#Unicode
By ရစ်ချက် – ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၇၉) ဦးရှိနေသေးသည်ဟု သိရသည်။
မီဇိုရမ် တစ်ပြည်နယ်လုံးတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၃၈ ဦးရှိခဲ့သည့်အနက် ၁၅၉ ဦးသည် ရောဂါပျောက်ကင်းသည့်အတွက် ဆေးရုံမှ အသီးသီးဆင်းသွားကြပြီး ပိုးတွေ့လူနာ ၇၉ ရှိနေဆဲဟု မီဇိုရမ်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန(DIPR) တွင်ဖော်ပြထားသည်။
ကိုဗစ်-၁၉ ဂယက်ကြောင့် အိန္ဒိယနိုင်ငံ မြို့နယ်အသီးသီးတွင်သောင်တင်နေကြသည့် မီဇိုရမ်ပြည်နယ်သားများ အစုလိုက်အပြုံလိုက် နေရပ်ပြန်လာကြသည့်နောက်ပိုင်း ဇွန်လ (၁) ရက်နေ့ကစ၍ မီဇိုရမ်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု ပိုမိုများပြားလာခဲ့ခြင်းဖြစ်သည်။
မီဇိုရမ်ပြည်နယ်တွင် ပြီးခဲ့သည့် မတ်လ ကုန်ပိုင်းက နယ်သာလန်နိုင်ငံမှ ပြန်လာသည့် ခရစ်ယာန်ပါစတာတစ်ဦးထံ ကိုဗစ်-၁၉ ရောဂါပိုးပထမဦးဆုံးတွေ့ရှိကြပြီး ထိုသူမှာလည်း ရောဂါပျောက်ကင်းကာ ဆေးရုံမှဆင်းသွားပြီးဖြစ်သည်။ သို့သော်လည် ပြည်တော်ပြန်များ ပြန်လည်လက်ခံသည့်နောက်ပိုင်းတွင် ရောဂါပိုးတွေ့ရှိမှု မြင့်တက်လာခြင်းဖြစ်သည်။
#Unicode
By ရစ္ခ်က္ – ခ်င္းျပည္နယ္ႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနသည့္ အိႏၵိယနိုင္ငံ မီဇိုရမ္ျပည္နယ္တြင္ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕လူနာ (၇၉) ဦးရွိေနေသးသည္ဟု သိရသည္။
မီဇိုရမ္ တစ္ျပည္နယ္လုံးတြင္ ကိုဗစ္-၁၉ ပိုးေတြ႕လူနာ ၂၃၈ ဦးရွိခဲ့သည့္အနက္ ၁၅၉ ဦးသည္ ေရာဂါေပ်ာက္ကင္းသည့္အတြက္ ေဆး႐ုံမွ အသီးသီးဆင္းသြားၾကၿပီး ပိုးေတြ႕လူနာ ၇၉ ရွိေနဆဲဟု မီဇိုရမ္ျပည္နယ္ ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးဌာန(DIPR) တြင္ေဖာ္ျပထားသည္။
ကိုဗစ္-၁၉ ဂယက္ေၾကာင့္ အိႏၵိယနိုင္ငံ ၿမိဳ႕နယ္အသီးသီးတြင္ေသာင္တင္ေနၾကသည့္ မီဇိုရမ္ျပည္နယ္သားမ်ား အစုလိုက္အျပဳံလိုက္ ေနရပ္ျပန္လာၾကသည့္ေနာက္ပိုင္း ဇြန္လ (၁) ရက္ေန႔ကစ၍ မီဇိုရမ္ျပည္နယ္တြင္ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိမႈ ပိုမိုမ်ားျပားလာခဲ့ျခင္းျဖစ္သည္။
မီဇိုရမ္ျပည္နယ္တြင္ ၿပီးခဲ့သည့္ မတ္လ ကုန္ပိုင္းက နယ္သာလန္နိုင္ငံမွ ျပန္လာသည့္ ခရစ္ယာန္ပါစတာတစ္ဦးထံ ကိုဗစ္-၁၉ ေရာဂါပိုးပထမဦးဆုံးေတြ႕ရွိၾကၿပီး ထိုသူမွာလည္း ေရာဂါေပ်ာက္ကင္းကာ ေဆး႐ုံမွဆင္းသြားၿပီးျဖစ္သည္။ သို႔ေသာ္လည္ ျပည္ေတာ္ျပန္မ်ား ျပန္လည္လက္ခံသည့္ေနာက္ပိုင္းတြင္ ေရာဂါပိုးေတြ႕ရွိမႈ ျမင့္တက္လာျခင္းျဖစ္သည္။