• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ် Farkawn ကျေးရွာတွင် မြန်မာစစ်ဘေးရှောင် ၂၈ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ

မီဇိုရမ်ပြည်နယ် Farkawn ကျေးရွာတွင် မြန်မာစစ်ဘေးရှောင် ၂၈ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ

0
By Editor on September 22, 2021 Khonumthung

ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့မှ ဂျက်လေယာဉ်အပြင် လက်နက်ကြီးအလွန်အကျွံပစ်ခတ်မှုကြောင့် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Farkawn ကျေးရွာတွင် ထွက်ပြေးတိမ် းရှောင်ကြ​သော မြန်မာစစ်ဘေးရှောင် ၂၈ ဦး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရကြောင်း သိရသည်။

Farkawn ကျေးရွာသည် မြန်မာစစ်ဘေးရှောင် ၉၀၀ ကျော် ထွက်ပြေးခိုလှုံနေသည့် နယ်စပ်ကျေးရွာဖြစ်ပြီး စက်တင်ဘာလ ၂၀ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူ စစ်ဘေးရှောင် ၂၈ ဦးရှိသည်ဟု Farkawn ကျေးရွာဥက္ကဌ Village Council (VC) Pu C.Lalramliana က ပြောသည်။

“ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့က ကွာရင်တင်းစင်တာမှာ ထားရှိတဲ့ အမျိုးသမီးတဦး မမျော်လင့်ဘဲ ကိုဗစ်ရောဂါပိုး စပြီးကူးစက်ခံရတယ်။ သူ့မိသားစုတွေကတော့ negative ဖြစ်တယ်။ Negative ဖြစ်ပေမယ့် ကွာရင်တင်းစင်တာမှာ (၅) ရက်ဆက်ထားတယ်။ ၅ ရက်မြောက် စက်တင်ဘာ ၂၀ ရက်နေ့မနက်က ပြန်စစ်တော့ (၇) ယောက် ရောဂါပိုး ထပ်တွေ့တယ်။ အဲဒီနေ့ကဘဲ ကျနော်တို့ Home Quarantine ထားရှိတဲ့ (၂၃) ယောက်လည်း စစ်ဆေးတော့ အယောက် (၂၀) က ကိုဗစ်ကူးစက်ခံရတယ်။ အဲဒီတော့ လက်ရှိမှာ ကိုဗစ်ရောဂါကူးစက်ခံထားရသူ စစ်ဘေးရှောင် အယောက် (၂၈) ဦးရှိတယ်။ ဒေသခံပြည်သူထဲက (၂) ယောက်နဲ့ဆိုရင် အားလုံး အယောက် (၃၀) ရှိတာပေါ့။” ဟု ပြောသည်။

ယခုလို စစ်ဘေးရှောင်များတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသူများ ရှိလာသည့်အတွက် Farkawn ကျေးရွာကို Total Lockdown ချမှတ်ပြီး လတ်တလောအခြေအနေတွင် စစ်ဘေးရှောင်များခေတ္တဝင်မလာကြရန် အမိန့်ထုတ်ထားကြောင်း Pu C.Lalramliana က ယခုလို ဆက်ပြောပါသည်။

“ကျနော်တို့ရွာကို ဝင်ရောက်လာချင်တဲ့ စစ်ဘေးရှောင်များ လက်ရှိမှာရှိနေတယ်။ သို့သော် ကျနော်တို့ အခြေအနေက ဒီလိုဖြစ်လာတော့ တာဝန်ရှိတဲ့သူတွေက ဘာဘဲဖြစ်ဖြစ်ဆိုပြီး Total Lockdown ကို တစ်ပတ်လောက် ချမှတ်လိုက်တယ်။ ဒီ ချမှတ်ထားတဲ့ Total Lockdown တစ်ပတ်အချိန်အတောအတွင်း စစ်ဘေးရှောင်များ အနေနဲ့လည်း ခဏစောင့်ဆိုင်းဖို့နဲ့ ဝင်ရောက်မလာကြဖို့ CNF/CNA ခေါင်းဆောင်များကိုလည်း အသိပေးထား တယ်။ Total Lockdown ပြီးသွားရင်တော့ အရင်လိုဘဲ ဆက်လက်သွားမယ်လို့ မျော်လင့်ပါတယ်။” ဟုသူက​ပြောပါသည်။

လက်ရှိ၌ Farkawn ကျေးရွာတွင် စစ်ဘေးရှောင်ဦးရေ ၉၄၀ ဦးရှိနေပြီး စစ်ဘေးရှာင်ကလေး ကျောင်းသား ကျောင်းသူ ၁၂၀ ခန့် ရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီမှ အာဏာသိမ်းယူလိုက်ပြီးနောက် မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာသူ မြန်မာစစ်ဘေးရှောင်တစ်သောင်းကျော် ရှိနေပြီး အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်းဖိုင်းခရိုင်နှင့် Hnahthial ခရိုင်တို့တွင် စစ်ဘေးရှောင် (၄) ထောင်ကျော် ရှိနေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.