• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့တွင် စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် မြို့ခံပြည်သူများ အခက်ကြုံနေရ

မတူပီမြို့တွင် စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် မြို့ခံပြည်သူများ အခက်ကြုံနေရ

0
By Editor on March 8, 2023 Headline

ချင်းပြည်နယ် မတူပီမြို့နယ်တွင် ကားလမ်းပိတ်ထားမှုကြောင့် ပြည်မဘက်မှ ဆန်ဝင်ရောက်နိုင်ခြင်းမရှိပဲ စားနပ်ရိက္ခာပြတ်လပ်ကာ မြို့ခံပြည်သူအများစု စားဝတ်နေရေးအကြပ်အတည်းနှင့် ရင်ဆိုင်နေကြရသည်ဟု သိရသည်။

စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားသော မတူပီမြို့တွင် စစ်ကောင်စီဘက်က ပြည်မဘက်နှင့်ဆက်သွယ်သော မတူပီ-ဂန့်ဂေါ၊ မတူပီ-မင်းတပ် ကားလမ်းများ လနှင့်ချီပိတ်ထားသောကြောင့် ကုန်တင်ကား အဝင်အထွက်မရှိတော့ပဲ စားနပ်ရိက္ခာများ ပြတ်လပ်လာခြင်းဖြစ်ကြောင်း မတူပီမြို့ခံတစ်ဦးက ပြောသည်။

“အရင်ကတည်းက ကားတွေကအဝင်အထွက်ပိတ်ထားတယ်။ မြေပြင်အခြေအနေက တအားကိုဆိုးတာဆိုတော့ ထွက်ခွင့်မပြုတာ ခနခနဖြစ်တော့ စားသောက်ကုန်တွေကပြတ်တယ်လေ။ စားသောက်ကုန်တွေက ဟိုဖက်သောင်တင်လိုက်၊ ဒီဖက်သောင်တင်လိုက်နဲ့ မတူပီမရောက်နိုင်တော့ ပြတ်တာ။ ပုံမှန် မဖြစ်တဲ့အခါကျတော့ ဝယ်စရာမရှိတဲ့အခြေ အနေမျိုးဖြစ်တယ်။ လောလောဆယ် ချွေတာပြီးတော့ စားရတဲ့အခြေအနေပေါ့။” ဟု မတူပီမြို့ခံက ပြောသည်။

ယခုကဲ့သို့ အခြေအနေကြောင့် မတူပီမြို့ရှိ ဆန်ဆိုင်များ တွင်လည်း ဆန်ဝယ်ယူရန်ပင်မရှိသည့် အနေအထားမှာရှိနေပြီး ကျေးရွာဘက်မှဝင်ရောက်လာသည့် ဆန်ကိုသာအဓိကအားထားနေရသည်ဟုသိရသည်။

“ကားတွေတော့ အများကြီးတက်လာတယ်လို့သိရပေမယ့် ဟိုဖက်ကတားလိုက် ဒီဖက်ကတားလိုက်နဲ့ မြို့ထဲကို မဝင်သေးဘူး သောင်တင်နေတာနဲ့ အရင်တုန်းကပေါ်ဆန်းတအိတ်ကို ၃ သောင်းတန်ကို အခုက ၁သိန်းနဲ့တောင် ဝယ်လို့မရဘူး လောလောဆယ်က” ဟု မတူပီမြို့ခံတစ်ဦးကပြောသည်။

မတူပီမြို့ပေါ်တွင် ကုန်တင်ကားများ ဝင်ရောက်နိုင်ခြင်းမရှိပါက ပြည်သူများ ပိုမိုခက်ခဲလာမည်ဖြစ်သောကြောင့် ချင်းပြည်နယ် ဝန်ကြီးချုပ်ထံ ဖုန်းဆက်တင်ပြထားသည်ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိ မတူပီမြို့တွင် ဆန်အပါအဝင် စားနပ်ရိက္ခာများ ပြတ်လပ်နေသော်လည်း စစ်ကောင်စီက ယနေ့ချိန်ထိ တစုံတရာ ဖြေရှင်းပေးခြင်းမျိုးမရှိကြောင်း သိရသည်။

ယင်းအခြေအနေကြောင့် မြို့တွင်းစပါးကျီရှိသူများနှင့် ယခင် ဆန်ကြိုတင်ဝယ်ယူစုဆောင်းထားကြသည့် ပြည်သူများသည် ပြန်လည်မျှဝေရောင်းချပေးမှုများရှိသည့်အပြင် မြို့ခံပြည်သူတချို့မှာ ဖနိုင်ရွာနှင့် အခြားကျေးရွာတို့တွင် ဆန်ဝယ်ရန် အုပ်ချုပ်ရေးမှုးထံ ထောက်ခံစာယူကာ ကိုယ်တိုင် သွားရောက်ဝယ်ယူခြင်းဖြင့် စားသုံးနေကြရကြောင်း သိရသည်။

မတူပီမြို့တွင် စစ်ကောင်စီက ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ယနေ့ချိန်ထိ ဖြတ်တောက်ထားခြင်းကြောင့် ကြိုးဖုန်းများကိုသာ အဓိက အားထားနေရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNLD က နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်မည်မဟုတ်

မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်ကို CDF-Matupi က ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံး

ကလေးမြို့ တွင် လေယာဉ်လက်မှတ်ဈေးနှုန်းအဆမတန် မြှင့်တက်နေမူကြောင့် ခရီးသွားပြည်သူများ အခက်အခဲ ကြုံတွေ့နေရ

Leave A Reply Cancel Reply

  • Featured Article
March 22, 2023

ချင်းနိုင်ငံရေးပါတီများ စစ်ကောင်စီလက်အောက်မှာ ပါတီမှတ်ပုံတင်သင့် မတင်သင့် သူတို့ဘာပြောလဲ

March 21, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်း – အပိုင်း (၂)

March 20, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်းအကြောင်း – (အပိုင်း ၁)

March 19, 2023

ချင်းအမျိုးသားရေး ပြန်လည်စည်းလုံးရေး လှုပ်ရှားမှုများသမိုင်း (အပိုင်း ၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.