Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ရုန်းတောင်စစ်ဆင်ရေးအမည်ဖြင့် ဟားခါးမြို့မရဲစခန်းကို CDF-Hakha ဝင်ရောက်စီးနင်း၊ အမျိုးသမီး ၁၃ ဦးအပါအဝင် အကျဉ်းသား ၆၂ ဦးကိုကယ်ထုတ်

ရုန်းတောင်စစ်ဆင်ရေးအမည်ဖြင့် ဟားခါးမြို့မရဲစခန်းကို CDF-Hakha ဝင်ရောက်စီးနင်း၊ အမျိုးသမီး ၁၃ ဦးအပါအဝင် အကျဉ်းသား ၆၂ ဦးကိုကယ်ထုတ်

0
By Editor on July 20, 2024 Headline

ချင်းပြည်နယ် ဟားခါးမြို့ ဝမ္မသူးမောင် အားကစားကွင်းအနီးတွင်တည်ရှိသော မြို့မရဲစခန်းကို CDF-Hakha တပ်ဖွဲ့က ရုန်းတောင်စစ်ဆင်ရေးအမည်ဖြင့် ယနေ့မနက်ပိုင်း ၅ နာရီခန့်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ရာမှာ အမျိုးသမီး ၁၃ ဦးအပါအဝင် အကျဉ်းသား ၆၂ ဦးကို ကယ်ထုတ်ခဲ့သည်ဟု CDF-Hakha က သတင်းထုတ်ပြန်လာသည်။

ယနေ့ ဇူလိုင်လ ၂၀ ရက်၊ နံနက် ၅ နာရီခွဲခန့်တွင် ရုန်းတောင်စစ်ဆင်ရေး (Operation Rung) အမည်ဖြင့် ချင်းလဲန်းကောင်စီအဖွဲ့ဝင် Chinland Defense Force – Hakha မှ ဟားခါးမြို့မရဲစခန်းကို စီးနင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ကြသည်။

ထိုရုန်းတောင်စစ်ဆင်ရေးတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၄ ဦးသေဆုံးကာ လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိခဲ့ပြီး အကျဥ်းသား ၆၂ ဦး (အမျိုးသား ၄၉ ယောက်နှင့် အမျိုးသမီး ၁၃ ယောက်) တို့ကို ကယ်ထုတ်ခဲ့ကြသည်ဟု CDF-Hakha က ထုတ်ပြန်သည်။

အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ဆုံးခန်းတိုင်အောင် ဆက်လက်တိုက်ပွဲဖော်ဆောင်သွားမည်ဖြစ်သည့်အတွက် ပြည်လူထုမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်‌ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ဟု CDF-Hakha က ထုတ်ပြန်သည်။

ရုန်းတောင်စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာလက စတင်ဖော်ဆောင်ခဲ့ကြပြီး ရုန်းတောင်စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်နှင့် စစ်အုပ်စုယန္တရားကို ထောက်ပံ့နေသူ ၁၀ ဦးတို့ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီးဖြစ်ကြောင်း CDF-Hakha ထံမှ သိရသည်။

CDF-Hakha တပ်ဖွဲ့အနေဖြင့် ဟားခါးမြို့နယ်၏ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ပြီဖြစ်ကာ ကျန်ရှိနေသေးသော ၃၀ ရာခိုင်နှုန်းအား အပြီးသတ်ထိန်းချုပ်နိုင်ရေးအတွက် ရုန်းတောင်စစ်ဆင်ရေးကို ဆက်လက်ဖော်ဆောင်လျှက်ရှိကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့နယ်က လူငယ်များအားလုံး အရံတပ်ဖွဲ့သင်တန်းတက်ရောက်ရန် CDF-Hakha ထုတ်ပြန်

CNDF နှင့် CDF-Hualngoram ပဋိပက္ခကို ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာကြရန် CC နှင့် CB တိုက်တွန်း

CNO/CNDF နှင့် CDF-Hualngoram တို့ အပြန်အလှန်ပစ်ခတ်နေမှုကို နိုင်ငံရေးအရ အဖြေရှာသင့်ဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.