• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ရိ နှင့် တီးတိန်မြို့အကြား နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသစ် အိန္ဒိယအကူအညီဖြင့်ဖောက်မည်

ရိ နှင့် တီးတိန်မြို့အကြား နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသစ် အိန္ဒိယအကူအညီဖြင့်ဖောက်မည်

0
By Editor on March 20, 2019 Khonumthung

By လားနွန် – အိန္ဒိယ-မြန်မာနယ်စပ် အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးလမ်းမကြီး ရိ-တီးတိန်အကြား ကားလမ်းကြောင်းအသစ်ကို နှစ်လမ်းသွားဖြင့် အိန္ဒိယနိုင်ငံ၏အကူအညီနှင့် ဖောက်လုပ်သွားမည်ဟု ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“အိန္ဒိယထောက်ပံ့ငွေနဲ့ပဲ အစအဆုံးလုပ်မယ်၊ စီမံကိန်းလုပ်နေပါပြီ၊ အခု လမ်းစီမံကိန်းအတွက် လေ့လာဆန်းစစ်မှုလည်းလုပ်နေပြီ၊ နဂိုသုံးနေတဲ့လမ်းကိုရှောင်ပြီးတော့မှ နောက်လမ်းအသစ်ဖောက်မှာ၊ အိန္ဒိယကလည်း သူတို့သတ်မှတ်တဲ့ဘက်ဂျက်နဲ့ လေ့လာဆန်းစစ်မှုတွေ၊ တစ်ချို့ကိစ္စတွေမှာလည်း လျော်ကြေးပေးမှုတွေဘာတွေ အကုန်လုံး တွက်ချက်တိုင်းတာပြီးပြီ၊ ဒါလဲ သူတို့မကြာခင်စမှာပါ” ဟု စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

ယခုလက်ရှိ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအဖြစ် အသုံးပြုနေသည့် ရိ-တီးတိန်အကြား လမ်းမကြီးသည် တောင်တက်တောင်ဆင်း အလွန်ကြမ်းတမ်းပြီး ခရီးသည်နှင့် ကုန်ပစ္စည်းတင်ယာဉ်များ သွားလာရေးခက်ခဲမှုရှိနေသည့်အတွက် လမ်းကြောင်းအသစ်ဖောက်လုပ်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု ၀န်ကြီးကဆက်ပြောသည်။

“အခုလမ်းက တောင်အတက်အဆင်းကြမ်းတယ်၊ ဒီအဝေးပြေးလမ်းက ဒီကုန်ပစ္စည်းတင်တဲ့သူတွေအတွက် အတက်အဆင်း တော်တော်ခက်ခဲပါတယ်၊ အဲဒါကြောင့် ပြေပြေလေးနဲ့သွားလို့ရမယ့်လမ်းကို ဖောက်လုပ်မယ်၊ အခုလက်ရှိ အသုံးပြုနေတဲ့လမ်းထက်တော့ မိုင် (၂၀) ကျော်လောက် ပိုရှည်သွားမယ်” ဟု ၀န်ကြီးဦးစိုးထက်က ပြောသည်။

ရိ-တီးတိန်ကြား ကားလမ်းကြောင်းသစ်စီမံကိန်းကို အကောင်အထည်ဖော်ပါက ခရီးသွားပြည်သူများအတွက် လုံလုံခြုံခြုံနှင့် အန္တရာယ်ကင်းကင်းဖြင့် သွားနိုင်တော့မည်ဟု ရိခေါဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးချန့်လျန်နာက ပြောသည်။

“တကယ်လုပ်ပေးနိုင်ရင်တော့ ကောင်းတာပေါ့လေ၊ ဘာလို့လဲဆိုတော့ အခုလမ်းတွေကလည်း သိတဲ့အတိုင်းပဲလေ၊ ဟိုးအရင်တုန်းက ကားလမ်းတွေကို ပြန်ချဲ့တဲ့လမ်းတွေဆိုတော့ တအား အတက်အဆင်းလည်းကြမ်းတဲ့၊ အန္တရာယ်လည်းတအားများတယ်၊ နောက်ပြီးတော့ မိုင်အားဖြင့် တီးတီန်နှင့် ရိဒ်ဟာမိုင် (၃၀) ကျော်ပဲရှိပေမယ့် လမ်းကကြမ်းတဲ့အခါကျတော့ ကျောက်ခင်းလည်းပဲဘယ်လောက်မှကြာကြာမခံဘူး၊ ဒီမှာ ရေတိုက်စားမှုက တအားကြမ်းတယ်၊ သူတို့လုပ်တဲ့ပုံစံတိုင်း လမ်းကိုပြောင်းမယ်ဆိုရင်တော့ အစပေါင်းများစွာ ခရီးကတော့ ရှည်သွားမယ်၊ ရှည်ပေမဲ့လည်း လူတွေအတွက်ကတော့ အန္တရာယ်ကင်းသွားမယ်” ဟု ဦးချန့်လျန်နာကပြောသည်။

သို့သော်လည်း လုပ်ငန်းဆောင်ရွက်အကောင်ထည်ဖော်ဆောင်ရာတွင် အိမ်၊ လယ်ယာ၊ ဥယျာဉ်ခြံမြေများ ဖြတ်သန်းသွားလာရမည်ဖြစ်သည့်အတွက် ဒေသခံများ နစ်နာမှုမရှိအောင် သင့်တင့်မျှတသည့် လျော်ကြေးများ ပေးစေလိုသည်ဟု ရိခေါဒါရ်အုပ်ချူပ်ရေးမှူးကဆက်ပြောသည်။

ရိခေါဒါရ်မြို့နှင့် တီးတိန်မြို့သည် (၃၃) မိုင်ကျော်ကွာဝေးပြီး ကလေး-တီးတိန်-ရိ ကားလမ်းသည် အိန္ဒိယ-မြန်မာအမှတ် (၂) နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအဖြစ် အဓိကအသုံးပြုနေသည့် လမ်းကြောင်းဖြစ်သည်။

ကလေးနှင့် တီးတိန်အကြား ကားလမ်းသည် အတော်အသင့်အဆင်ပြေသော်လည်း တီးတိန်နှင့် ရိအကြားကားလမ်းသည် အထူးသဖြင့် မိုးတွင်းကာလတွင် ကားလမ်းဆိုးရွားသည့်ဒဏ်ကို နှစ်စဉ်နှစ်တိုင်း ရင်ဆိုင်ကြုံတွေ့နေကြရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထန်တလန်မြို့တွင် စစ်ကောင်စီတပ်သား ၆ ဦးကို ချင်းကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး

“တမူးမြို့နယ်တွင် ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက သားအမိ ၃ ဦးကို သေနတ်ဖြင့်ပစ်ခတ်သွား” ဆိုတဲ့သတင်းအမှား

“တမူးမြို့နယ် မလူကျေးရွာအတွင်းသို့ ပီဒီအက်(ဖ်) အကြမ်းဖက်သမား ၅၀ ဦးခန့် ဝင်ရောက်လာပြီး ငွေကြေးနှင့် တန်ဖိုးရှိပစ္စည်း များအားလုယက်ယူဆောင်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီး” ဆိုတဲ့သတင်းအမှား

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.