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူး၊ မတူပီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးထွန်းနှင့် မြို့မိမြို့ဖ ဥက္ကဌ ဦးထန်ကျင်းတို့က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအဆောက်အဦဆောက်လုပ်ရန် ပန္နက်ရိုက်ခဲ့ကြခြင်းဖြစ်သည်။

ပတူပီမြို့နယ်သည် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်ကတည်းက ခရိုင်အဖြစ်တိုးမြင့်ခံရပြီးဖြစ်သော်လည်း ခရိုင်ရုံးတည်ဆောက် မည့် နေရာအငြင်းပွားမှုဖြစ်ပွားနေခြင်းကြောင့် ယနေ့ချိန်ထိ ခရိုင်ရုံး အဆောက်အဦးကိုမတည်ဆောက်နိုင်ကြသေးခြင်းဖြစ်သည်။

မတူပီမြို့ဒေသခံပြည်သူများက ခရိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ယခုမြို့နယ်အထွေထွေအုပ်ချူပ်ရေးမှူးရုံးတည်နေရာတွင် တည်ဆောက်လိုကြပြီး ချင်းပြည်နယ်အစိုးရကတော့ မတူပီမြို့နှင့် ၈ မိုင်ခန့်ဝေးသော ဖနိုင်- ငလိုင်ကျေးရွာဘက်တွင် တည်ဆောက်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စကြောင့် ထောင်နှင့်ချီသော မတူပီဒေသခံပြည်သူများက မတူပီမြို့တွင် ၂ ကြိမ်၊ ရန်ကုန်မြို့တွင် ၁ ကြိမ် ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီးဖြစ်သည်။

မတူပီခရိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ကျပ်ငွေသန်း (၁၇၀၀) ဖြင့် အဆောက်အဦ ဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၁၀) က တာဝန်ယူတည်ဆောက်သွားမည်ဖြစ်သည်။ (ဓာတ်ပုံ- မတူပီ ပြန်/ဆက်)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.