Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့နယ်ထဲ စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်၊ ကလေးငယ် အပါအဝင် ၃ ဦး သေဆုံး၊ ၁၀ ဦးခန့် ဒဏ်ရာရ
ပုံစာ - မေလ ၉ ရက်နေ့က ဗုံးကြဲတိုက်ခိုက်မှု

မင်းတပ်မြို့နယ်ထဲ စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်၊ ကလေးငယ် အပါအဝင် ၃ ဦး သေဆုံး၊ ၁၀ ဦးခန့် ဒဏ်ရာရ

0
By Editor on May 15, 2025 Headline

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်ထဲက ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု မင်းတပ်ဒေသခံထံမှ သိရသည်။

ယနေ့ မေလ ၁၅ ရက် နံနက် ၉ နာရီ ၄၀ မိနစ်ခန့်က မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ် -၁ ထဲက ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့သက်သက်ဖြင့် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

“အမှတ် ၁ ဘက်မှာ ရှိတဲ့ ရွာကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကြားသိရပါတယ်။ သေဆုံးသူက ၃ ဦး၊ ၁၀ ဝန်းကျင်း ထိခိုက်ဒဏ်ရာရရှိတယ်။ လောလောဆယ်က အကုန်အတည်မပြုနိုင်သေးတော့ အသေးစိတ်ဖြေဖို့ အဆင်မပြေသေးပါဘူး” ဟု မင်းတပ်ဒေသခံက ပြောသည်။

သေဆုံးသူများမှာ ၆ တန်အရွယ် ကလေးငယ် ၁ ဦး၊ ကလေး၏ အမေဖြစ်သည့် အသက် ၃၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးနှင့် လူငယ်အမျိုးသား ၁ ဦးတို့ သေဆုံးခဲ့သည်ဟု သိရသည်။

ဗုံးဒဏ်ကြောင့် လူနေအိမ် ၁၀ လုံးကျော်လည်း ထိခိုက်ပျက်စီးခဲ့ပြီး တချို့အိမ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

မေလ ၉ ရက်ကလည်း မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ရာ အစိုးရ အဆောက် အဦးနှင့် ပြည်သူနေအိမ် စုစုပေါင်း ၁၅ လုံးခန့် ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု မင်းတပ်မြို့ ပအဖက ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် အပစ်ရပ်ထပ်မံ သက်တမ်းတိုးထားသော်လည်း မေလ ၆ ရက်မှ ၁၅ ရက်အတွင်း ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ ရှမ်းမြောက်၊ စစ်ကိုင်း၊ မန္တလေးနှင့် မကွေး တို့ကို နေ့စဉ်နီးပါးလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေရာ ပြည်သူ ၉၀ နီးပါး သေဆုံးခဲ့ရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေး-တမူးလမ်းပိုင်း တကျော့ပြန်တိုက်ပွဲကြောင့် အိန္ဒိယနယ်စပ်ဘက် စစ်ရှောင်ကြသောပြည်သူများ အကူအညီလိုအပ်နေ

မင်းတပ် လေကြောင်းတိုက်ခိုက်မှုမှာ ၁၀ နှစ်ဝန်းကျင် ကလေးငယ် ၃ ဦး သေဆုံး

ဟားခါးနှင့် တမူးမြို့နယ်က ချင်းတော်လှန်ရေးစခန်းများ လေကြောင်းတိုက်ခိုက်ခံရ၊ ရဲဘော် ၈ ဦးကျဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.