• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ရိခေါဒါရ်မြို့အမှတ် ၂ ရပ်ကွက်က နေအိမ်တချို့ စစ်ကောင်စီတပ်က မီးရှို့

ရိခေါဒါရ်မြို့အမှတ် ၂ ရပ်ကွက်က နေအိမ်တချို့ စစ်ကောင်စီတပ်က မီးရှို့

0
By Editor on October 28, 2022 Headline

ချင်းပြည်နယ် ရိခေါဒါရ်မြို့အမှတ် ၂ ရပ်ကွက် သချိုင်းကုန်းအနီးရှိ နေအိမ်တချို့ကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့နေ့လယ် ၁၂ နာရီကျော်ကျော်ခန့်က မီးရှို့ခဲ့သည်ဟု သိရသည်။

ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့များ မြို့ထဲသို့ဆင်းလာသည့်အချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး သေနတ်ပစ်ခတ်မှုများထွက်ပေါ်လာခဲ့ပြီးနောက် ၎င်းတို့တပ်စွဲရာတောင်ကုန်းအနီး အမှတ် ၂ ရပ်ကွက်အပေါ်ပိုင်း သချိုင်းကုန်းအနီးတွင်ရှိသော လူနေအိမ်ကို မီးရှို့ခဲ့ကြခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့မှုကြောင့် နေအိမ်မည်မျှလောင်ကျွမ်းခဲ့သည်ကိုမူ မသိရကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် ဒေသခံတချို့မှာ တဖက်မီဇိုရမ်ဘက်သို့ ပြေးသွားသူလည်းရှိသည်ဟု ဒေသခံကဆိုသည်။

ယနေ့မနက်ပိုင်း မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသည်ဟုယူဆရသော တပ်သား ၂ ဦး၏ ရုပ်အလောင်းကိုလည်း စစ်ကောင်စီတပ်သားများက သယ်ဆောင်သွားကြသည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

ဖလမ်း-ဟားခါးကြားတွင် ပျောက်ဆုံးသွားသူနှစ်ဦး၏ မီးရှို့ခံထားရသော အလောင်းတွေ့ရှိ

ဟားခါးမြို့ပေါ်တွင် ဓားပြတိုက်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦးဓားထိုးခံရ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.