• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မီဇိုရမ်ပြည်နယ်ရှိ Benjamin Sum ပရိတ်သတ်များက မြန်မာစစ်ဘေးရှောင်တွေကို လှူဒါန်း

မီဇိုရမ်ပြည်နယ်ရှိ Benjamin Sum ပရိတ်သတ်များက မြန်မာစစ်ဘေးရှောင်တွေကို လှူဒါန်း

0
By Editor on October 8, 2021 Headline

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်းရှိ Benjamin Sum ပရိတ်သတ် Summer များက မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များအတွက် လိုအပ်တဲ့ပစ္စည်းများအပြင် ရူပီးငွေ ၁၂၀၀၀ ကို မီဇိုရမ်ပြည်နယ်ရှိ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ Myanmar Refugee Relief Committee (MRRC) ထံ လှူဒါန်းခဲ့သည်။

Benjamin Sum အပါအဝင် သူ့ချစ်ပရိတ်သတ် Summer များနဲ့အတူ ပေးလှူခဲ့သော အဝတ်အထည် ၁၂၂ အိတ်၊ mask နှစ်ထောင်၊ မိန်းကလေးအသုံးဆောင်ပစ္စည်း ၂ ဖာနှင့် ရူပီး ၁၂၀၀၀ ကို Myanmar Refugee Relief Committee (MRRC) ထံ အောက်တိုဘာ ၇ ရက်နေ့က ပေးလှူခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ယခုလို Summer များရဲ့ ပေးလှူခဲ့သောပစ္စည်းများကို မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးရှောင်ပြည်သူများထံ လိုအပ်သလို ပြန်လည်ဖြန့်ဝေသွားမယ်လို့ Myanmar Refugee Relief Committee (MRRC) ဥက္ကဌ Vanlalchhana (Vantea) က ခုလိုပြောပါတယ်။

“အခု Summer တွေ ပေးလှူခဲ့တဲ့ပစ္စည်းအပြင်၊ အခြားသူများကလည်း ပေးလှူထားတဲ့ပစ္စည်းတွေရှိတယ်။ အဲဒါတွေကို မီဇိုရမ်ပြည်နယ် အသီးသီးမှာရောက်ရှိနေကြတဲ့ စစ်ဘေးရှောင်များထံ လိုအပ်သလို ပြန်လည်ဖြန့်ဝေမှာဖြစ်တယ်။” လို့ ပြောသည်။

Myanmar Idol ကြယ်ပွင့် နာမည်ကျော်အဆိုတော့ Benjamin Sum သည် လက်ရှိတွင် မီဇိုရမ်ပြည်နယ်တွင်ရှိနေပြီး အဖက်ဖက်မှ ရန်ပုံငွေများရှာဖွေကာ ပြည်တွင်း၊ ပြည်ပ စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနေသော အနုပညာရှင်တစ်ဦးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ဦးစီးအရာရှိအဆင့် ဝန်ထမ်း ၂ ဦး ဖမ်းဆီးခံရ

စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် မင်းတပ်မြို့နယ်က ကလေးငယ်တစ်ဦး ခြေတဖက်ပြတ်သွား

မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.