မာဂရက် – ချင်းပြည်နယ်၊ မတူပီမြို့တွင် မေလ ၂၃ ရက် (တနင်္ဂနွေ) နေ့က မြို့တွင်းတိုက်ပွဲဖြစ်ပွားမည်ဟု သတင်းပျံနှံ့ခဲ့ပြီးနောက် ပြည်သူများစိုးရိမ်လာပြီး မတူပီ တမြို့လုံးနီးပါး ထွက်ပြေးတိမ်း ရှောင်းနေကြရပြီး မြို့ခံတွေသာ နေရစ်ခဲ့ကြသည်ဟု သိရသည်။
“၂၃ ရက်နေ့ ပစ်မယ်ဆိုပြီး သတင်းကြားတော့ ဒီမြို့ပေါ်ကလူတွေအကုန်လုံး နယ်ဖက်အကုန်းလုံး ပြေးသွားတယ် ကျန်ခဲ့တာဆိုလို့ မတူပီမြို့ခံ အစစ်တွေပဲကျန်ခဲ့တာ၊ ဟိုးအရင်ကတည်းက နေလာ တဲ့သူတွေဒေသခံအစစ်တွေပေါ့၊ ရွာကနေတက်လာတဲ့သူတွေကြတော့ ကိုယ့်ရွာကို ပြန်သွားတာလေ၊ ဒီဒေသခံအစစ်တွေကြတော့ ကျန်ခဲ့တယ် သူတို့ကြတော့ သွားစရာ မရှိဘူးဆိုတော့ ဒီဟာပဲ ကိုယ့် ဒေသဆိုတော့လေ အဲ့လိုမျိုးတွေပဲ ကျန်ခဲ့တယ် တချို့နေရာတွေက ကျန်ပါသေးတယ်၊ တော်တော် များများကတော့ မရှိတော့ဘူး၊ သူတို့က ရွာကိုအပြီးရှောင်တာ အဲ့လိုမျိုး စစ်ဘေးရှောင်ပုံစံဖြစ်သွား တာပေါ့နော်၊ အထုပ်အပိုးနဲ့ပြေးပြီး ပြန်ကုန်တာ ကိုယ့်ရွာကိုယ်ပြန်တာ၊ အိမ်တွေဆိုရင် အကုန်ဒီအ တိုင်းပဲထားခဲ့ပြီ၊” ဟု မြို့ခံတစ်ဦးက ပြောသည်။
မတူပီမြို့ပေါ်တွင် ရပ်ကွက်ကြီး (၄) ရပ်ကွက်ရှိပြီး စန်းဘောင်ရပ်၊ ခူဘွေရပ်ကွက်၊ လောင်ဗိုင်း၊ ငလား ရပ်ကွက်ဖြစ်ပြီး ၎င်းတို့ ရပ်ကွက်ထဲတွင်လည်း မြို့ခံ၊ သက်ကြီးရွယ်အို၊ ကျန်းမာရေးအခက်အခဲ ကြောင့် မတိမ်းရှောင်နိုင်သူများသာ ကျန်ရစ်ခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် မေလ ၂၀ ကျော်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့မှ ဖနိုင်ကျေးရွာမှ (၂) ဦး၊ ရှန်းကီကျေးရွာ (၂) ဦး၊ ကျုပ်ရွာ (၁) ဦး၊ ဟားလ်တူးကျေးရွာ (၂) ဦး စုစုပေါင်း လူငယ် (၇) ဦးတို့ကိုလည်း ထပ်မံဖမ်းဆီးခဲ့ပြီး နောက်ရက်တွင် (၂) ဦးကိုပြန်လည်လွတ်မြောက်ပေးခဲ့ပေမယ့် ကျန် (၅) ဦးကိုမှု ဘာကြောင့် ဆက်လ က်ဖမ်းဆီးသည်ကို မသိရှိနိုင်သေးသည့်အပြင် လက်ရှိ မတူပီမြို့ရဲစခန်းတွင် ဖမ်းဆီးခံထားရသူ (၁၁) ဦးရှိနေကြောင်းသိရသည်။
ထို့ပြင် မတူပီမြို့သို့ ဝင်လာသည့် စက်သုံးဆီများအားလုံး စစ်တပ်မှသိမ်းဆည်းသဖြင့် တစ်ဂါလံ ၆၀၀၀ ဝန်းကျင်အထိ ဈေးတက်သွားသည့်အပြင် ဝယ်ရမည့်နေရာပင်မရှိတော့ကြောင်း မြို့ခံများထံမှသိရသည်။
ချင်းပြည်နယ်အနှံ့ရှိ မြို့ပေါ်တွင်နေထိုင်သူများမှာ စစ်ပွဲဖြစ်လာမည်ကိုစိုးရိမ်ပြီး ကျေးရွာများနှင့် အိန္ဒိယနိုင်ငံဘက်သို့နေ့စဉ် ထွက်ပြေးတိမ်းမှုများရှိနေကြောင်း သိရသည်။