• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်ကို CDF-Matupi က ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံး

မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်ကို CDF-Matupi က ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံး

0
By Editor on March 23, 2023 Headline

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ် မတူပီ-ပလက်ဝ လမ်းမပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို CDF-Matupi တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခလရ (၃၀၄) မှ ကား (၃) စီးအပါအဝင် တပ်အင်အား (၈၀) ခန့်သည် မတ်လ ၂၀ ရက်နေ့က မတူပီ- ပလက်ဝလမ်းပေါ်ရှိ ထယ်ဘွေးစခန်းသို့ တပ်အင်အားနှင့် စားနပ်ရိက္ခာများ ဖြည့်ရန် သွားနေစဉ် CDF-Matupi တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု CDF-Matupi တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကို အာရွန် ပြောသည်။

“စုစုပေါင်းတိုက်ပွဲက ၄ ကြိမ်ဖြစ်တယ်။ အဲ့ထဲမှာ ၁၂ ယောက်လောက် စကစဘက်က ကျတယ်။ ကျွန်တော်တို့ဘက် ရဲဘော်တွေကတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူး၊ တိုက်ပွဲက ဆက်လက်ပြင်းထန်လာနိုင်သေးတယ်။ ထယ်ဘွေးစခန်း မရောက်မချင်းပေါ့။” ဟု CDF-Matupi တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအာရွန်က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Matupi တပ်ဖွဲ့တို့သည် မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီတွင် မတူပီ-ပလက်ဝလမ်း ခြောက်မိုင်၌တကြိမ်၊ ညနေ ၁ နာရီတွင် ခုနှစ်မိုင်နှင့် ရှစ်မိုင်ကြားမှာ တကြိမ် ထိတွေ့မှုဖြစ်ပွားခဲ့ရာ ယင်းနေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ဆက်လက်ပြီး မတ်လ ၂၁ ရက်နေ့ မနက်ပိုင်းတွင်လည်း မတူပီ-ပလက်ဝလမ်းကြား ကိုးမိုင်နှင့် တွီရှစ်ရွာအဝင်တွင် တိုက်ပွဲနှစ်ကြိမ် ထပ်မံဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရှိခဲ့သည်ဟု CDF-Matupi က ထုတ်ပြန်သည်။

မတူပီ-ဟားခါးလမ်းတွင် တပ်ချထားသည့် ဗျူဟာတပ်စခန်းမှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ဝလီပီကျေးရွာတွင် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲကာ ပြည်သူများ အထိအခိုက်မရှိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေး  အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေဟုဆို

ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာမရနိုင်၍ သေဆုံးမှုများရှိလာ

ချင်းပြည်သူများ ဘယ်နိုင်ငံပဲရောက်ရောက် တော်လှန်ရေးနှင့် ချင်းစိတ်ဓါတ်ကို မမေ့ကြရန် ဒေါက်တာ ဆာဆာ ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

September 21, 2023

ချင်းပြည်နယ်က စိုးရိမ်ဖွယ်ရာ တကျော့ပြန် ငှက်ဖျားရောဂါ

September 13, 2023

တူမီးကို “ထီ” အဖြစ်ပြောင်းလဲပြီး နွေဦးတော်လှန်ရေးကို အားဖြည့်ပါဝင်ခဲ့သူ (သို့) ချင်းတော်လှန်ရေးလူငယ်…

September 9, 2023

ကျန်းမာရေး အကာအကွယ် မဲ့နေဆဲ တောင်ဇလပ်မြေ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.