• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့တွင် စစ်ကောင်စီတပ်က အမျိုးသမီး ၆ ဦး အပါအဝင် ပြည်သူ ၇ ဦး ဖမ်းဆီး

မတူပီမြို့တွင် စစ်ကောင်စီတပ်က အမျိုးသမီး ၆ ဦး အပါအဝင် ပြည်သူ ၇ ဦး ဖမ်းဆီး

0
By Editor on May 6, 2022 Headline

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့တွင် စစ်ကောင်စီတပ်က အမျိုးသမီး ၆ ဦးအပါအဝင် ပြည်သူ ၇ ဦးကို ဖမ်းဆီးကာ စစ်ဗျူဟာစခန်းသို့ ခေါ်ဆောင်ပြီး လူမဆန်စွာ ညှင်းပမ်းနှိပ်စက်နေသည် CDF-Matupi က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့က မတူပီမြို့အခြေစိုက် စကစ စစ်ဗျူဟာစခန်းမှ တပ်သား ၂ ဦး သေနတ် ၃ လက်နှင့် CDF-Matupi တပ်ဖွဲ့ထံသို့ CDM ပြုလုပ်အလင်းဝင်သည့်ကိစ္စနှင့်ပတ်သက်၍ မတူပီမြို့ပေါ်နေ အမျိုးသမီး ၆ ဦးအပါအဝင် စုစုပေါင်းပြည်သူ ၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“CDM ကိစ္စနဲ့ပတ်သက်ပြီး စွပ်စွဲပြီးဖမ်းတယ်လို့သိရတယ် သူတို့အကို စစ်ဗျူဟာကုန်းမှာထိန်းသိမ်းထားတယ်လို့ သိရပါတယ်’’ ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံကပြောသည်။

ဖမ်းဆီးခံရသော ပြည်သူ ၇ ဦးကို စစ်ကောင်စီတပ်ဖွဲဲ့က လူမဆန်စွာဖမ်းဆီးညှင်းပန်းနှိပ်စက်မှုကြောင့် အမျိုးသမီးတစ်ဦး မှာ ဆေးရုံတွင် ကုသမှုခံယူရသည့်အဆင့်ထိ အခြေအနေဆိုးခဲ့သည်ဟု သိရသည်။

မတူပီမြို့အခြေစိုက် စစ်ကောင်စီ စစ်ဗျူဟာစခန်းမှ တပ်သား ချစ်ကိုကို (တ/၃၈၇၆၈) နှင့် မုံရွာအခြေစိုက် ထပရ ၉၂၉ မှ တပ်သား ဖြိုးမင်း (တ/၅၂၅၇၃၇) တို့ ၂ ဦးသည် သေနတ်အမျိုးအစား BA-72,MA-2,MA-3 စုစုပေါင်း (၃) လက်နှင့်အတူ CDF- Matupi ထံသို့ CDM ပြုလုပ်အလင်းဝင်ခဲ့ကြခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့သည် ၎င်းတို့၏ လက်နက် ၃ လက်ပြန်လည်ရရှိရေးအတွက် ပြည်သူများကိုဓားစာခံအဖြစ်အသုံးချ ဖမ်ဆီးခြင်း၊ နှိပ်စက်ခြင်းနှင့် အသက်အန္တရာယ်ခြိမ်းခြောက်မှုအပေါ် ကန့်ကွက်ရှုတ်ချပြီး CDF-Matupi အနေဖြင့် စကစ အပါအဝင် မည်သည့်အကြမ်းဖက်အဖွဲ့အစည်းနှင့်မဆို အပေးအယူကိစ္စ လုံးဝ (လုံးဝ) မပြုလုပ်ကြောင်း CDF-Matupi က ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကောင်စီမှ ဖွင့်လှစ်သောကျောင်းတွင် ကျောင်းအပ်နှံခြင်းမပြုရန် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပန်ကြား

ထန်တလန်မြို့တွင် CDF များက နေအိမ်များအား ထပ်မံမီးရှို့ဆိုတဲ့သတင်း

ပလက်ဝမြို့အနီးတွင် လက်နက်ကြီးပစ်ခတ်သံများကြားနေရ

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.