• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ရေဇွာမြို့မှ ပြည်သူအားလုံး စစ်ဘေးတိမ်းရှောင်နေကြရ

ရေဇွာမြို့မှ ပြည်သူအားလုံး စစ်ဘေးတိမ်းရှောင်နေကြရ

0
By Editor on February 10, 2022 Headline

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ် ရေဇွာမြို့မှာ စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ အကြားတိုက်ပွဲပြင်းထန်လာမှုနဲ့ စစ်ကောင်စီဘက်က စစ်အင်အားဖြည့်တင်းမှုတွေကြောင့် မြို့ပေါ်မှာရှိ ကြတဲ့ပြည်သူအာလုံးဟာ အိန္ဒိယ-မြန်မာနယ်စပ်နဲ့ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရ တယ်လို့ သိရပါတယ်။

“ရေဇွာမြို့မှာ ဘယ်သူမှမရှိဘူး စစ်တပ်က နေရာယူထားတယ်။ ရေဇွာစခန်းမှာတိုက်ပွဲဖြစ်လို့လေ စစ်တပ်နဲ့ CDF တွေရဲ့တိုက်ပွဲကြောင့်အဲဒီအနီးတဝိုက်ကရွာတွေကတိမ်းရှောင်တယ် အလှမ်းဝေးတဲ့နေရာမှာကိုပြောင်း တာတော့မရှိဘူး အနီးနားမှာပဲခိုလုံနေကြတယ် အဲဒီနောက်ပိုင်း မတူပီကနေ ထိုးစစ်ဆင်လာတဲ့နောက်ပိုင်းမှပဲ ရေဇွာတစ်မြို့ကလူတွေက ပြည်ပဘက်ကိုထွက်ခွါတဲ့လူတွေရှိသလို ထန်တလန်မြို့နယ်ဘက်က အိန္ဒိယ-နယ်စပ်ဘက်ကိုတိမ်းရှောင်တဲ့သူလည်းရှိတယ်” ဟု ရေဇွာမြို့အနီးက ဒေသခံတစ်ဦးကပြောပါတယ်။

ဇိုတုန်မျိုးနွယ်စုတွေအများစုနေထိုင်ကြတဲ့ ရေဇွာမြို့ဟာ မတူပီ-ဟားခါးကားလမ်းမပေါ်မှာတည်ရှိတဲ့မြို့ဖြစ်ပြီး အိမ်ခြေ ၈၀၀ ကျော် နဲ့ လူဦးရေ ၄ ထောင်ကျော်လောက်ရှိတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အောက်တိုဘာလကစပြီး CDF-Zotung တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲစတင်ဖြစ်ပွား လာခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့ နဲ့ CDF-Zotung အပါဝင် ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၈ ဦးသေဆုံးခဲ့တယ်လို့ CDF-Zotung ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

အဲဒီတိုက်ပွဲဖြစ်ပွားတဲ့နောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မတူပီမြို့ကနေ ရေဇွာမြို့ကို စစ်အင်အားဖြည့် တင်းကာ ရေဇွာမြို့မှာတပ်စွဲထားတာကြောင့်မြို့ခံပြည်သူအများစုဟာ အဲဒီချိန်ကတည်းက ထွက်ပြေးတိမ်း ရှောင်လာခဲ့ရာကနေ ခုဆိုရင် ရေဇွာမြို့မှာပြည်သူတစ်ယောက်မှမကျန်တော့ဘူးလို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ချင်းပြည်နယ်မှာ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ထန်တ လန်မြို့က ပြည်သူအားလုံးဟာလည်း ၂၀၂၁ ခုနှစ် စက်တင်ဘာလကတည်းက မြို့ကိုစွန့်ခွါပြီး အိန္ဒိယ-မြန်မာနယ်စပ်နဲ့ မီဇိုရမ်ပြည်နယ်ဘက်ကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီးဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထန်တလန်ဖက်ကို စကစက လေကြောင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေ

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.