• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မိသားစုဝင်များ မီဇိုရမ်ပြည်နယ်တွင် နိုင်ငံရေးခိုလှုံခွင့်ရရန် ချင်းအမျိုးသားတပ်ဦး (CNF) တောင်းခံ

မိသားစုဝင်များ မီဇိုရမ်ပြည်နယ်တွင် နိုင်ငံရေးခိုလှုံခွင့်ရရန် ချင်းအမျိုးသားတပ်ဦး (CNF) တောင်းခံ

0
By Editor on February 11, 2021 Headline

#Unicode

မြန််မာ့တပ်မတော်မှ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းအမျိုးသားတပ်ဦး (CNF) က ၎င်းတို့ ၏မိသားစုဝင်များကို အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်တွင် နိုင်ငံရေးခိုလှုံခွင့်ရရှိနိုင်ရန်အတွက် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က တရားဝင်တောင်းဆိုလိုက်သည်ဟု အိန္ဒိယအခြေစိုက်သတင်းဌာများ၏ဖော်ပြချက်အရသိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက လက်ရှိနိုင်ငံရေးအခြေ အနေကြောင့် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ယခုကဲ့သို့တောင်းခံရခြင်းဖြစ်သည် ဟု ခိုနူမ်းသုန်ကိုပြောသည်။

“ ယာယီနေထိုင်ခွင့်အတွက် ဒေသအစိုးရကို မေတ္တာရပ်ခံတာပါ၊ မိသားစု လေး၊ ငါးဆယ် အတွက်ပေါ့၊ စစ်တပ်က အာဏာ ရယူပြီးနောက်ပိုင်း မိုးမပြို ပြိုခဲ့သော်ဆိုတဲ့သဘောပါ၊ တခုခုဖြစ်မိခဲ့ရင် အဓိက ထိခိုက်လာနိ်ုင်မည့် မိသားစုကလေးငယ်တွေ အတွက်ကြိုတင်ပြင်ဆင်ထားတာပါ၊ ပြီးတော့ ယခုနိုင်ငံရေးအကြပ်အတည်းကြောင့် ပြည်သူတွေလည်း တိမ်းရှော င်လာနိ်ုင်တယ်လေ ဒါတွေအတွက်လည်း ကြိုတင်ပြင်ဆင်တားတဲ့သဘောပါ” ဆလိုင်းထက်နီ ကပြောသည်။

ချင်းအမျိုးသားတပ်ဦး CNF သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချူပ် NCA ကို လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယခုလက်ရှိတွင် ၎င်းတို့၏ ဝိတိုရိယဌာနချူပ်သည် ချင်း ပြည်နယ် ထန်တလန်မြို့နယ်တွင်ရှိသည်။

“ ဒါက လက်နက်ကိ်ုင် အဖွဲ့အစည်းတွေအနေနဲ့ မလွှဲသာမရှောင်သာ လုပ်ရမှာပဲလေ၊ တိ်ုက်ပွဲဖြစ်မလားမဖြစ်မလားဆိုတာ က NCA အရ နှစ်ဖက် ဆက်ဆံမှုယုံကြည်မှုအပေါ်မှာမူတည်တယ်’’ ဟု CNF ပြောရေးဆိုခွင့်ရှိသူကပြောသည်။

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် အုပ်ချူပ်ရေးမှူးကလည်း ပြီးခဲ့သည့်အင်္ဂါနေ့ ကတည်းက မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုကြောင့် ဒုက္ခသည်များ အစုလိုက်အပြုံလိုက်ဝင်ရောက်လာနိုင်ခြင်းနှင့် ပတ်သက်၍ ကြိုတင်သတိပေးထားပြီးဖြစ်သလို မြန်မာနိုင်ငံမှ နယ်စပ်ဖြတ် ကျော်ဝင်ရောက်လာသည့် မည်သည့်ဒုက္ခသ ည်မဆို မိမိတို့ကျေးရွာအတွင်းရောက်ရှိလာပါက ခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့ အကြောင်းကြားရန် ညွှန်ကြားထားခဲ့ပြီး ဖြစ်သည်။

မီဇိုရမ်ပြည်နယ်ရှိ အင်အားကောင်းသည့်ကျောင်းသားအဖွဲ့အစည်းဖြစ်သော မီဇိုးကျောင်းသားသမဂ္ဂ(MZP) ကလည်း မြန်မာနိုင်ငံတွင် တပ်မတော်မှ စစ်အာဏာသိမ်းယူသည့်အပေါ် ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြည်နယ်၏မြို့တော် အိုင်ဇောလ်မြို့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြပြီးဖြစ်သည်။

ယင်းဆန္ဒဖော်ထုတ်မှုတွင် မီဇိုရမ်ပြည်နယ်အတွင်း လက်ရှိအနိုင်ရပါတီအပါအဝင် အတိုက်အခံနိုင်ငံရေးပါတီများမှ ခေါင်းဆောင်များလည်းတက်ရောက်ခဲ့ကြပြီး တပ်မတော်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် နိုင်ငံရေး အခြေအနေမတည်ငြိမ်မှုကြောင့် လုံခြုံရေးအခြေအနေအရ မြန်မာနိုင်ငံသားများ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်း ရှောင်လာကြပါက ကောင်းမွန်စွာကြိုဆိုလက်ခံသွားရန် ပြောဆိုခဲ့ကြသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကာလကတုန်းကလည်း မြန်မာနိုင်ငံမှ တက္ကသိုလ်ကျောင်းသားများ၊ နိုင်ငံရေးပါတီမှ ခေါင်းဆောင်များအပါအဝင် မြန်မာနိုင်ငံသားမြောက်အများ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးခိုလုံခဲ့ကြရသည်။

#Zawgyi

ျမန္္မာ့တပ္မေတာ္မွ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ခ်င္းအမ်ိဳးသားတပ္ဦး (CNF) က ၎တို႔ ၏မိသားစုဝင္မ်ားကို အိႏိၵယႏိုင္ငံ အေရွ႕ေျမာက္ေဒသ မီဇိုရမ္ျပည္နယ္တြင္ နိုင္ငံေရးခိုလံႈခြင့္ရရွိနိုင္ရန္အတြက္ ၿပီးခဲ့သည့္ ဗုဒၶဟူးေန႔က တရားဝင္ေတာင္းဆိုလိုက္သည္ဟု အိႏိၵယအေျခစိုက္သတင္းဌာမ်ား၏ေဖာ္ျပခ်က္အရသိရသည္။

ယင္းကိစၥႏွင့္ပတ္သက္၍ ခ်င္းအမ်ဳိးသားတပ္ဦး (CNF) ေျပာေရးဆိုခြင့္ရွိသူ ဆလိုင္းထက္နီက လက္ရွိႏိုင္ငံေရးအေျခ အေနေၾကာင့္ ႀကိဳတင္ျပင္ဆင္သည့္အေနျဖင့္ ယခုကဲ့သို႔ေတာင္းခံရျခင္းျဖစ္သည္ ဟု ခိုႏူမ္းသုန္ကိုေျပာသည္။

“ ယာယီေနထိုင္ခြင့္အတြက္ ေဒသအစိုးရကို ေမတၱာရပ္ခံတာပါ၊ မိသားစု ေလး၊ ငါးဆယ္ အတြက္ေပါ့၊ စစ္တပ္က အာဏာ ရယူၿပီးေနာက္ပိုင္း မိုးမၿပိဳ ၿပိဳခဲ့ေသာ္ဆိုတဲ့သေဘာပါ၊ တခုခုျဖစ္မိခဲ့ရင္ အဓိက ထိခိုက္လာႏိ္ုင္မည့္ မိသားစုကေလးငယ္ေတြ အတြက္ႀကိဳတင္ျပင္ဆင္ထားတာပါ၊ ၿပီးေတာ့ ယခုႏိုင္ငံေရးအၾကပ္အတည္းေၾကာင့္ ျပည္သူေတြလည္း တိမ္းေရွာ င္လာႏိ္ုင္တယ္ေလ ဒါေတြအတြက္လည္း ႀကိဳတင္ျပင္ဆင္တားတဲ့သေဘာပါ” ဆလိုင္းထက္နီ ကေျပာသည္။

ခ်င္းအမ်ဳိးသားတပ္ဦး CNF သည္ တစ္ႏိုင္ငံလံုးပစ္ခတ္တိုက္ခတ္မႈရပ္စဲေရးသေဘာတူစာခ်ဴပ္ NCA ကို လက္မွတ္ေရးထိုး ထားသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းတစ္ခုျဖစ္ၿပီး ယခုလက္ရွိတြင္ ၎တို႔၏ ဝိတိုရိယဌာနခ်ဴပ္သည္ ခ်င္း ျပည္နယ္ ထန္တလန္ၿမိဳ႕နယ္တြင္ရွိသည္။

“ ဒါက လက္နက္ကိ္ုင္ အဖြဲ႔အစည္းေတြအေနနဲ႔ မလႊဲသာမေရွာင္သာ လုပ္ရမွာပဲေလ၊ တိ္ုက္ပြဲျဖစ္မလားမျဖစ္မလားဆိုတာ က NCA အရ ႏွစ္ဖက္ ဆက္ဆံမႈယံုၾကည္မႈအေပၚမွာမူတည္တယ္’’ ဟု CNF ေျပာေရးဆိုခြင့္ရွိသူကေျပာသည္။

ခ်င္းျပည္နယ္ႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနေသာ မီဇိုရမ္ျပည္နယ္ က်န္ဖိုင္းခ႐ိုင္ အုပ္ခ်ဴပ္ေရးမွဴးကလည္း ၿပီးခဲ့သည့္အဂၤါေန႔ ကတည္းက ျမန္မာနိုင္ငံတြင္ စစ္တပ္အာဏာသိမ္းမွုေၾကာင့္ ဒုကၡသည္မ်ား အစုလိုက္အျပဳံလိုက္ဝင္ေရာက္လာနိုင္ျခင္းႏွင့္ ပတ္သက္၍ ႀကိဳတင္သတိေပးထားၿပီးျဖစ္သလို ျမန္မာနိုင္ငံမွ နယ္စပ္ျဖတ္ ေက်ာ္ဝင္ေရာက္လာသည့္ မည္သည့္ဒုကၡသ ည္မဆို မိမိတို႔ေက်းရြာအတြင္းေရာက္ရွိလာပါက ခရိုင္အုပ္ခ်ဳပ္ေရးမွဴး႐ုံးသို့ အေၾကာင္းၾကားရန္ ညႊန္ၾကားထားခဲ့ၿပီး ျဖစ္သည္။

မီဇိုရမ္ျပည္နယ္ရွိ အင္အားေကာင္းသည့္ေက်ာင္းသားအဖြဲ႔အစည္းျဖစ္ေသာ မီဇိုးေက်ာင္းသားသမဂၢ(MZP) ကလည္း ျမန္မာႏိုင္ငံတြင္ တပ္မေတာ္မွ စစ္အာဏာသိမ္းယူသည့္အေပၚ ဆန္႔က်င္ကန္႔ကြက္သည့္အေနျဖင့္ ေဖေဖာ္ဝါရီလ ၃ ရက္ေန႔က ျပည္နယ္၏ၿမိဳ႕ေတာ္ အိုင္ေဇာလ္ၿမိဳ႕တြင္ ဆႏၵေဖာ္ထုတ္ခဲ့ၾကၿပီးျဖစ္သည္။

ယင္းဆႏၵေဖာ္ထုတ္မႈတြင္ မီဇိုရမ္ျပည္နယ္အတြင္း လက္ရွိအႏိုင္ရပါတီအပါအ၀င္ အတိုက္အခံႏိုင္ငံေရးပါတီမ်ားမွ ေခါင္းေဆာင္မ်ားလည္းတက္ေရာက္ခဲ့ၾကၿပီး တပ္မေတာ္အာဏာသိမ္းမႈကို ဆန္႔က်င္ကန္႔ကြက္ေၾကာင္းႏွင့္ ႏိုင္ငံေရး အေျခအေနမတည္ၿငိမ္မႈေၾကာင့္ လံုျခံဳေရးအေျခအေနအရ ျမန္မာႏိုင္ငံသားမ်ား မီဇိုရမ္ျပည္နယ္သို႔ ထြက္ေျပးတိမ္း ေရွာင္လာၾကပါက ေကာင္းမြန္စြာႀကိဳဆိုလက္ခံသြားရန္ ေျပာဆိုခဲ့ၾကသည္။

၁၉၈၈ ခုႏွစ္ ဒီမိုကေရစီအေရးေတာ္ပံုကာလကတုန္းကလည္း ျမန္မာႏိုင္ငံမွ တကၠသိုလ္ေက်ာင္းသားမ်ား၊ ႏိုင္ငံေရးပါတီမွ ေခါင္းေဆာင္မ်ားအပါအ၀င္ ျမန္မာႏိုင္ငံသားေျမာက္အမ်ား မီဇိုရမ္ျပည္နယ္သို႔ ထြက္ေျပးခိုလံုခဲ့ၾကရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

January 13, 2023

“ဗုံးကြဲလေယာဉ်လာတဲ့အတွက် ပိုပြီးတော့ကြောက်ဖို့လည်းမလိုပါဘူး၊ စစ်ရေးမှာ ဘယ်လိုတုန့်ပြန်မလဲဆိုတာက နည်းနာတွေအများကြီးရှိပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.