Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ် Farkawn ကျေးရွာတွင် မြန်မာစစ်ဘေးရှောင် ၂၈ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ

မီဇိုရမ်ပြည်နယ် Farkawn ကျေးရွာတွင် မြန်မာစစ်ဘေးရှောင် ၂၈ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ

0
By Editor on September 22, 2021 Khonumthung

ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့မှ ဂျက်လေယာဉ်အပြင် လက်နက်ကြီးအလွန်အကျွံပစ်ခတ်မှုကြောင့် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Farkawn ကျေးရွာတွင် ထွက်ပြေးတိမ် းရှောင်ကြ​သော မြန်မာစစ်ဘေးရှောင် ၂၈ ဦး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရကြောင်း သိရသည်။

Farkawn ကျေးရွာသည် မြန်မာစစ်ဘေးရှောင် ၉၀၀ ကျော် ထွက်ပြေးခိုလှုံနေသည့် နယ်စပ်ကျေးရွာဖြစ်ပြီး စက်တင်ဘာလ ၂၀ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူ စစ်ဘေးရှောင် ၂၈ ဦးရှိသည်ဟု Farkawn ကျေးရွာဥက္ကဌ Village Council (VC) Pu C.Lalramliana က ပြောသည်။

“ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့က ကွာရင်တင်းစင်တာမှာ ထားရှိတဲ့ အမျိုးသမီးတဦး မမျော်လင့်ဘဲ ကိုဗစ်ရောဂါပိုး စပြီးကူးစက်ခံရတယ်။ သူ့မိသားစုတွေကတော့ negative ဖြစ်တယ်။ Negative ဖြစ်ပေမယ့် ကွာရင်တင်းစင်တာမှာ (၅) ရက်ဆက်ထားတယ်။ ၅ ရက်မြောက် စက်တင်ဘာ ၂၀ ရက်နေ့မနက်က ပြန်စစ်တော့ (၇) ယောက် ရောဂါပိုး ထပ်တွေ့တယ်။ အဲဒီနေ့ကဘဲ ကျနော်တို့ Home Quarantine ထားရှိတဲ့ (၂၃) ယောက်လည်း စစ်ဆေးတော့ အယောက် (၂၀) က ကိုဗစ်ကူးစက်ခံရတယ်။ အဲဒီတော့ လက်ရှိမှာ ကိုဗစ်ရောဂါကူးစက်ခံထားရသူ စစ်ဘေးရှောင် အယောက် (၂၈) ဦးရှိတယ်။ ဒေသခံပြည်သူထဲက (၂) ယောက်နဲ့ဆိုရင် အားလုံး အယောက် (၃၀) ရှိတာပေါ့။” ဟု ပြောသည်။

ယခုလို စစ်ဘေးရှောင်များတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသူများ ရှိလာသည့်အတွက် Farkawn ကျေးရွာကို Total Lockdown ချမှတ်ပြီး လတ်တလောအခြေအနေတွင် စစ်ဘေးရှောင်များခေတ္တဝင်မလာကြရန် အမိန့်ထုတ်ထားကြောင်း Pu C.Lalramliana က ယခုလို ဆက်ပြောပါသည်။

“ကျနော်တို့ရွာကို ဝင်ရောက်လာချင်တဲ့ စစ်ဘေးရှောင်များ လက်ရှိမှာရှိနေတယ်။ သို့သော် ကျနော်တို့ အခြေအနေက ဒီလိုဖြစ်လာတော့ တာဝန်ရှိတဲ့သူတွေက ဘာဘဲဖြစ်ဖြစ်ဆိုပြီး Total Lockdown ကို တစ်ပတ်လောက် ချမှတ်လိုက်တယ်။ ဒီ ချမှတ်ထားတဲ့ Total Lockdown တစ်ပတ်အချိန်အတောအတွင်း စစ်ဘေးရှောင်များ အနေနဲ့လည်း ခဏစောင့်ဆိုင်းဖို့နဲ့ ဝင်ရောက်မလာကြဖို့ CNF/CNA ခေါင်းဆောင်များကိုလည်း အသိပေးထား တယ်။ Total Lockdown ပြီးသွားရင်တော့ အရင်လိုဘဲ ဆက်လက်သွားမယ်လို့ မျော်လင့်ပါတယ်။” ဟုသူက​ပြောပါသည်။

လက်ရှိ၌ Farkawn ကျေးရွာတွင် စစ်ဘေးရှောင်ဦးရေ ၉၄၀ ဦးရှိနေပြီး စစ်ဘေးရှာင်ကလေး ကျောင်းသား ကျောင်းသူ ၁၂၀ ခန့် ရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီမှ အာဏာသိမ်းယူလိုက်ပြီးနောက် မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာသူ မြန်မာစစ်ဘေးရှောင်တစ်သောင်းကျော် ရှိနေပြီး အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်းဖိုင်းခရိုင်နှင့် Hnahthial ခရိုင်တို့တွင် စစ်ဘေးရှောင် (၄) ထောင်ကျော် ရှိနေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.