• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မီဇိုရမ်-ကလေးမြို့ ဘစ်ကားပြေးဆွဲနိုင်ရေး အကောင်ထည်ဖော်ဆောင်ရန် အိန္ဒိယဗဟိုအစိုးရကိုတောင်းဆို

မီဇိုရမ်-ကလေးမြို့ ဘစ်ကားပြေးဆွဲနိုင်ရေး အကောင်ထည်ဖော်ဆောင်ရန် အိန္ဒိယဗဟိုအစိုးရကိုတောင်းဆို

0
By Editor on February 6, 2019 Headline

By မိုးကျော် – အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းမြို့မှတဆင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့အထိ ဘစ်ကားပြေးဆွဲနိုင်ရေး အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ပေးရန် မီဇိုရမ်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး TJ Lalnuntluanga က အိန္ဒိယဗဟိုအစိုးရအဖွဲ့ထံသို့ တင်ပြတောင်းဆိုခဲ့ကြောင်းသိရသည်။

နယူးဒေလီမြို့ကိုရောက်ရှိနေသော လမ်းပန်းဆက်သွယ်ရေးဝန်ကြီး TJ Lalnuntluanga သည် အိန္ဒိယနိုင်ငံ External Affairs minister Sushma Swaraj နှင့် ဖေဖော်ဝါရီ (၄) ရက်နေ့က တွေ့ဆုံခဲ့ရာတွင် ယင်းကဲ့သို့ တင်ပြတောင်းဆိုခဲ့ ခြင်းဖြစ်ကြောင်း မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။

အိန္ဒိယ External Affairs minister Sushma Swaraj က ကျန်ဖိုင်းနှင့် ကလေးမြို့အကြား ဘစ်ကားပြေးဆွဲခြင်းသည် နှစ်နိုင်ငံအကြား ဆက်သွယ်မူကောင်းမွန်ရန် အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း၊ အမြန်ဆုံးအကောင်ထည်ဖော်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံအစိုးရ တာဝန်ရှိသူများအား အမြန်ဆုံးဆက်သွယ်သွားမယ်ဟု ပြောဆိုခဲ့ကြောင်း မီဇိုရမ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြောဆိုပါသည်။

ထို့အပြင် မီဇိုရမ်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ် ဇိုးခေါထားတွင် International Facilitation Center တည်ဆောက်ရန်လိုအပ်ကြောင်းနှင့် ယင်းအတွက်လိုအပ်သော ငွေရေးကြေးများကိုလည်း Sushma Swaraj ထံ တင်ပြတောင်းဆိုခဲ့ပြီး Sushma Swaraj ကလည်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတတ်နိုင်ဆုံး လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

ဖလမ်း-ဟားခါးကြားတွင် ပျောက်ဆုံးသွားသူနှစ်ဦး၏ မီးရှို့ခံထားရသော အလောင်းတွေ့ရှိ

ဟားခါးမြို့ပေါ်တွင် ဓားပြတိုက်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦးဓားထိုးခံရ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.