Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မတူပီတွင် စစ်မျက်နှာတိုးမြှင့်၍ မြို့အဝင်အထွက်လမ်းများ ပိတ်ထားကြောင်း CDF-မတူပီ တပ်မဟာ ၂ ထုတ်ပြန်

မတူပီတွင် စစ်မျက်နှာတိုးမြှင့်၍ မြို့အဝင်အထွက်လမ်းများ ပိတ်ထားကြောင်း CDF-မတူပီ တပ်မဟာ ၂ ထုတ်ပြန်

0
By Editor on June 20, 2024 Khonumthung

ချင်းပြည်နယ် မတူပီမြို့တွင် စစ်ကောင်စီတပ်စခန်းများ သိမ်းယူနိုင်ရန် ချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီး ဦးဆောင်မှုအောက်တွင် CNA/CDFs တပ်ဖွဲ့များမှ စစ်မျက်နှာတိုးမြှင့်ဖွင့်ထားသည့်အတွက် မတူပီမြို့အဝင်အထွက်လမ်းများအား အကန့်အသတ်မရှိ ပိတ်ထားလိုက်သည် CDF-မတူပီ တပ်မဟာ ၂ က ထုတ်ပြန်သည်။

မတူပီ-ပလက်ဝလမ်း၊ မတူပီ-ကန်တောင်လမ်း၊ မတူပီ-ဟားခါးလမ်း နှင့် မတူပီ-လိုင်လဲန်းပီလမ်းအား အကန့်အသတ် မရှိ ပိတ်ပင်လိုက်ပြီဟု ယနေ့ဇွန်လ ၂၀ ရက်တွင် CDF-မတူပီ တပ်မဟာ ၂ က ထုတ်ပြန်ခြင်းဖြစ်သည်။

အထက်ပါထုတ်ပြန်ချက်အား ပြည်သူများအနေဖြင့် လိုက်နာခြင်းမရှိပါက ကြီးလေးသော ပစ်ဒဏ်ခံယူရမည်ဖြစ်ပြီး လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် လိုက်နာခြင်းမရှိပါက ပစ်မိန့်ပေးထားသည်ဟု CDF-မတူပီ တပ်မဟာ ၂ က ထုတ်ပြန်သည်။

စစ်ရေးအရ အချက်အချာကြသော မတူပီမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် ချင်းညီနောင်နှင့်မဟာမိတ်တပ်ဖွဲ့များက ဇွန်လ ၉ ရက်နေ့ကတည်းက ချင်းညီနောင်စစ်ဆင်ရေးဖော်ဆောင်လျှက်ရှိပြီး ဇွန်လ ၁၇ ရက်က ခမရ ၃၀၄ တပ်ရင်းကို သိမ်းပိုက်ခဲ့ကြသည်။

တဖက်မှာလည်း ချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီးဌာနဦးဆောင်မှုဖြင့် CNA/CDFs တပ်ဖွဲ့များကလည်း ခလရ ၁၄၀ နှင့် စစ်ဗျူဟာကုန်းသိမ်းပိုက်နိုင်ရေး စစ်ဆင်ရေးဖော်ဆောင်လျှက်ရှိကြောင်း သိရသည်။

သို့သော်လည်း မတူပီမြို့က စစ်ကောင်စီ၏ ခလရ ၁၄၀ နှင့် စစ်ဗျူဟာကုန်း သိမ်းပိုက်ရေး စစ်ဆင်ရေးဖော်ဆောင်မှုတွင် ချင်းညီနောင်အဖွဲ့ နှင့် ချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီးဌာနလက်အောက် CNA/CDFs တပ်ဖွဲ့များအကြား အငြင်းပွားမှုဖြစ်ပွားကာ နှစ်ဖက်ပစ်ခတ်မှုအထိဖြစ်ပွားခဲ့ကြသည်။

CDF-မတူပီတွင် တပ်မဟာ ၁ နှင့် ၂ ရှိနေပြီး တပ်မဟာ ၁ သည် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်ပြီး တပ်မဟာ ၂ သည် ချင်းလဲန်းကောင်စီအဖွဲ့ဝင်ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

ချင်းတော်လှန်ရေးတပ်ဖွဲ့ CNO/ CNDF နှင့် စစ်အုပ်စုတို့ တွေ့ဆုံဆွေးနွေးခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 3, 2026

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

August 3, 2026

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

August 3, 2026

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

August 3, 2026

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.