မာဂရက် – ချင်းပြည်နယ်၊ မတူပီမြို့တွင် မေလ ၂၁ ရက်နေ့ (ယနေ့) မနက် ၈ နာရီအချိန်ကစပြီး တယ်လီနောဖုန််း ဆက်သွယ်ရေးလိုင်းနှင့် လျှပ်စစ်လိုင်း ဖြတ်တောက်ခံရကြောင်းသိရသည်။
“တယ်လီနောလိုင်းက အဖြတ်ခံရတယ်၊ ဘယ်ချိန်လောက်ပြန်ရမလဲမသိရဘူး၊ မနေ့ညကရသေးတယ်၊ ဒီနေ့မနက် ၈ နာရီလောက်ကနေမရတော့ဘူး ပြန်ပြီးအဖြတ်ခံရတယ် ဘယ်အချိန်လောက်ပြန်ဖွင့်မလဲ မသိဘူး သူတို့က ဖြတ်လိုက် ဖွင့်လိုက်နဲ့အဲ့လိုပဲလုပ်နေတာ တယ်လီနောလိုင်းက ပုံမမှန်ဘူး၊ အခုထိ လည်းပြန်မရသေးဘူး၊ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်းဖြတ် အဲ့မှာလည်း တနေကုန်ပဲ ဒီနေ့ဆို (၂) ကြိမ်ရှိပြီ” ဟု မတူပီမြို့ခံတစ်ဦးကပြောသည်။
မတူပီမြို့တွင် တယ်လီနော ဆက်သွယ်ရေးလိုင်းကို အဓိကထား အသုံးပြုကြရပြီး ဆက်သွယ်ရေးဖုန်း လိုင်းဖြတ် တောက်လိုက်ခြင်းကြောင့် တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ပြောဆိုရန် အခက်ခဲကြုံတွေ့နေရပြီး ယခုကဲသို့ဖြတ်တောက်ခြင်းမှာ ဘာအတွက်ကြောင့် ဖြတ်တောက်သည်ကိုလည်း မသိရနိုင်သေးကြောင်း ၎င်းကပြောသည်။
ယမန်နေ့ညတွင်လည်း မတူပီမြို့တွင် လျှပ်စစ်မီးဖြတ်တောက်ခဲ့ပြီး ယနေ့မနက် ၈နာရီခွဲ အချိန်တွင် ပြန်လည်လွတ်ပေးခဲ့ပေမယ့် မွန်းလွဲ ၁ နာရီ ခွဲအချိန်တွင် လျှပ်စစ်မီးလိုင်း ပြန်ဖြတ်တောက်လိုက် ကြောင်းသိရသည်။
မတူပီမြို့တွင် ယမန်နေ့ည (၉) နာရီအချိန်တွင် အာဏာသိမ်းစစ်ကောင်စီဖက်မှ စစ်ကား (၁၁) စီး၊ ဆိုင်ကယ် (၆) စီးဝန်းကျင့်ခန့် ဖြင့်ရောက်ရှိလာပြီး မည်သည့်ဖက်သို့ ဆက်သွားမည်ကိုမသိရှိနိုင်သလို ယနေ့မနက်တွင် ရဟတ်ယာဉ် (၁) စီးရောက်လာကာ မွန်းလွဲ ၁၂ နာရီအချိန် မင်းတပ်မြို့မှ ပြန်လ ည်ထွက်ခွာခဲ့ကြောင်းလည်းသိရသည်။