• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မြန်မာစစ်ဘေးရှောင်အရေး မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်နှင့် YMA အဖွဲ့ ဆွေးနွေး

မြန်မာစစ်ဘေးရှောင်အရေး မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်နှင့် YMA အဖွဲ့ ဆွေးနွေး

0
By Editor on June 16, 2021 Headline

ချင်းပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်လာသည့်အတွက် ယခုရက်ပိုင်းအတွင်း မီဇိုရမ်ပြည်နယ်ကို ထွက်ပြေး တိမ်းရှောင်လာသူ စစ်ဘေးဒုက္ခသည် တိုးလာသည့်အတွက် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Zoramthanga နှင့် Young Mizo Association (YMA) ခေါင်းဆောင်များ ဇွန်လ ၁၅ ရက်နေ့က တွေ့ဆုံးပြီး မြန်မာစစ်ဘေးရှောင်အရေး ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲတွင် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Zoramthanga က “စစ်ဘေးရှောင်များကို ကူညီစောင့်ရှောက် ရာတွင် NGO များ၏ လုပ်ဆောင်မှုများကို အထူးလေးစားကြောင်း၊ အစိုးရအနေဖြင့်လည်း စစ်ဘေးရှောင်များအတွက် ယာထားပြီးသားဖြစ်သောဘဏ္ဍာငွေလည်း ကျလာ
ခါနီးစပ်ပြီး အစိုးရအနေဖြင့် စစ်ဘေးရှောင်များကို အတတ်နိုင်ဆုံးကူညီဆောင်ရွက်သွားမယ်” ဟု ပြောသည်။

စစ်ဘေးရှောင်များ၏ နေရာထိုင်ခင်း၊ စားနပ်ရိက္ခာများကိုလည်း အိန္ဒိယ ဗဟိုအစိုးရထံတောင်ဆိုထားပြီဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်ပြောပါသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ CDF နှင့် အာဏာသိမ်းစစ်ကောင်စီတို့ ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီးနောက် မီဇိုရမ်ပြည်နယ်တွင်တိမ်းရှောင်ဖို့ ထွက်ပြေးလာကြရင်း နယ်စပ်ဒေသ တွင် သောင်တင်နေသော စစ်ဘေးဒုက္ခသည် ၇၁ ဦးကို Vaphai ကျေးရွာလူထုများက ဇွန်လ ၁၄ ရက်နေ့ညတွင် သွားပြီး ကယ်တင်ခေါ်ထုတ်ခဲ့ကြကြောင်း ဒေသသတင်း Zonet တွင် ဖော်ပြသည်။

အဆိုပါ စစ်ဘေးရှောင် ၇၁ ဦးတို့ကို ကိုဗစ်-၁၉ ရောဂါဘေးမှကာကွယ်သည့်အနေဖြင့် Vaphai ကျေးရွာလူထုများနဲ့ အတူမထားဘဲ Thlangthlak mual နေရာတွင်ရှိသော Zokhua အိမ်အသီးသီးတို့တွင် ထားရှိကြပြီး၊ တိုက်ပွဲကြားမှထွက်ပြေးလာကြသူများဖြစ်သည့်အတွက် ဘာပစ္စည်းတစ်ခုမှ သယ်ဆောင်လာနိုင်ခြင်း မရှိသောကြောင့် စစ်ဘေးရှောင်များ နေထိုင်စားသောက်ရေးအတွက် Vaphai ကျေးရွာလူထုများက စီစဉ်ပေးခဲ့ကြကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ အကျဥ်းထောင်ထဲက နိုင်ငံရေး အကျဥ်းသားများ ဆေးကုသခွင့်မရသည့်အပြင် လူ့အခွင့်ရေး ချိုးဖောက်မှုခံနေကြရ

မင်းတပ်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်

ပြည်သူအားလုံး တော်လှန်ရေးမှာ မိမိတတ်နိုင်သည့်ဖက်မှ ပူပေါင်းပါ၀င်ရန် CDF-Hakha Central Council ဖိတ်ခေါ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.