• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မီဇီုရမ်ဘက်သို့ထွက်ပြေးခိုလုံသည့်မြန်မာနိုင်ငံသားများအရေး ဗဟိုအစိုးရ၏ အစီစဉ်တိုင်းဆောင်ရွက်မည်ဟု မီဇိုရမ်ပြည်ထဲရေးဝန်ကြီးပြော

မီဇီုရမ်ဘက်သို့ထွက်ပြေးခိုလုံသည့်မြန်မာနိုင်ငံသားများအရေး ဗဟိုအစိုးရ၏ အစီစဉ်တိုင်းဆောင်ရွက်မည်ဟု မီဇိုရမ်ပြည်ထဲရေးဝန်ကြီးပြော

0
By Editor on March 11, 2021 Headline
#Unicode
ရစ်ချက် – လက်ရှိနိုင်ငံရေးအခြေအနေကြောင့် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံလာသူများအရေးနှင့် ပတ်သက်၍ အိန္ဒိယဗဟိုအစိုးရ၏ အစီစဉ်အတိုင်း စီမံဆောင်ရွက်ပေးသွားမည်ဟု မီဇိုရမ်ပြည်ထဲရေးဝန်ကြီး Pu Lalchamliana က ပြောသည်။
အဆိုပါကိစ္စကို မတ်လ ၈ ရက်နေ့ မီဇိုရမ်ပြည်နယ် လွတ်တော်အစည်းအဝေးတွင် မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး Pu Lalchamliana က ယခုလို ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဒေသထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။
“မြန်မာနိုင်ငံ ပြည်တွင်းစစ်ကြောင့် မီဇိုရမ်ပြည်နယ်ထဲကို ဒုက္ခသည်ဝင်ရောက်လာမှုရှိပြီဖြစ်တယ်။ နိုင်ငံခြားသား (foreigner) အရေးနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံ ဗဟိုအစိုးရတာဝန်ဖြစ်တဲ့အတွက် ဗဟိုအစိုးရ စီမံဆောင်ရွက်ချက်ကို စောင့်ဆိုင်းနေဆဲဖြစ်တယ်။ သို့သော် ဗဟိုအစိုးရစီမံဆောင်ရွက်ချက်မကျခင် မီဇိုရမ်ပြည်နယ်ထဲကို ဝင်ရောက်ခိုလှုံ လာသူများကို စနစ်တကျ ကိုယ်ရေးအချက်အလက်များယူပြီးတော့ လိုအပ်သလို ကူညီဆောင်ရွက်သွားမှာဖြစ်တယ်။ အဲလို ဆက်လက်ကူညီဆောင်ရွက်သွားသည့်အရာမှာ ဗဟိုအစိုးရရဲ့ စီမံသည့်အတိုင်း သွားဖို့ဖြစ်တယ်။” Pu Lalchamliana က ဟု ပြောသည်။
မီဇိုရမ်ပြည်နယ်သည် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပြည်နယ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်မှု CDM လှုပ်ရှားမှုတွင်ပူးပေါင်းပါဝင်သည့် ရဲတပ်ဖွဲ့ဝင်များနှင့် တက်ကြွလှုပ်ရှားသူများ ဝင်ရောက်ခိုလုံကြသည့်ပြည်နယ်ဖြစ် သည်။
မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Zoramthanga က သူ့ပြည်နယ်အတွင်း နိုင်ငံရေးအခြေအနေကြောင့် ထွက်ပြေးခိုလုံလာ ကြသော မြန်မာနိုင်ငံသားများကို ကြိုဆိုလက်ခံပြီး အကူအညီပေးသွားမည်ဟု ယခုလဆန်းပိုင်းကပြောဆိုခဲ့ပြီးနောက် အိန္ဒိယ ဗဟိုအစိုးရအနေဖြင့် အာဏာသိမ်းစစ်ကောင်စီနှင့် နှစ်နိုင်ငံဆက်ဆံရေးမပျက်ပြားစေလိုသည့်အတွက် ဖိအားပေး လာခြင်းဖြစ်သည်။
ထို့ကြောင့် မီဇိုရမ်ပြည်နယ် နယ်စပ်မြို့များဖြစ်သည့် ကျန်ဖိုင်း၊ လောင်တလိုင် ခရိုင်အုပ်ချုပ်ရေးမှူးများက ယခင်ကထုတ် ပြန်ခဲ့သော မြန်မာနိုင်ငံမှ ထွက်ပြေးခိုလုံလာကြသူများ ကူညီဆောင်ရွက်ရေးအစီစဉ်များကိုလည်း အသီးသီးပြန်လည်ရုပ် သိမ်းခဲ့ကြပြီးနောက် မီဇိုရမ်ပြည်နယ်ထဲရေးဝန်ကြီးက အိန္ဒိယဗဟိုအစိုးရအဖွဲ့၏ သဘောထားကို စောင့်ကြည့်ရန်နှင့် ဗဟိုအစိုးရ၏ အစီစဉ်အတိုင်းဆောင်ရွက်ရန်တဖန်ပြောဆိုလာခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံတွင် မီဇိုရမ်ပြည်နယ်အပြင် Manipur, Nagaland နှင့် Arunachal Pradesh ပြည်နယ်များမှာ မြန်မာနိုင်ငံ နှင့် နယ်နိမိတ်ချင်းထိစပ်သည့်ဒေသများဖြစ်သည့်အတွက် ဒုက္ခသည်များမှာလည်း အဆိုပါ ပြည်နယ်များတွင် ရောက်ရှိလာနိုင်သော ကြောင့် အိန္ဒိယနိုင်ငံ ဗဟိုအစိုးရ Ministry of Home Affairs ၏ စီမံချက်ကို စောင့်ဆိုင်းပြီးသွားဖို့လိုအပ်ကြောင်း Pu Lalchamliana က ယခုလို ဆက်ပြောပါသည်။
“အိန္ဒိယနိုင်ငံက ၁၉၅၁ United Nations Refugee Convention နှင့် ထို Convention ကို ဦးဆောင်သည့် 1967 Protocol တို့ကို လက်မခံသည့်အတွက် ဒီ Convention နှင့် Protocol က refugee အရေးနဲ့ပတ်သက်ပြီး အိန္ဒိယကို ချုပ်နှောင်ထားခြင်းမရှိဘူး။” ဟု ပြောသည်။
မီဇိုရမ်ပြည်ထဲရေးဝန်ကြီး Pu Lalchamliana က ယခု မီဇိုရမ်ပြည်နယ်ထဲကို ရောက်ရှိနေတဲ့ ဒုက္ခသည်များမှာ မြန်မာပြည်တွင် ကျန်ရစ်သောမိသားစုများရှိနေသေးသည့်အတွက် ကိုယ်ရေးအချက်အလက်များကို ပြည့်စုံစွာ ဖော်ပြရန် မသင့်တော်ကြောင်း ပြောသည်။
ယခုလက်ရှိတွင်လည်း အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်တွင် အိန္ဒိယအာသံစစ်တပ်များ ချထားပြီး အိန္ဒိယနိုင်ငံသားစိစစ် ရေးကဒ်မရှိသူများကို အိန္ဒိယနိုင်ငံထဲသို့ဝင်ခွင့်မပေးကြောင်းသိရသည်။
မီဇိုရမ်ပြည်နယ်အတွင်းရှိ ဒေသခံ NGO များဖြစ်ကြသော Central Young Mizo Association (CYMA), Mizo Zirlai Pawl (MZP), Zoro, MUP, MHIP အဖွဲ့အစည်းများက မီဇိုရမ်ကိုရောက်ရှိလာသော ဒုက္ခသည်များကို နွေးထွေးစွာ ကြိုဆိုလက်ခံကြကြောင်းနှင့် တတ်နိုင်သည့်ဖက်မှ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အလားတူ မီဇိုရမ်တွင် ရောက်ရှိလာကြသော ဒုက္ခသည်များကို မီဇိုရမ်ရှိ NGO United For Democratic Myanmar အဖွဲ့အစည်းအပြင် အခြားသော ချင်းအဖွဲ့အစည်းအသီးသီးတို့ကလည်း တတ်နိုင်သည့်ဖက်မှ ကူညီဆောင်ရွက်ပေး နေကြကြောင်း သိရသည်။
#Zawgyi
ရစ္ခ်က္ – လက္ရွိႏိုင္ငံေရးအေျခအေနေၾကာင့္ ျမန္မာႏိုင္ငံမွ အိႏိၵယႏိုင္ငံ မီဇိုရမ္ျပည္နယ္ကို ထြက္ေျပးခိုလႈံလာသူမ်ားအေရးႏွင့္ ပတ္သက္၍ အိႏိၵယဗဟိုအစိုးရ၏ အစီစဥ္အတိုင္း စီမံေဆာင္ရြက္ေပးသြားမည္ဟု မီဇိုရမ္ျပည္ထဲေရးဝန္ႀကီး Pu Lalchamliana က ေျပာသည္။
အဆိုပါကိစၥကို မတ္လ ၈ ရက္ေန႕ မီဇိုရမ္ျပည္နယ္ လြတ္ေတာ္အစည္းအေဝးတြင္ မီဇိုရမ္ျပည္နယ္ ျပည္ထဲေရးဝန္ႀကီး Pu Lalchamliana က ယခုလုိ ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း ေဒသထုတ္သတင္းစာ The Aizawl Post တြင္ ေဖာ္ျပသည္။
“ျမန္မာႏိုင္ငံ ျပည္တြင္းစစ္ေၾကာင့္ မီဇိုရမ္ျပည္နယ္ထဲကို ဒုကၡသည္ဝင္ေရာက္လာမႈရွိၿပီျဖစ္တယ္။ ႏိုင္ငံျခားသား (foreigner) အေရးနဲ႕ပတ္သက္ၿပီး အိႏိၵယႏိုင္ငံ ဗဟိုအစိုးရတာဝန္ျဖစ္တဲ့အတြက္ ဗဟိုအစိုးရ စီမံေဆာင္ရြက္ခ်က္ကို ေစာင့္ဆိုင္းေနဆဲျဖစ္တယ္။ သို႕ေသာ္ ဗဟိုအစိုးရစီမံေဆာင္ရြက္ခ်က္မက်ခင္ မီဇိုရမ္ျပည္နယ္ထဲကို ဝင္ေရာက္ခိုလႈံ လာသူမ်ားကို စနစ္တက် ကိုယ္ေရးအခ်က္အလက္မ်ားယူၿပီးေတာ့ လုိအပ္သလို ကူညီေဆာင္ရြက္သြားမွာျဖစ္တယ္။ အဲလို ဆက္လက္ကူညီေဆာင္ရြက္သြားသည့္အရာမွာ ဗဟိုအစိုးရရဲ႕ စီမံသည့္အတိုင္း သြားဖို႕ျဖစ္တယ္။” Pu Lalchamliana က ဟု ေျပာသည္။
မီဇိုရမ္ျပည္နယ္သည္ အိႏိၵယႏိုင္ငံ၏ အေရွ႕ေျမာက္ျပည္နယ္တစ္ခုျဖစ္ၿပီး ျမန္မာႏိုင္ငံတြင္ စစ္အာဏာရွင္စနစ္ဆန္႔က်င္မႈ CDM လႈပ္ရွားမႈတြင္ပူးေပါင္းပါ၀င္သည့္ ရဲတပ္ဖြဲ႔၀င္မ်ားႏွင့္ တက္ႂကြလႈပ္ရွားသူမ်ား ၀င္ေရာက္ခိုလံုၾကသည့္ျပည္နယ္ျဖစ္ သည္။
မီဇိုရမ္ျပည္နယ္ ၀န္ႀကီးခ်ဳပ္ Pu Zoramthanga က သူ႔ျပည္နယ္အတြင္း ႏိုင္ငံေရးအေျခအေနေၾကာင့္ ထြက္ေျပးခိုလံုလာ ၾကေသာ ျမန္မာႏိုင္ငံသားမ်ားကို ႀကိဳဆိုလက္ခံၿပီး အကူအညီေပးသြားမည္ဟု ယခုလဆန္းပိုင္းကေျပာဆိုခဲ့ၿပီးေနာက္ အိႏိၵယ ဗဟိုအစိုးရအေနျဖင့္ အာဏာသိမ္းစစ္ေကာင္စီႏွင့္ ႏွစ္ႏိုင္ငံဆက္ဆံေရးမပ်က္ျပားေစလိုသည့္အတြက္ ဖိအားေပး လာျခင္းျဖစ္သည္။
ထို႔ေၾကာင့္ မီဇိုရမ္ျပည္နယ္ နယ္စပ္ၿမိဳ႕မ်ားျဖစ္သည့္ က်န္ဖိုင္း၊ ေလာင္တလိုင္ ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴးမ်ားက ယခင္ကထုတ္ ျပန္ခဲ့ေသာ ျမန္မာႏိုင္ငံမွ ထြက္ေျပးခိုလံုလာၾကသူမ်ား ကူညီေဆာင္ရြက္ေရးအစီစဥ္မ်ားကိုလည္း အသီးသီးျပန္လည္႐ုပ္ သိမ္းခဲ့ၾကၿပီးေနာက္ မီဇိုရမ္ျပည္နယ္ထဲေရး၀န္ႀကီးက အိႏိၵယဗဟိုအစိုးရအဖြဲ႔၏ သေဘာထားကို ေစာင့္ၾကည့္ရန္ႏွင့္ ဗဟိုအစိုးရ၏ အစီစဥ္အတိုင္းေဆာင္ရြက္ရန္တဖန္ေျပာဆိုလာျခင္းျဖစ္သည္။
အိႏိၵယႏိုင္ငံတြင္ မီဇိုရမ္ျပည္နယ္အျပင္ Manipur, Nagaland ႏွင့္ Arunachal Pradesh ျပည္နယ္မ်ားမွာ ျမန္မာႏိုင္ငံ ႏွင့္ နယ္နိမိတ္ခ်င္းထိစပ္သည့္ေဒသမ်ားျဖစ္သည့္အတြက္ ဒုကၡသည္မ်ားမွာလည္း အဆိုပါ ျပည္နယ္မ်ားတြင္ ေရာက္ရွိလာႏိုင္ေသာ ေၾကာင့္ အိႏိၵယႏိုင္ငံ ဗဟိုအစိုးရ Ministry of Home Affairs ၏ စီမံခ်က္ကို ေစာင့္ဆိုင္းၿပီးသြားဖို႕လိုအပ္ေၾကာင္း Pu Lalchamliana က ယခုလို ဆက္ေျပာပါသည္။
“အိႏိၵယႏိုင္ငံက ၁၉၅၁ United Nations Refugee Convention ႏွင့္ ထို Convention ကို ဦးေဆာင္သည့္ 1967 Protocol တို႕ကို လက္မခံသည့္အတြက္ ဒီ Convention ႏွင့္ Protocol က refugee အေရးနဲ႕ပတ္သက္ၿပီး အိႏိၵယကို ခ်ဳပ္ေႏွာင္ထားျခင္းမရွိဘူး။” ဟု ေျပာသည္။
မီဇိုရမ္ျပည္ထဲေရးဝန္ႀကီး Pu Lalchamliana က ယခု မီဇိုရမ္ျပည္နယ္ထဲကို ေရာက္ရွိေနတဲ့ ဒုကၡသည္မ်ားမွာ ျမန္မာျပည္တြင္ က်န္ရစ္ေသာမိသားစုမ်ားရွိေနေသးသည့္အတြက္ ကိုယ္ေရးအခ်က္အလက္မ်ားကို ျပည့္စံုစြာ ေဖာ္ျပရန္ မသင့္ေတာ္ေၾကာင္း ေျပာသည္။
ယခုလက္ရွိတြင္လည္း အိႏိၵယ-ျမန္မာနယ္စပ္တစ္ေလွ်ာက္တြင္ အိႏၵိယအာသံစစ္တပ္မ်ား ခ်ထားၿပီး အိႏိၵယႏိုင္ငံသားစိစစ္ ေရးကဒ္မရွိသူမ်ားကို အိႏိၵယႏိုင္ငံထဲသို႔၀င္ခြင့္မေပးေၾကာင္းသိရသည္။
မီဇိုရမ္ျပည္နယ္အတြင္းရွိ ေဒသခံ NGO မ်ားျဖစ္ၾကေသာ Central Young Mizo Association (CYMA), Mizo Zirlai Pawl (MZP), Zoro, MUP, MHIP အဖြဲ႕အစည္းမ်ားက မီဇိုရမ္ကိုေရာက္ရွိလာေသာ ဒုကၡသည္မ်ားကို ေႏြးေထြးစြာ ႀကဳိဆိုလက္ခံၾကေၾကာင္းႏွင့္ တတ္ႏိုင္သည့္ဖက္မွ ကူညီေဆာင္ရြက္ေပးခဲ့ၾကေၾကာင္း သိရသည္။
အလားတူ မီဇိုရမ္တြင္ ေရာက္ရွိလာၾကေသာ ဒုကၡသည္မ်ားကို မီဇိုရမ္ရွိ NGO United For Democratic Myanmar အဖြဲ႕အစည္းအျပင္ အျခားေသာ ခ်င္းအဖြဲ႕အစည္းအသီးသီးတို႕ကလည္း တတ္ႏိုင္သည့္ဖက္မွ ကူညီေဆာင္ရြက္ေပး ေနၾကေၾကာင္း သိရသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အရေးပေါ်ကာလ နောက် ၆ လ ထပ်မံသက်တမ်းတိုး

ဖလမ်းမြို့နယ် Non-CDM ပညာရေးဝန်ထမ်းများလစာငွေ သိန်း ၈၀၀ ကျော် ဓားပြတိုက်ခံရဟုဆို

စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် မင်းတပ်မြို့နယ်မှ ကလေး ၃ ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.