Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မြန်မာစစ်ဘေးရှောင်များ ကျေးရွာအတွင်း ဈေးဆိုင်ဖွင့်လှစ်ရောင်းချခြင်းမပြုရန် ပိတ်ပင်

မြန်မာစစ်ဘေးရှောင်များ ကျေးရွာအတွင်း ဈေးဆိုင်ဖွင့်လှစ်ရောင်းချခြင်းမပြုရန် ပိတ်ပင်

0
By Editor on September 9, 2022 Headline

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Farkawn ကျေးရွာတွင် ခိုလုံနေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ကျေးရွာအတွင်း ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချခြင်းများမပြုရန် ပိတ်ပင်ထားသည်ဟု သိရသည်။

Farkawn ကျေးရွာတွင် မြန်မာစစ်ဘေးရှောင်ထဲမှ ဆိုင်ဖွင့်ကာ စားဝတ်နေရေးအတွက် ဈေးရောင်းနေသူ ၈ ဦးခန့်ရှိပြီး ယင်းဆိုင်များမှာ အဝတ်အထည်၊ ဆိုင်ကယ်အပိုပစ္စည်း၊ ဓာတ်ဆီ၊ ဆံသနဲ့ ကုန်စိမ်း စသည့်ဆိုင်များဖြစ်ကြသည်ဟု သိရသည်။

ယခုကဲ့သို့ ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချလာသည့်အတွက် ကျေးရွာအတွင်း ကုန်ဈေးနှုန်းမတည်ငြိမ်မှု ဖြစ်ပေါ်စေသည်သာမက မူးယစ်ဆေးဝါး များပြားလာသည်ဟုဆိုကာ Farkawn ကျေးရွာ ဆိုင်ရှင်များအသင်းက ကျေးရွာအဆင့် ဒုက္ခသည်များဆိုင်ရာကော်မတီတွင် တင်ပြခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ဘေးရှောင်များ ဈေးဆိုင်ဖွင့်လှစ်ခြင်းကို ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု Mizo Special Report အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။

Farkawn ကျေးရွာအဆင့် ဒုက္ခသည်များဆိုင်ရာ ကော်မတီအဖွဲ့က ယခုလက်ရှိအခြေနေတွင် ကျေးရွာအတွင်း ခိုလုံနေကြသော စစ်ဘေးရှောင်များအနေဖြင့် ဈေးဆိုင်ဖွင့်လှစ်ရောင်းချခြင်းသည် ရပ်ရွာအေးချမ်းခြုံလုံမှုအပေါ် ထိခိုက်လာနိုင်သောကြောင့် ပိတ်ပင်ရန်နှင့် ဆိုင်အတွင်းရောင်းချရန် သိုလှောင်ထားသော ပစ္စည်းများကိုလည် တစ်လအတွင်း အကုန်ရောင်းချရှင်းလင်းရမည်ဟု အမိန့်ထုတ်ထားသည်ဟု Mizo Special Report တွင် ဖော်ပြသည်။

ယခုလက်ရှိ Farkawn ကျေးရွာတွင် မြန်မာနိုင်ငံဘက်က စစ်ဘေးရှောင်အိမ်ထောင်စု ၁၇၈ စု၊ လူဦးရေ ၈၀၀ ကျော်နေထိုင်ကြပြီး မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းတက်နေကြသော ကျောင်းသူ/ကျောင်းသား ၂၃၀ ခန့်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF – ဟားခါး၏ စစ်သုံ့ပန်းစခန်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ ၊ စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၀ ဦးအထိ အစုအပြုံလိုက်သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

ချင်း-မကွေးအစပ်တွင် ချင်းအပါအဝင် စစ်ဘေးရှောင် ၅၀၀ ခန့် ရာသီတုပ်ကွေး၊ အရေပြားနှင့် ဝမ်းရောဂါများ ဖြစ်ပွားနေ

ချင်းအမျိုးသမီးတစ်ဦးက စစ်ဗိုလ်ချုပ်များကို ဒိန်းမတ်နိုင်ငံမှာ စစ်ရာဇဝတ်မှုများဖြင့် တရားစွဲဆိုမှု စတင်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 29, 2026

စစ်တပ်အတွက် လော်ဘီလုပ်ပေးနေသော ဝါရှင်တန်ဒီစီအခြေစိုက် လော်ဘီလုပ်ငန်းကုမ္ပဏီကို အမေရိကန်အထက်လွှတ်တော် အမတ်ဟောင်း ဝေဖန်

October 29, 2026

CDF – ဟားခါး၏ စစ်သုံ့ပန်းစခန်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ ၊ စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၀ ဦးအထိ အစုအပြုံလိုက်သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

October 28, 2026

ချင်း-မကွေးအစပ်တွင် ချင်းအပါအဝင် စစ်ဘေးရှောင် ၅၀၀ ခန့် ရာသီတုပ်ကွေး၊ အရေပြားနှင့် ဝမ်းရောဂါများ ဖြစ်ပွားနေ

October 27, 2026

ချင်းအမျိုးသမီးတစ်ဦးက စစ်ဗိုလ်ချုပ်များကို ဒိန်းမတ်နိုင်ငံမှာ စစ်ရာဇဝတ်မှုများဖြင့် တရားစွဲဆိုမှု စတင်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.