• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မတူပီမြို့နယ်တွင် စစ်ကောင်စီနှင့် CDF-Matupi တပ်တို့ တိုက်ပွဲထမ်မံဖြစ်ပွားနေ

မတူပီမြို့နယ်တွင် စစ်ကောင်စီနှင့် CDF-Matupi တပ်တို့ တိုက်ပွဲထမ်မံဖြစ်ပွားနေ

0
By Editor on January 4, 2022 Khonumthung

ချင်းပြည်နယ်၊ မတူပီမြို့နှင့် ၃၈ မိုင်ကွာဝေးသော မတူပီ- ပလက်ဝ လမ်းမပေါ်က ထယ်ဘွေး တပ်စခန်းတွင် ယနေ့မနက် ၉ နာရီကျော်ကနေစတင်ပြီး CDF-Matupi နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲထပ်မံဖြစ်ပွားနေသည်ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံတစ်ဦးကပြောသည်။

“ အခုလောလောဆယ် ၉း၄၂ မှာ ထိတွေ့မှုရှိနေတယ်။ သူတို့ဖက်ကနေလည်း လက်နက်ကြီးနဲ့ ပစ်နေ တဲ့ဟာရှိတယ်။ကျွန်တော်တို့လည်း သူတို့ကို ပြန်ပြီးတော့မှ တိုက်ခိုက်နေတဲ့ အနေအထားဖြစ်ပြီး နှစ်ဖက်တင်းမာမှုတွေရှိနေတယ်။ မတူပီ-ပလက်ဝလမ်းပေါ်က ထယ်ဘွေးတပ်စခန်းမှာပဲ။” ဟု CDF-Matupi ပြန်ကြားရေး တာဝန်ခံတစ်ဦးကပြောသည်။

ဇန်နဝါရီလ ၃ ရက်၊ (ယမန်နေ့) ခုနှစ်နာရီခွဲကလည်း မတူပီ- ပလက်ဝလမ်းမပေါ် ထယ်ဘွေးတပ်စခန်းကို CDF-Matupi တပ်ဖွဲ့တို့က ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

ယမန်နေ့က မတူပီ-ပလက်ဝလမ်းနှင့် မတူပီ-ဟားခါးလမ်း ၂ နေရာတို့တွင် CDF-Matupi နှင့် စစ် ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်းခဲ့ပြီး CDF-Matupi တပ်ဖွဲ့ရဲဘော် တစ်ဦး မိုင်းဒဏ်ရာရရှိသော်လည်း မစိုးရိမ်ရကြောင်းသိရသည်။

ထို့အပြင် ယမန်နေ့ညနေ ၅ နာရီခွဲအချိန်တွင်လည်း မတူပီ- ဟာခါးလမ်းမပေါ်က ဖနိုင်ရွာ နှင့် ငလိုက်ရွာကြား အင်အားအလုံးအရင်းနှင့် ချီတက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ထပ်မံ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ CDF-Matupi က စစ်ကောင်စီတပ်သား နှစ်ဦးကို လက်ရဖမ်းဆီးမိကြောင်းလည်းသိ ရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လက်နက်ကြီးကြောင့် ၃ နှစ်ရွယ်ကလေးငယ်တစ်ဦးအပါအဝင် လူ ၄ ဦးဒဏ်ရာရ

ချင်း-လူရှိုင်း-ကူကီးမျိူးနွယ်များ အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည်စုစည်းနေထိုင်ရေး ဆောင်ရွက်မည်ဟုဆို

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.