ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သား ပြည့်ဖြိုးဇင်၊ (တသ၊ လ-၂၆၆၇၂၉) သည် လက်နက်နှင့်အတူ CDF-Kanpetlet တပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့သည်ဟု သိရသည်။
ရဲတပ်သား ပြည့်ဖြိုးဇင်အနေဖြင့် အလင်းဝင်လိုကြောင်း ဆက်သွယ်ခဲ့ရာ သွားရောက်ကြိုဆိုခေါ်ဆောင်ခဲ့သည်ဟု CDF-Kanpetlet အဖွဲ့က ယနေ့ထုတ်ပြန်သည်။
CDF-Kanpetlet အနေဖြင့် ၎င်းကို ထိုက်သင့်သော ဂုဏ်ပြုချီးမြှင့်ငွေကို ပေးအပ်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။
ပြည်သူနှင့်ပူးပေါင်းလိုသော မည်သည့် ရဲနှင့် တပ်မတော်သားကိုမဆို နွေးထွေးစွာ ဖိတ်ခေါ်လျက်ရှိကြောင်း CDF-Kanpetlet က ထုတ်ပြန်ထားသည်။
ရဲတပ်သား ပြည့်ဖြိုးဇင်နှင့်အတူပါလာသော လက်နက်များမှာ –
(၁) G3 (၁) လက်
(၂) M16 (၁) လက်
(၃) G3 ကျည်ဘောက် (၃) ခု
(၄) M16 ကျည်ဘောက် (၂) ခု
(၅) 7.62 ကျည် (၁၁၀) တောင့်
(၆) 9mm ကျည် (၅) တောင့်
(၇) ကျည်ကာ (၁) ထည် ဖြစ်ပါသည်။