(05MK)
မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ တွင် မူးယစ်ရဲဌာနက မြန်မာနိုင်ငံသား ၃ ဦးနှင့် အိန္ဒိယအမျိုးသား ၂ ထံမှ စိတ်ကြွဆေးပြား (Methamphetamine) အလုံးတစ်သိန်း (၉ ကီလို ၇၈၂ ဂရမ်) ကို ယနေ့ မနက်ပိုင်း ၉ နာရီခန့်က Edenthar ရပ်ကွက်တွင် ဖမ်းဆီးရမိသည်ဟု သိရသည်။
အဖမ်းခံရသူ ၅ ဦးတို့မှာ Tripura ပြည်နယ်သား ၂ ဦးနှင့် ချင်းပြည်နယ် ဖလမ်းမြို့နယ် အိန္ဒိယ-မြန်မာနယ်စပ် တီအိုချောင်း (Khawmawi) တွင်နေထိုင်သူ ၃ ဦးတို့ဖြစ်ကြသည်ဟု မီဇိုရမ်သတင်းတွင် ဖော်ြပသည်။
စိတ်ကြွဆေးပြားများကို ကလေးမြို့ မှ အိန္ဒိယ-မြန်မာနယ်စပ်ဘက်သို့ သယ်ဆောင်လာကြပြီး ထိုမှတဆင့် အိန္ဒိယပြည်မ ဘက်သို့ ပြန်လည်သယ်ဆောင်ရန်စီစဉ်ထားခြင်းဖြစ်သည်ဟုသိရသည်။ စိတ်ကြွဆေးပြားများသယ်ဆောင်ရာတွင် အသုံး သော ကားတစ်စီးကိုလည်း ဖမ်းဆီးထားသည်ဟု ဆိုသည်။
၎င်းတို့ ၅ ဦးစလုံးကို The Narcotics Drugs& Psychotropic Substances Act, 1985 (NDPS Act) ဖြင့် အမှုဖွင့်အရေးယူ ထားသည်ဟု သိရသည်။
ယင်းဉပဒေအရ ၎င်းတို့သည် ထောင်ဒဏ် ၁၀ နှစ်မှ နှစ် ၂၀ နှင့် ဒဏ်ငွေ ရူပီးတစ်သိန်းမှ ၂ သိန်းထိ အမြင့်ဆုံး ပြစ်ဒဏ်ကျခံနိုင်ကြောင်း သိရသည်။