Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မြန်မာနိုင်ငံသား ၃ နှင့် အိန္ဒိယအမျိုးသား ၂ ဦးထံ စိတ်ကြွဆေးပြားအလုံး တစ်သိန်း ဖမ်းဆီးရမိ

မြန်မာနိုင်ငံသား ၃ နှင့် အိန္ဒိယအမျိုးသား ၂ ဦးထံ စိတ်ကြွဆေးပြားအလုံး တစ်သိန်း ဖမ်းဆီးရမိ

0
By Editor on August 24, 2023 Khonumthung

(05MK)

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ တွင် မူးယစ်ရဲဌာနက မြန်မာနိုင်ငံသား ၃ ဦးနှင့် အိန္ဒိယအမျိုးသား ၂ ထံမှ စိတ်ကြွဆေးပြား (Methamphetamine) အလုံးတစ်သိန်း (၉ ကီလို ၇၈၂ ဂရမ်) ကို ယနေ့ မနက်ပိုင်း ၉ နာရီခန့်က Edenthar ရပ်ကွက်တွင် ဖမ်းဆီးရမိသည်ဟု သိရသည်။ 

အဖမ်းခံရသူ ၅ ဦးတို့မှာ Tripura ပြည်နယ်သား ၂ ဦးနှင့် ချင်းပြည်နယ် ဖလမ်းမြို့နယ် အိန္ဒိယ-မြန်မာနယ်စပ် တီအိုချောင်း (Khawmawi) တွင်နေထိုင်သူ ၃ ဦးတို့ဖြစ်ကြသည်ဟု မီဇိုရမ်သတင်းတွင် ဖော်ြပသည်။ 

စိတ်ကြွဆေးပြားများကို ကလေးမြို့ မှ အိန္ဒိယ-မြန်မာနယ်စပ်ဘက်သို့ သယ်ဆောင်လာကြပြီး ထိုမှတဆင့် အိန္ဒိယပြည်မ ဘက်သို့ ပြန်လည်သယ်ဆောင်ရန်စီစဉ်ထားခြင်းဖြစ်သည်ဟုသိရသည်။ စိတ်ကြွဆေးပြားများသယ်ဆောင်ရာတွင် အသုံး သော ကားတစ်စီးကိုလည်း ဖမ်းဆီးထားသည်ဟု ဆိုသည်။ 

၎င်းတို့ ၅ ဦးစလုံးကို The Narcotics Drugs& Psychotropic Substances Act, 1985 (NDPS Act) ဖြင့် အမှုဖွင့်အရေးယူ ထားသည်ဟု သိရသည်။

ယင်းဉပဒေအရ ၎င်းတို့သည် ထောင်ဒဏ် ၁၀ နှစ်မှ နှစ် ၂၀ နှင့် ဒဏ်ငွေ ရူပီးတစ်သိန်းမှ ၂ သိန်းထိ အမြင့်ဆုံး ပြစ်ဒဏ်ကျခံနိုင်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.