Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မီဇိုရမ်ပြည်နယ်တွင် ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာ NGOs များ ဝင်ရောက်ခွင့်ပြုပြီး မြန်မာစစ်ဘေးရှောင်များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရန် CAM တောင်းဆို

မီဇိုရမ်ပြည်နယ်တွင် ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာ NGOs များ ဝင်ရောက်ခွင့်ပြုပြီး မြန်မာစစ်ဘေးရှောင်များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရန် CAM တောင်းဆို

0
By Editor on May 18, 2024 Headline

မြန်မာနိုင်ငံက စစ်ဘေးရှောင် ၃ သောင်းကျော်နေထိုင်ကြသော အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာ NGOs များ ဝင်ရောက်ခွင့်ပြုပြီး ဒေသခံများနှင့် မြန်မာစစ်ဘေးရှောင်များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရန် အမေရိကန်အခြေစိုက် Chin Association of Maryland (CAM) က တောင်းဆိုလိုက်သည်။

Chin Association of Maryland (CAM) အမှုဆောင်ဒါရိုက်တာ Pu Zo Tum Hmung သည် ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေမှ ၂၃ ရက်နေ့အထိ မီဇိုရမ်ပြည်နယ်သို့ မြေပြင်အခြေအနေများ သွားရောက်ကွင်းဆင်းလေ့လာခဲ့ပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်များကို မေလ ၁၆ ရက်နေ့က အမေရိကန်အစိုးရထံ တင်ပြခဲ့သည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ်တွင် ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာ NGOs အဖွဲ့အစည်းများ တရားဝင်ရောက်ရှိခွင့်ပြုရန် နှင့် အိန္ဒိယ-မြန်မာနယ်စပ်ကတဆင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းက စစ်ဘေးရှောင်ပြည်သူများအား တိုက် ရိုက်အကူအညီများပေးအပ်ရန်လိုအပ်သည်ဟု CAM ကဆိုသည်။

အိန္ဒိယဗဟိုအစိုးရအနေဖြင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး( UNHCR) ရုံးများကိုလည်း မီဇိုရမ်ပြည် နယ်တွင် ပွင့်လင်းလွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်ခွင့်ပြုသင့်သည်ဟု ဆိုသည်။

ထို့အပြင် မြန်မာစစ်ဘေးရှောင်များအား ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနေသော မီဇိုရမ်ပြည်နယ်က မီဇိုးလူငယ်အသင်း (CYMA) ကဲ့သို့သော ဒေသဆိုင်ရာ NGOs အတွက် နည်းပညာပိုင်းဆိုင်ရာများကိုလည်း အမေရိကန်အစိုးရအနေဖြင့် ကူညီပံ့ပိုးပေးသင့်သည်ဟု CAM ကအကြံပြုထားသည်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တွင် ရုံးစိုက်သော Chin Association of Maryland (CAM) သည် မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်နှင့် လူအခွင့်အရေးဆိုင်ရာလွတ်လပ်ခွင့်အတွက် အမေရိကန် အစိုးရထံ စည်းရုံးလှုံဆော်အရေးဆို (Advocacy) ဆောင်ရွက်နေသောအဖွဲ့ဖြစ်သည်။

မြန်မာ့နွေဦးတော်လှန်ရေးတွင်လည်း စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တော်လှန်နေကြသော NUG အစိုးရ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား အမေရိကန်အစိုးရအနေဖြင့် ကူညီထောက်ပံ့မှုများ ပေးအပ်ရန် အစဉ်တစိုက်စည်း ရုံးလှုံဆော်နေသည့်အဖွဲ့အစည်းလည်းဖြစ်သည်။

Pu Zo Tum Hmung ၏ မီဇိုရမ်ပြည်နယ် ခရီးစဉ်တွင် မီဇိုရမ်ပြည်နဝန်ကြီးချုပ်အပါအဝင် ဒေသတွင်း ဩဇာကြီး မားသော အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထို့အပြင် စစ်ဘေးရှောင်များ၏အခြေအနေနှင့် အမေရိကန်အစိုးရက NDAA ဟုခေါ်သော အမေရိကန် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်ဆိုင်ရာအက်ဥပဒေပါ Burma Act အရ မြန်မာ့အရေးအတွက် ဒေါ်လာ ၁၂၁ သန်း အကူအညီပေးမည့်အထဲပါဝင်သော ထိုင်း-အိန္ဒိယနယ်စပ်က လူသားချင်းစာနာထောက်မှုအကူအညီအတွက် ဒေါ်လာ ၇၅ သန်း အမေရိကန်အစိုးရက လျာထားချက်များကိုလည်း ရှင်းလင်းပြောဆိုခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများထံလက်နက်ပါရှိသဖြင့် တီးတိန်မြို့နယ်ဒေသအချို့တွင် သွားလာခြင်းမပြုကြရန် PDF-Zoland အရေးပေါ် သတိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.