Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မတူပီတွင် စစ်မျက်နှာတိုးမြှင့်၍ မြို့အဝင်အထွက်လမ်းများ ပိတ်ထားကြောင်း CDF-မတူပီ တပ်မဟာ ၂ ထုတ်ပြန်

မတူပီတွင် စစ်မျက်နှာတိုးမြှင့်၍ မြို့အဝင်အထွက်လမ်းများ ပိတ်ထားကြောင်း CDF-မတူပီ တပ်မဟာ ၂ ထုတ်ပြန်

0
By Editor on June 20, 2024 Khonumthung

ချင်းပြည်နယ် မတူပီမြို့တွင် စစ်ကောင်စီတပ်စခန်းများ သိမ်းယူနိုင်ရန် ချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီး ဦးဆောင်မှုအောက်တွင် CNA/CDFs တပ်ဖွဲ့များမှ စစ်မျက်နှာတိုးမြှင့်ဖွင့်ထားသည့်အတွက် မတူပီမြို့အဝင်အထွက်လမ်းများအား အကန့်အသတ်မရှိ ပိတ်ထားလိုက်သည် CDF-မတူပီ တပ်မဟာ ၂ က ထုတ်ပြန်သည်။

မတူပီ-ပလက်ဝလမ်း၊ မတူပီ-ကန်တောင်လမ်း၊ မတူပီ-ဟားခါးလမ်း နှင့် မတူပီ-လိုင်လဲန်းပီလမ်းအား အကန့်အသတ် မရှိ ပိတ်ပင်လိုက်ပြီဟု ယနေ့ဇွန်လ ၂၀ ရက်တွင် CDF-မတူပီ တပ်မဟာ ၂ က ထုတ်ပြန်ခြင်းဖြစ်သည်။

အထက်ပါထုတ်ပြန်ချက်အား ပြည်သူများအနေဖြင့် လိုက်နာခြင်းမရှိပါက ကြီးလေးသော ပစ်ဒဏ်ခံယူရမည်ဖြစ်ပြီး လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် လိုက်နာခြင်းမရှိပါက ပစ်မိန့်ပေးထားသည်ဟု CDF-မတူပီ တပ်မဟာ ၂ က ထုတ်ပြန်သည်။

စစ်ရေးအရ အချက်အချာကြသော မတူပီမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် ချင်းညီနောင်နှင့်မဟာမိတ်တပ်ဖွဲ့များက ဇွန်လ ၉ ရက်နေ့ကတည်းက ချင်းညီနောင်စစ်ဆင်ရေးဖော်ဆောင်လျှက်ရှိပြီး ဇွန်လ ၁၇ ရက်က ခမရ ၃၀၄ တပ်ရင်းကို သိမ်းပိုက်ခဲ့ကြသည်။

တဖက်မှာလည်း ချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီးဌာနဦးဆောင်မှုဖြင့် CNA/CDFs တပ်ဖွဲ့များကလည်း ခလရ ၁၄၀ နှင့် စစ်ဗျူဟာကုန်းသိမ်းပိုက်နိုင်ရေး စစ်ဆင်ရေးဖော်ဆောင်လျှက်ရှိကြောင်း သိရသည်။

သို့သော်လည်း မတူပီမြို့က စစ်ကောင်စီ၏ ခလရ ၁၄၀ နှင့် စစ်ဗျူဟာကုန်း သိမ်းပိုက်ရေး စစ်ဆင်ရေးဖော်ဆောင်မှုတွင် ချင်းညီနောင်အဖွဲ့ နှင့် ချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီးဌာနလက်အောက် CNA/CDFs တပ်ဖွဲ့များအကြား အငြင်းပွားမှုဖြစ်ပွားကာ နှစ်ဖက်ပစ်ခတ်မှုအထိဖြစ်ပွားခဲ့ကြသည်။

CDF-မတူပီတွင် တပ်မဟာ ၁ နှင့် ၂ ရှိနေပြီး တပ်မဟာ ၁ သည် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်ပြီး တပ်မဟာ ၂ သည် ချင်းလဲန်းကောင်စီအဖွဲ့ဝင်ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF အထူးတပ်ဖွဲ့ဝင်တစ်ဦး ရှေ့တန်းမှာ ကျောက်ကပ်ပျက်စီး၍ ဆေးကုသရန် အခက်အခဲဖြစ်နေ

ဟားခါးမြို့တွင် ပြည်သူ့စစ် ၃ ဦး၊ လက်နက်များနှင့်အတူ CDF-Hakha ထံ အလင်းဝင်

စစ်ကောင်စီက အာဏာသိမ်းပြီး ၄ နှစ်အတွင်း ချင်းပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုပေါင်း ၈၀၀ ကျော်ပြုလုပ်၊ ပြည်သူ ၁၁၆ ဦး သေဆုံး၊ ၂၄၂ ဦး ဒဏ်ရာရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
December 30, 2024

“လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ နစ်နာသူတွေအတွက် တရားမျှတမှု ရရှိအောင် နည်းလမ်းမျိုးစုံနဲ့ ဆက်လုပ်ဖို့ ရည်ရွယ်ထားတယ်”

December 21, 2024

ပေါင်းစည်းဖို့ ပိုခက်လာတဲ့ ချင်းနွေဦး (သို့မဟုတ်) ချင်းတော်လှန်ရေး “စင်ပြိုင်အစိုးရ” မြင်တွေ့ရမှာလား

December 3, 2024

“ဟားခါး – ထန်တလန် ကြားထဲက နေရာအများစုကို ချင်းလဲန်းကောင်စီပူးပေါင်းတပ်က ထိန်းချုပ်ထားနိုင်ပြီ”

November 30, 2024

စစ်မှုထမ်းဥပဒေ၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှုနဲ့ ပြည်ပကို နည်းမျိုးစုံဖြင့် ထွက်ကြတဲ့လူငယ်များ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.