• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ရခိုင္ျပည္နယ္အေျခစိုက္ သတင္းဌာန (၂) ခု၏ အြန္လိုင္းစာမ်က္ႏွာအပိတ္ခံရမႈ ျပန္ဖြင့္ေပးရန္ BNI ေတာင္းဆို

ရခိုင္ျပည္နယ္အေျခစိုက္ သတင္းဌာန (၂) ခု၏ အြန္လိုင္းစာမ်က္ႏွာအပိတ္ခံရမႈ ျပန္ဖြင့္ေပးရန္ BNI ေတာင္းဆို

0
By Editor on March 30, 2020 Headline

#Zawgyi

ရခိုင္ျပည္နယ္အေျခစိုက္ သတင္းဌာန (၂) ခု၏ အြန္လိုင္းစာမ်က္ႏွာမ်ားကို ဆက္သြယ္ေရးအင္တာနက္လိုင္းမွတဆင့္ ဖတ္႐ႈ၍မရေအာင္ ပိတ္ပင္ခံရမႈသည္ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုင္ခြင့္ (Freedom of Expression) ကို ခ်ဴိးေဖာက္ရာေရာက္ၿပီး အျမန္ဆံုးျပန္ဖြင့္ေပးရန္ (Burma News International – BNI) ကေတာင္းဆိုလိုက္သည္။

ရခိုင္ျပည္နယ္အေျခစိုက္ နိရဥၨရာသတင္းဌာနႏွင့္ Development Media Group (DMG) သတင္းဌာနတို႔၏ အြန္လိုင္း (Website) သတင္းစာမ်က္ႏွာသည္ မတ္လ ၂၃ ရက္ႏွင့္ ၂၄ ရက္ေန႔မ်ားမွစ၍ ဆက္သြယ္ေရး ေအာ္ပေရတာႏွစ္ခုျဖစ္သည့္ ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္း (MPT) ႏွင့္ Mytel ဖုန္းအင္တာနက္လိုင္းမ်ားမွ ၀င္ေရာက္ဖတ္႐ႈ၍မရေတာ့ျခင္းျဖစ္သည္။

ယင္းကိစၥႏွင့္ပတ္သက္၍ (BNI) ၏ မူ၀ါဒေရးရာေကာ္မတီ ဥကၠဌ နန္းေဖာ့ေဂက “ဒီအခ်ိ္န္ဟာ သတင္းမီဒီယာေတြ ျပည္သူထံ သတင္းမွန္ေပးပို႔ႏိုင္ေရးဟာ အေရးႀကီးဆံုးအခ်ိန္ ျဖစ္ေနပါတယ္၊ ဒီမိုကေရစီႏိုင္ငံကို ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အရ ခ်ီတက္ေနတဲ့ က်မတို႔ႏုိင္ငံမွာလည္း စစ္ေရးပဋိပကၡအေျခအေနေတြနဲ႔ လတ္တေလာ ရင္ဆိုင္ေနရတဲ့ Covid-19 ကမၻာ့ကူးစက္ေရာဂါဆိုင္ရာ သတင္းေတြကို က်င့္၀တ္နဲ႔အညီ သတင္းထုတ္လုပ္ေနတဲ့ အထူးသျဖင့္ ျပည္နယ္အေျခစိုက္မီဒီယာေတြကို ပိတ္ပင္လိုက္ျခင္းဟာ လူထုပရိသတ္ေတြကို သတင္းအေမွာင္ခ်ရာေရာက္သလို အစိုးရက Freedom of Expression ကို ခ်ဳိးေဖာက္ရာေရာက္ေနပါတယ္’’ ဟု ေျပာသည္။

ကမၻာ့ကပ္ေရာဂါတစ္ခုျဖစ္သည့္ ကို႐ိုနာဗိုင္းရပ္စ္ (COVID-19) အတြက္ အေရးေပၚ ကာကြယ္၊ ေစာင့္ၾကည့္၊ ကုသမႈမ်ားကို ႏိုင္ငံအသီးသီးတြင္ စီမံခ်က္ျဖင့္ အထူးသတိျပဳေဆာင္ရြက္ေနၾကေပရာ ျမန္မာႏုိင္ငံ၏ တိုင္းေဒသႀကီးမ်ားႏွင့္ ျပည္နယ္ေဒသမ်ားရွိ တိုင္းရင္းသားသတင္းဌာနမ်ား၏ ျပည္သူမ်ားထံ သတင္းအခ်က္အလက္မွန္မ်ားကို အခ်ိန္မွီေရးသားေပးပို႔ေဖာ္ျပမႈမ်ားမွာ လြန္စြာအေရးႀကီးေနခ်ိန္ျဖစ္သည္ဟု BNI ၏ ထုတ္ျပန္ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

အလားတူ ကရင္ျပည္နယ္အေျခစိုက္ ကရင္သတင္းဌာန (KIC) ၏ Karen News အဂၤလိပ္ပိုင္း သတင္းစာမ်က္ႏွာကိုလည္း MPT ဖုန္းအင္တာနက္ျဖင့္  မတ္လ ၂၆ ရက္ေန႔မွစ၍ ၾကည့္ရႈ၍မရေတာ့ေၾကာင္း BNI ၏ ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

ယခုလက္ရွိတြင္ Development Media Group (DMG) ၏ အြန္လိုင္း (Website) သတင္းစာမ်က္ႏွာသည္ ျပန္လည္ၾကည့္႐ႈ၍ရၿပီဟုသိရၿပီး နိရဥၨရာသတင္းဌာန၏ အြန္းလိုင္း (Website) သည္ ၾကည့္ရႈ၍မရေသးေပ။

နိရဥၨရာသတင္းဌာနရဲ႕ အယ္ဒီတာခ်ဳပ္ျဖစ္သူ ကိုခိုင္ျမတ္ေက်ာ္က “MPT နဲ႔ Mytel အင္တာနက္သုံးျပီးပဲဝင္လို႔မရတာ၊ တျခားဟာနဲ႔ဆိုရင္ရတယ္၊ ဆက္သြယ္ေရးဝန္ၾကီးဌာနက အေကာင့္နဲ႔ ဝက္ဘ္ဆိုက္ ၂၀၀ ေက်ာ္ေလာက္ကို ပိတ္တယ္လို႔ေျပာတယ္၊ သူတို႔က သတင္းဌာနအေၾကာင္းေတြကိုသိပ္မသိပဲနဲ႔ အဲဒီမွာ ရခိုင္က ကၽြန္ေတာ္တို႔နဲ႔ DMG တို႔ ပါသြားတာေပါ့၊ တျခားကဆိုရင္ KIC လည္းပါတယ္၊ အခုထိေတာ့ ကၽြန္ေတာ္တို႔ဘက္က ဆက္သြယ္တာေတြမလုပ္ေသးပါဘူး၊ ဘယ္လိုျဖစ္လာမလဲဆိုတာ အေျခအေနေစာင့္ၾကည့္ေနတယ္၊ ဒါက သတင္းေတြအေမွာင္ခ်ဖို႔ၾကိဳးစားတာပဲလို႔ ေျပ ာခ်င္ပါတယ္၊ လူထုေတြဆီကို သတင္းအမွန္မေရာက္ဖို႔၊ ရခိုင္ျပည္မွာဘာျဖစ္ေနတယ္ စတဲ့သတင္းအေမွာင္ခ်တဲ့ပုံစံမ်ိဳးျဖစ္ေနတယ္” ဟုေျပာပါသည္။

Development Media Group (DMG) ႏွင့္ နိရဥၨရာသတင္းဌာသည္ ရခိုင္ျပည္နယ္တြင္ျဖစ္ပ်က္ေနသည့္ သတင္းမ်ားကို အဓိကေရးသားတင္ဆက္သည့္ သတင္းဌာနျဖစ္ၿပီး တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္အၾကား တိုက္ပြဲသတင္း၊ တိုက္ပြဲေၾကာင့္ စစ္ေဘးတိမ္းေရွာင္ေနၾကရသည့္ စစ္ေဘးဒုကၡသည္မ်ားသတင္းကို ယခုရက္ပိုင္းအတြင္း စဥ္ဆက္မျပတ္ ေရးသားတင္ဆက္ေနသည့္ သတင္းဌာမ်ားျဖစ္သည္။

အရပ္သားအစိုးရတစ္ရပ္ျဖစ္သည့္ NLD အစိုးရအေနျဖင့္ လက္ရွိျဖစ္ပ်က္ေနေသာ သတင္းဌာနမ်ားအေပၚ ဆက္သြယ္ေရးေအာ္ပေရတာမ်ားက ၀က္ဘ္ဆိုက္စာမ်က္ႏွာမ်ားကို ပိတ္ပင္မႈႏွင့္ ရခိုင္၊ ခ်င္းျပည္နယ္မ်ားတြင္ အင္တာနက္လိုင္းမ်ား ျဖတ္ေတာက္ထားျခင္းကို ျပန္လည္ဖြင့္ေပးရန္ႏွင့္ လြတ္လပ္စြာ သတင္းရယူခြင့္၊ ထုတ္ေဖာ္ေရးသားခြင့္အတြက္ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီ (MPC) အေနျဖင့္ ကူညီေဆာင္ရြက္ေပးသြားေစလိုေၾကာင္း တိုက္တြန္းသည္ဟု BNI ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

Burma News International – BNI ကို ျမန္မာနိုင္ငံအေနာက္ဘက္ နယ္စပ္ေဒသမ်ားျဖစ္ေသာ ျမန္မာ-ဘဂၤလားေဒရွ္႕၊ ျမန္မာ-အိႏိၵယနယ္စပ္မ်ားတြင္ အေျချပဳသည့္ မီဒီယာအဖြဲ႔အစည္းေလးခု Mizzima News, Narinjara News, Kaladan Press Network ႏွင့္ Khonumthung News တို႔မွ ၂၀၀၃ ခုႏွစ္တြင္ အိႏိၵယႏိုင္ငံ ကလကတၱားၿမိဳ႕တြင္ စတင္တည္ေထာင္ခဲ့ၾကၿပီး ယခုလက္ရွိတြင္ အဖြဲ႔၀င္တိုင္းရင္းမီဒီယာစုစုေပါင္း (၁၆) ဖြဲ႔ရွိၿပီျဖစ္သည္။

#Unicode

ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာန (၂) ခု၏ အွန်လိုင်းစာမျက်နှာများကို ဆက်သွယ်ရေးအင်တာနက်လိုင်းမှတဆင့် ဖတ်ရှု၍မရအောင် ပိတ်ပင်ခံရမှုသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုင်ခွင့် (Freedom of Expression) ကို ချိူးဖောက်ရာရောက်ပြီး အမြန်ဆုံးပြန်ဖွင့်ပေးရန် (Burma News International – BNI) ကတောင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ်အခြေစိုက် နိရဉ္ဇရာသတင်းဌာနနှင့် Development Media Group (DMG) သတင်းဌာနတို့၏ အွန်လိုင်း (Website) သတင်းစာမျက်နှာသည် မတ်လ ၂၃ ရက်နှင့် ၂၄ ရက်နေ့များမှစ၍ ဆက်သွယ်ရေး အော်ပရေတာနှစ်ခုဖြစ်သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် Mytel ဖုန်းအင်တာနက်လိုင်းများမှ ဝင်ရောက်ဖတ်ရှု၍မရတော့ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ (BNI) ၏ မူဝါဒရေးရာကော်မတီ ဥက္ကဌ နန်းဖော့ဂေက “ဒီအချိ်န်ဟာ သတင်းမီဒီယာတွေ ပြည်သူထံ သတင်းမှန်ပေးပို့နိုင်ရေးဟာ အရေးကြီးဆုံးအချိန် ဖြစ်နေပါတယ်၊ ဒီမိုကရေစီနိုင်ငံကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရ ချီတက်နေတဲ့ ကျမတို့နိုင်ငံမှာလည်း စစ်ရေးပဋိပက္ခအခြေအနေတွေနဲ့ လတ်တလော ရင်ဆိုင်နေရတဲ့ Covid-19 ကမ္ဘာ့ကူးစက်ရောဂါဆိုင်ရာ သတင်းတွေကို ကျင့်ဝတ်နဲ့အညီ သတင်းထုတ်လုပ်နေတဲ့ အထူးသဖြင့် ပြည်နယ်အခြေစိုက်မီဒီယာတွေကို ပိတ်ပင်လိုက်ခြင်းဟာ လူထုပရိသတ်တွေကို သတင်းအမှောင်ချရာရောက်သလို အစိုးရက Freedom of Expression ကို ချိုးဖောက်ရာရောက်နေပါတယ်’’ ဟု ပြောသည်။

ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ် (COVID-19) အတွက် အရေးပေါ် ကာကွယ်၊ စောင့်ကြည့်၊ ကုသမှုများကို နိုင်ငံအသီးသီးတွင် စီမံချက်ဖြင့် အထူးသတိပြုဆောင်ရွက်နေကြပေရာ မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးများနှင့် ပြည်နယ်ဒေသများရှိ တိုင်းရင်းသားသတင်းဌာနများ၏ ပြည်သူများထံ သတင်းအချက်အလက်မှန်များကို အချိန်မှီရေးသားပေးပို့ဖော်ပြမှုများမှာ လွန်စွာအရေးကြီးနေချိန်ဖြစ်သည်ဟု BNI ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

အလားတူ ကရင်ပြည်နယ်အခြေစိုက် ကရင်သတင်းဌာန၏ Karen News အင်္ဂလိပ်ပိုင်း သတင်းစာမျက်နှာကိုလည်း MPT ဖုန်းအင်တာနက်ဖြင့်  မတ်လ ၂၆ ရက်နေ့မှစ၍ ကြည့်ရှု၍မရတော့ကြောင်း BNI ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယခုလက်ရှိတွင် Development Media Group (DMG) ၏ အွန်လိုင်း (Website) သတင်းစာမျက်နှာသည် ပြန်လည်ကြည့်ရှု၍ရပြီဟုသိရပြီး နိရဉ္ဇရာသတင်းဌာန၏ အွန်းလိုင်း (Website) သည် ကြည့်ရှု၍မရသေးပေ။

နိရဉ္ဇရာသတင်းဌာနရဲ့ အယ်ဒီတာချုပ်ဖြစ်သူ ကိုခိုင်မြတ်ကျော်က “MPT နဲ့ Mytel အင်တာနက်သုံးပြီးပဲဝင်လို့မရတာ၊ တခြားဟာနဲ့ဆိုရင်ရတယ်၊ ဆက်သွယ်ရေးဝန်ကြီးဌာနက အကောင့်နဲ့ ဝက်ဘ်ဆိုက် ၂၀ဝ ကျော်လောက်ကို ပိတ်တယ်လို့ပြောတယ်၊ သူတို့က သတင်းဌာနအကြောင်းတွေကိုသိပ်မသိပဲနဲ့ အဲဒီမှာ ရခိုင်က ကျွန်တော်တို့နဲ့ DMG တို့ ပါသွားတာပေါ့၊ တခြားကဆိုရင် KIC လည်းပါတယ်၊ အခုထိတော့ ကျွန်တော်တို့ဘက်က ဆက်သွယ်တာတွေမလုပ်သေးပါဘူး၊ ဘယ်လိုဖြစ်လာမလဲဆိုတာ အခြေအနေစောင့်ကြည့်နေတယ်၊ ဒါက သတင်းတွေအမှောင်ချဖို့ကြိုးစားတာပဲလို့ ပြေ ာချင်ပါတယ်၊ လူထုတွေဆီကို သတင်းအမှန်မရောက်ဖို့၊ ရခိုင်ပြည်မှာဘာဖြစ်နေတယ် စတဲ့သတင်းအမှောင်ချတဲ့ပုံစံမျိုးဖြစ်နေတယ်” ဟုပြောပါသည်။

Development Media Group (DMG) နှင့် နိရဉ္ဇရာသတင်းဌာသည် ရခိုင်ပြည်နယ်တွင်ဖြစ်ပျက်နေသည့် သတင်းများကို အဓိကရေးသားတင်ဆက်သည့် သတင်းဌာနဖြစ်ပြီး တပ်မတော်နှင့် ရက္ခိုင့်တပ်တော်အကြား တိုက်ပွဲသတင်း၊ တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်နေကြရသည့် စစ်ဘေးဒုက္ခသည်များသတင်းကို ယခုရက်ပိုင်းအတွင်း စဉ်ဆက်မပြတ် ရေးသားတင်ဆက်နေသည့် သတင်းဌာများဖြစ်သည်။

အရပ်သားအစိုးရတစ်ရပ်ဖြစ်သည့် NLD အစိုးရအနေဖြင့် လက်ရှိဖြစ်ပျက်နေသော သတင်းဌာနများအပေါ် ဆက်သွယ်ရေးအော်ပရေတာများက ဝက်ဘ်ဆိုက်စာမျက်နှာများကို ပိတ်ပင်မှုနှင့် ရခိုင်၊ ချင်းပြည်နယ်များတွင် အင်တာနက်လိုင်းများ ဖြတ်တောက်ထားခြင်းကို ပြန်လည်ဖွင့်ပေးရန်နှင့် လွတ်လပ်စွာ သတင်းရယူခွင့်၊ ထုတ်ဖော်ရေးသားခွင့်အတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC) အနေဖြင့် ကူညီဆောင်ရွက်ပေးသွားစေလိုကြောင်း တိုက်တွန်းသည်ဟု BNI ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Burma News International – BNI ကို မြန်မာနိုင်ငံအနောက်ဘက် နယ်စပ်ဒေသများဖြစ်သော မြန်မာ-ဘင်္ဂလားဒေရှ့်၊ မြန်မာ-အိန္ဒိယနယ်စပ်များတွင် အခြေပြုသည့် မီဒီယာအဖွဲ့အစည်းလေးခု Mizzima News, Narinjara News, Kaladan Press Network နှင့် Khonumthung News တို့မှ ၂၀ဝ၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ကလကတ္တားမြို့တွင် စတင်တည်ထောင်ခဲ့ကြပြီး ယခုလက်ရှိတွင် အဖွဲ့ဝင်တိုင်းရင်းမီဒီယာစုစုပေါင်း (၁၆) ဖွဲ့ရှိပြီဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက် ပိုမစုရနှင့် ညမထွက်ရအမိန့် ထုတ်ပြန်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီအများစု ပျက်ပြယ်သွားနိုင်လို့ CNLD ပါတီဥက္ကဌပြော

စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.