Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဖလမ်းမြို့ရှောင်ကွင်းလမ်းပြန်လည်သွားလာခွင့်ပြု

ဖလမ်းမြို့ရှောင်ကွင်းလမ်းပြန်လည်သွားလာခွင့်ပြု

0
By Editor on February 3, 2025 Khonumthung

(004SS)

ချင်းပြည်နယ်၊ ဖလမ်းမြို့ ရှောင်ကွင်းလမ်းကို ခရီးသွားမိဘပြည်သူများ အနေဖြင့် ဖြတ်သန်းသွားလာခွင့် ရပြီဖြစ်ကြောင်း Falam Regional Committee က ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် အသိပေးချက်ထုတ်ပြန်သည်။

ဖလမ်းမြို့ရှောင်ကွင်းလမ်းမှ သွားလာနေကြသော ခရီးသွားမိဘပြည်သူတွေအနေဖြင့် Skat, Forland, Haimual ကားအမျိုးအစားများ၊ အိမ်စီးကားများနှင့် ၆ ဘီးကားများအထိ ဖြတ်သန်းသွားလာခွင့် ရပြီဖြစ်ကြောင်း၊ (၁၀) ဘီးနှင့် အထက်ကားကြီးများအား ဖြတ်သန့်ခွင့်မပြုသေးကြောင်း အသိပေးထားသည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ စစ်ရေးအခြေအနေများအရ ဖလမ်းမြို့တွင်းသို့ ယာဉ်ကြီး/ ယဉ်ငယ်များအားလုံး ဖြတ်သန်းသွားလာခွင့် တားမြစ်ထားပြီးနောက် ခရီးသွားများအနေဖြင့် ရှောင်းကွင်းလမ်းအား အသုံးပြုခဲ့ကြခြင်းဖြစ်သည်။

သို့သော် စစ်ရေးအခြေအနေများအပြင် ပြည်သူများ၏လုံခြုံရေးအတွက်ဟု ဆိုကာ ဇန်နဝါရီလ ၇ ရက်နေ့တွင် ဖလမ်းမြို့ ရှောင်ကွင်းလမ်းကို Skat ၊ Forland ၊ ၆ ဘီးကား ၊ ၁၀ ဘီးကားနှင့် ၁၂ ဘီးကားများအား ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ဖလမ်းမြို့ကို ချင်းအမျိုးသားအဖွဲ့ချုပ် ၊ CNO/CNDF က ထိန်းချုပ်ထားပြီး နောက်ဆုံး လက်ကျန် စစ်ကောင်စီ ခလရ – ၂၆၈ တပ်ကုန်းကို အပြီးသတ် သိမ်းပိုက်နိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.