(005MK)
မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် ဇိုးသဲကျေးရွာတွင် မြန်မာနိုင်ငံသား ၂ ဦးထံမှ ရူပီးငွေ ၁၀ သိန်းကျော်တန်ဖိုးရှိသော ဆေးခြောက်များကို အာသံရိုင်ဖယ်နှင့် မီဇိုရမ်မူးယစ်ဌာနတို့က ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
အာသံရိုင်ဖယ်တပ်နှင့် မီဇိုရမ်မူးယစ်တိုက်ဖျက်ရေးဌာနတို့သည် ကြိုတင်သတင်းရရှိမှုအပေါ် ဇိုးသဲကျေးရွာတွင် စုံစမ်းစစ် ဆေးမှုများဆောင်ရွက်ရာမှာ ချင်းပြည်နယ် တွန်းဇံမြို့နယ် ဒါရ်ခိုင်ကျေးရွာက ချင်းလူမျိုး ၂ ဦးထံမှ အဆိုပါ ဆေးခြောက်များကို ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီးရမိခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူ ၂ ဦးမှာ ဒါရ်ခိုင်ကျေးရွာက အသက် ၂၅ နှစ်အရွယ် Ginsiansiam နှင့် အသက် ၃၅ နှစ်အရွယ် ထန်လမ်းကျင်တို့ဖြစ်ကြသည်ဟု ဒေသတွင်သတင်းမှာဖော်ပြသည်။
ဖမ်းဆီးထားသည့် ဆေးခြောက်များကို မီဇိုရမ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနက သိမ်းဆီးထားပြီး ဖမ်းဆီးခံသူနှစ်ဦးကို ဉပဒေကြောင်းအရ ဆက်လက်အရေးသွားမည်ဟု သိရသည်။