Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် အမေရိကန်ချင်းလူထုနှင့်တွေ့ဆုံမည်

မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် အမေရိကန်ချင်းလူထုနှင့်တွေ့ဆုံမည်

0
By Editor on August 14, 2024 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာသည် လာမည့်စက်တင်ဘာ လဆန်းပိုင်းတွင် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ပြီး ချင်းလူထုနှင့် တွေ့ဆုံမည်ဟု သိရသည်။

အမေရိကန်ပြည်ထောင်စု အင်ဒီယာနားပြည်နယ်အခြေစိုက် Chin Community of Indiana ၏ ဖိတ်ကြားချက်အရ မီဇိုရမ် ဝန်ကြီးချုပ်သည် စက်တင်ဘာလ ၄ ရက်နေ့တွင် အင်ဒီယာနားပြည်နယ်က ချင်လူထုနှင့်တွေ့ဆုံပွဲကျင်းပပြုလုပ်မည်ဟု Chin Community of Indiana က ထုတ်ပြန်သည်။

“မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Lalduhoma သည် September ၄ ရက်တွင် Indiana ချင်းလူထုနှင့် တွေ့ဆုံရန် လာရောက်မည်ဖြစ်ကြောင်း ဝမ်းမြောက်စွာ ကြေညာအပ်ပါသည်၊ CCI မှ အားလုံးကို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဤအရေးကြီးသောဆွေးနွေးပွဲတွင်တက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်” Chin Community of Indiana ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် အမေရိကန်ခရီးစဉ်နှင့်ပတ်သက်၍ ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့တုန်းကလည်း စစ်ဘေး ရှောင်ကူညီရေးအဖွဲ့ NUA ကို သူ၏ရုံးခန်းတွင် ခေါ်ယူတွေ့ဆုံစဉ်တွင် ချင်းညီညွတ်ရေးအတွက် အမေရိကန်ကို မကြာခင် သွားရောက်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

India Police Service (IPS) အရာရှိဟောင်းတစ်ဦးလည်းဖြစ်သည့် ပူးလာလ်ဒိုအောမ်မာသည် နိုင်ငံရေးလောကထဲမဝင် ရောက်ခင်မှာ အိန္ဒိယဝန်ကြီးချုပ်ဟောင်း Indira Gandhi ၏ လုံခြုံရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

၁၉၈၄ ခုနှစ်မှာ India Police Service (IPS) မှ အနားယူပြီးနောက် နိုင်ငံရေးလောကထဲ ခြေစုံပစ်ဝင်ခဲ့သည်။ မီဇီုရမ်ပြည် နယ်ထဲက ၀ါအရင့်ဆုံး ရှေ့မှီနောက်မှီ နိုင်ငံရေးသမားထဲက တစ်ဦးဖြစ်သည်။ ထို့အပြင် အိန္ဒိယဗဟိုအစိုးရနဲ့ မီဇိုးအမျိုး သားတပ်ဦး Mizo National Front (MNF) တို့ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုနိုင်ရေးအတွက်လည်း အဓိက ကြားဝင်ဆောင်ရွက်ခဲ့သူထဲက တစ်ဦးဖြစ်သည်။

ဗြိတိသျှကိုလိုနီ၏အုပ်ချုပ်မှုကြောင့် အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့် ၃ နိုင်ငံတွင် ခွဲခြားအုပ်ချုပ်ခြင်းခံခဲ့ကြရသော ချင်း-လူရှိုင်း-ကူကီး မျိုးနွယ်စုများ အုပ်ချုပ်မှုတစ်ခုအောက်တွင် ပြန်လည်ပေါင်းစည်းနေထိုင်ရေး လိုလားသော အမျိုးသားနိုင်ငံရေးသမားတစ်ဦးလည်းဖြစ်သည်။

၂၀၂၃ ခုနှစ် နို၀င်ဘာလ ၇ ရက်နေ့က ကျင်းပခဲ့သော ၉ ကြိမ်မြောက် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲမှာ သူဦးဆောင် သော Zoram People’s Movement (ZPM) က မဲဆန္ဒနယ်မြေ ၄၀ မှာ ၂၇ နေရာမှာအနိုင်ရရှိပြီး ပထမဦးဆုံးအကြိမ် အစိုးရဖွဲ့စည်းနိုင်ခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.