Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

0
By Editor on May 26, 2023 Headline

(03PT)

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်တွင် MPT ဆက်သွယ်ရေး တယ်လီဖုန်းလိုင်းကို စစ်ကောင်စီက ပြန်လည်ဖွင့်ပေးခဲ့သည်ဟု သိရသည်။

စစ်အုပ်ချုပ်ရေးကြေညာခံထားရသော မတူပီမြို့နယ်တွင် စစ်ကောင်စီက ဆက်သွယ်ရေးဖုန်းလိုင်းများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းကတည်းက ဖြတ်တောက်ခဲ့ခြင်းဖြစ်ပြီး ၄ လကျော်အကြာ မေလ ၂၀ ရက်နေ့တွင် MPT ဖုန်းလိုင်းတစ်ခုတည်းကိုသာ ပြန်လည်ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။

“MPT လိုင်းရတာ သုံးရက်ပဲရှိသေးတယ်။ ဟိုတစ်ခါတုန်းက MEC ရလိုက်၊ MPT ရလိုက်နဲ့ မနေ့ကတော့ MEC ပြန်ပိတ်တယ်။” ဟု မတူပီဒေသခံတစ်ဦးက ပြောသည်။

မတူပီမြို့နယ်တွင် ယခင်က MPT နှင့် Telenor(Atom) ဖုန်းလိုင်းကိုသာ အဓိကအသုံးပြုကြပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်လာသည့်နောက်ပိုင်းတွင် စစ်ကောင်စီက ဖုန်းလိုင်းအပါအဝင် ဖြတ်လေးဖြတ်နည်းဗျူဟာကို ကျင့်သုံးခဲ့သည်။

မိုဘိုင်းဖုန်းလိုင်းများ ဖြတ်တောက်ခံရပြီးနောက် ဒေသခံပြည်သူများက ကြိုးဖုန်းကို အဓိကအားထားနေခဲ့ကြရသော်လည်း စစ်ကောင်စီက ကြိုးဖုန်းကိုလည်း ထပ်မံဖြတ်ခဲ့သည့်အတွက် မတူပီမြို့ဒေသခံပြည်သူများသည် အကြီးအကျယ် ဒုက္ခကြုံခဲ့ကြရသည်။

ယခုလက်ရှိတွင်လည်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မတူပီမြို့နယ်သည် ချင်းပြည်နယ်တွင် ပျက်စီးဆုံးရှုံးမှုအများဆုံးဒေသဖြစ်ပြီး စစ်ကောင်စီကလည်း သဘာဝဘေးဒဏ်ကျဒေသအဖြစ် ကြေညာခဲ့သည်။

ထိုနောက် မတူပီမြို့ပေါ်တွင် စစ်ကောင်စီက ကူညီထောက်ပံ့မှုတချိူ့ပေးအပ်ခဲ့ပြီး MPT ဖုန်းလိုင်းကိုလည်း ပြန်လည်ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်မြို့နယ်ထဲ စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်၊ ကလေးငယ် အပါအဝင် ၃ ဦး သေဆုံး၊ ၁၀ ဦးခန့် ဒဏ်ရာရ

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင်း ပြည်သူများ၏ အိုးအိမ်၊ စည်းစိမ်များ လုံခြုံစွာကာကွယ်မပေးနိုင်သည့်အပေါ် CNO တောင်းပန်

CDF-Tonzang က စစ်သင်တန်းခေါ်ယူသည့်အတွက် လူငယ်အများအပြားတိမ်းရှောင်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.