Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မြန်မာနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံမှ စစ်ဘေးရှောင်များ ဆက်လက်ကူညီရေးအဆို မီဇိုရမ်ပြည်လွှတ်တော်က အတည်ပြု

မြန်မာနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံမှ စစ်ဘေးရှောင်များ ဆက်လက်ကူညီရေးအဆို မီဇိုရမ်ပြည်လွှတ်တော်က အတည်ပြု

0
By Editor on February 27, 2023 Headline

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေရှ်နိုင်ငံတို့မှ ထွက်ပြေးခိုလုံလာကြသော စစ်ဘေးရှောင်ပြည်သူများအား ဆက်လက်ကူညီ ထောက်ပံ့ရေးအဆိုကို မီဇိုရမ်ပြည်နယ် လွှတ်တော်အစည်းအဝေး ဖေဖော်ဝါရီလ ၂၄ ရက်နေ့က တညီတညွတ်တည်း အတည်ပြုခဲ့ကြသည်။

မီဇိုရမ်ပြည်နယ်တွင် ယခုကျင်းပလျှက်ရှိသော လွှတ်တော်အစည်းအဝေး (Assembly Budget Session) တွင် အတိုက်ခံ (INC) ပါတီလွှတ်တော်ကိုယ်စားလှယ် Lalrindika Ralte က စစ်ဘေးရှောင်များအရေးနှင့်ပတ်သော ယင်းအဆိုကို တင်သွင်းခဲ့ရာတွင် မူရင်းအဆို၏ စာသားအနည်းငယ်ပြောင်းလဲကာ လွှတ်တော်ကတညီတညွတ်တည်း အတည်ပြုခဲ့ကြသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် Lalrindika Ralte က “အိမ်နီးချင်းနိုင်ငံတို့မှ ဘေးကင်းလုံခြုံရေးအတွက် စစ်ဘေးရှောင်လာကြသူများကို အစိုးရအနေဖြင့် နေရာထိုင်ခင်းများစီစဉ်ပေးကာ ကြင်နာစွာပြုစုပေးပြီး၊ တစုတစည်းတည်း နေထိုင်နိုင်ရေးအတွက် သီးခြားနေရာတစ်ခုစီစဉ်ပေးရန်” ဆိုသည့်အဆိုကို တင်သွားခဲ့သည်။

ယင်းအဆိုကို တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များအားလုံးက ဝမ်းသာကြိုဆိုကြပြီး အားတက်သရော ဆွေးနွေးခဲ့ကြရာတွင် ယင်အဆို၏ မူရင်းဆိုလိုရင်းမပြောင်းဘဲ “အိမ်နီးချင်းနိုင်ငံ မြန်မာနှင့် ဘင်္ဂလားဒေရှ့်တို့မှ ဘေးကင်းလုံခြုံရေးအတွက် ရောက်ရှိလာကြသော မိမိတို့ညီအကို စစ်ဘေးရှောင်များကို မီဇိုရမ်အစိုးရနှင့် မီဇိုရမ်ပြည်သူလူထုမှ ကောင်းမွန်စွာလက်ခံကြိုဆိုသည့်အပေါ် ကျေးဇူးတင်ကြောင်း၊ လိုအပ်သလို ဆက်လက်ကူညီပြီး ၎င်းတို့နေထိုင်ရေးနှင့် လိုအပ်ချက်များအား ဆက်လက်ကူညီဖြည့်ဆည်းပေးရန်” ဟု ပြင်ဆင်ကာ အတည်ပြုခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ချင်းလူမျိုးအများစုသည် မီဇိုရမ်ပြည်နယ်ဘက်သို့ အိုးအိမ်စွန့်ခွါ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

အိန္ဒိယဗဟိုအစိုးရက မြန်မာနိုင်ငံဘက်က စစ်ဘေးရှောင်ပြည်သူများအား လက်မခံဘဲ ပြန်လည်ပို့ဆောင်ရန် ဖိအားပေးမှုခံခဲ့ရသော်လည်း မီဇိုရမ်ပြည်နယ်အစိုးရသည် အိန္ဒိယဗဟိုအစိုးရကို အာခံပြီး မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးခိုလုံလာကြသော စစ်ဘေးရှောင်ပြည်သူများကို နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့သည်။

ယခုအခါ မီဇိုရမ်ပြည်နယ်၏ လွှတ်တော်အစည်းအဝေးထိ အဆိုများတင်သွင်းကာ စစ်ဘေးရှောင်များကူညီထောက်ပံ့ရေးအတွက် အတည်ပြုခဲ့ကြခြင်းဖြစ်သည်။

မီဇိုရမ်ပြည်နယ်အစိုးရ၏ စာရင်းဇယားအရ မီဇိုရမ်ပြည်နယ်အတွင်း မြန်မာနိုင်ငံက စစ်ဘေးရှောင်ဦးရေ ၃၁၀၅၀ ရှိပြီး ဘင်္ဂလားဒေရှ်နိုင်ငံမှ စစ်ဘေးရှောင်ဦးရေ ၄၅၈ ဦးရှိ စုစုပေါင်း စစ်ဘေးရှောင်ဦးရေ ၃၁၅၀၈ ရှိသည်ဟု မီဇိုရမ်ပြည်ထဲရေးဝန်ကြီးက ဆိုသည်။

မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့ရေးတွင် ရူပီးငွေ သိန်း ၃၈၄ ကျော်အသုံးပြုပြီဖြစ်ကာ ဘင်္ဂလားဒရှေ့်က စစ်ဘေးရှောင်ပြည်သူများအတွက် ရူပီးငွေသိန်း ၃၀ စုစုပေါင်း စစ်ဘေးရှောင်ပြည်သူအားလုံးအတွက် ရူပီး သိန်း ၄၁၄ သိန်းကျော် အသုံးပြုထားပြီဟု မီဇိုရမ် ပြည်ထဲရေးဝန်ကြီးက ဆိုသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.