Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့နယ်တွင် စစ်ကောင်စီကသတ်ဖြတ်ထားသည့် အရပ်သားပြည်သူအလောင်း ၁၀ လောင်းတွေ့ရှိ

မတူပီမြို့နယ်တွင် စစ်ကောင်စီကသတ်ဖြတ်ထားသည့် အရပ်သားပြည်သူအလောင်း ၁၀ လောင်းတွေ့ရှိ

0
By Editor on January 10, 2022 Headline

ချင်းပြည်နယ် မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သားပြည်သူ ၁၁ ဦးအနက် ရုပ်အလောင်း ၁၀ လောင်းတွေ့ရှိထားပြီဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံကိုနွေဦးလင်းကပြောသည်။

“ညနေ ၅ နာရီထိလောက်က ၅ လောင်းပဲတွေ့သေးတယ်ပေါ့နော် အခု ၅ လောင်းထပ်တွေ့တယ်ဆိုတော့ စုစုပေါင်း ၁၀ လောင်းတွေ့ရှိထားပါပြီ” ဟု ကိုနွေဦးလင်းကပြောသည်။

မတူပီ-ဟားခါးလမ်းပေါ်က ကီလှုန်းနှင့် လုံလှော ကျေးရွာအကြားတွင် ဇန်နဝါရီလ ၆ ရက် နေ့နှင့် ၇ ရက်နေ့က ခရီး သွားအရပ်သားပြည်သူ ၁၁ ဦးကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ကဖမ်းဆီးကာ ရှေ့တန်း စစ် မြေပြင်တွင် ခေါ်ဆောင်ပြီး လူသားဒိုင်းအဖြစ်အသုံးပြုပြီးနောက်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက သတ်ဖြတ်ထားသည့် အဆိုပါပြည်သူ ၁၀ ဦးထဲမှာ အသက် ၁၃ နှစ်အရွယ်ကလေးငယ်တစ်ဦးလည်းပါဝင် သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.