မီဇိုရမ်ပြည်နယ် ရှီဟာခရိုင် တွီပန်းကျေးရွာက စစ်ဘေးရှောင်စခန်းတွင် မတ်လ ၁၆ ရက်နေ့က ကြားကာလအခြေခံပညာ အထက်တန်းကျောင်းဖွင့်လှစ်ခဲ့ကြသည်ဟု သိရသည်။
ယင်းကျောင်းဖွင့်ပွဲအခမ်းအနားကို မတူပီမြို့နယ်ပညာရေးဘုတ်အဖွဲ့နှင့် Matupi Chin Refugee Community တို့မှဦး ဆောင်ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
တွီးပန်းကျေးရွာစစ်ဘေးရှောင်စခန်း အခြေခံပညာရေးအထက်တန်းကျောင်းတွင် Kg တန်းမှ Grade 10 အထိရှိပြီး ကျောင်းသားကျောင်းသူ ၇၀ ကျော်နှင့် ကျောင်းဆရာ၊ ဆရာမ ၇ ဦးရှိသည် မတူပီမြို့နယ်ပညာရေးဘုတ်အဖွဲ့ထံမှ သိရသည်။
မတူပီမြို့နယ် ပညာရေးဘုတ်အဖွဲ့အနေဖြင့် မီဇိုရမ်ပြည်နယ်အတွင်းရှိ အိုင်ဇောလ်၊ လုံးလဲ၊ လောင်တလိုင်နှင့် ရှီဟာ စသော ခရိုင် ၄ ခုအတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ကျောင်းပေါင်း ၄၀ ကျော်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသားကျောင်းသူ တစ်ထောင်ကျော် သင်ကြားပေးလျက်ရှိသည်ဟု သိရသည်။
အလားတူ ချင်းပြည်နယ် မတူပီမြို့နယ်အတွင်း ကျောင်းပေါင်း တစ်ရာကျော်ဖွင့်လှစ်နိုင်ပြီး ကျောင်းသားကျောင်းသူ ၉ ထောင်ကျော်ခန့်ရှိသည်ဟု သိရသည်။
ယခုလက်ရှိအနေအထားတွင် ကျောင်းသားကျောင်းသူများအတွက် ကျောင်းသင်ထောက်ကူပစ္စည်းများလိုအပ်သည့်အပြင် ကျောင်းဆောင်အတွက်လိုအပ်ချက်များလည်းရှိနေသည်ဟု သိရသည်။
ဓာတ်ပုံ – MCRC, Chris Born