• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»လက်နက်အင်အားမမျှမှုကြောင့် CDF-ကန်ပက်လက်တပ် ၂ စခန်းစွန့်လွှတ်လိုက်ရ၊ စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံး

လက်နက်အင်အားမမျှမှုကြောင့် CDF-ကန်ပက်လက်တပ် ၂ စခန်းစွန့်လွှတ်လိုက်ရ၊ စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံး

0
By Editor on June 13, 2022 Headline

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင် ဇွန်လ ၉ ရက်နေ့ကတည်းက တိုက်ပွဲပြင်းထန်နေပြီး လက်နက်အင်အား မမျှမှုကြောင့် CDF-ကန်ပက်လက်တပ်ရင်း ၂ Vakok စခန်းကို စွန့်လွှတ်လိုက်ရသော်လည်း ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးခဲ့သည်ဟု သိရသည်။

မကွေးတိုင်း ကျောက်ထုမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၉ ရက်နေ့က ကန်ပက်လက်မြို့နယ်သို့ စစ်ကြောင်းထိုးလာသောကြောင့် CDF- ကန်ပက်လက်အပါဝင် ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီး အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးခဲ့သည်ဟု ကန်ပက်လက်ပြည်သူ့အုပ်ချုပ်ရေး တာဝန်ခံတစ်ဦးက ပြောသည်။

“ကန်ပက်လက်နယ်ထဲ အထက်လက်မွန်ကျေးရွာဝန်းကျင်မှာဖြစ်တာ။ အဲ့မှာ စစ်ကောင်စီဖက်က ၉ ယောက်ကျဆုံးတာ သေချာတယ်။ ကျွန်တော်တို့ဖက်ကတော့ အထိအခိုက်မရှိဘူူး။ မနေ့ကလည်း တောက်လျှောက်ဖြစ်တယ်။ စစ်ရေးတော့ တင်းမာ နေတယ်ဆက်ဖြစ်ဖို့ တောက်လျှောက်ဖြစ်ဖို့များတယ်။” ဟု ကန်ပက်လက်ပြည်သူ့အုပ်ချုပ်ရေး တာဝန်ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်နှင့် CDF-ကန်ပက်လက် ပူးပေါင်းတပ်ဖွဲ့တို့သည် ဇွန်လ ၉ ရက်နေ့ မနက် ၁၀ နာရီမှ ၁၁ နာရီထိတစ်ကြီမ်၊ ညနေ ၅ နာရီမှ ၆ နာရီထိတစ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

စစ်ကောင်စီတပ်ဖွဲ့သည် အထက်လက်မွန်ကျေးရွာမှ ပြည်သူများ၏ ပစ္စည်းများ ဖျက်ဆီးခြင်း၊ အိမ်မွေးတိရ စ္ဆာန်များအား ခိုးယူသတ် ဖြတ်စားသောက်သည့်အပြင် အောက်လက်မွန်ကျေးရွာမှ စစ်ဘေးရှောင်ပြည်သူတစ်ဦးကို ဓားစာခံအဖြစ်ဖမ်း ဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

တိုက်ပွဲတွင် အထိနာနေသော စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၁၀ ရက်နေ့တွင် CDF-ကန်ပက်လက်တပ်ရင်း ၂ Vakok စခန်းတည်နေရာသို့ဦးတည်စစ်ကြောင်းထိုးလာပြီး မနက်ပိုင်း ၇ နာရီမှ ၉ နာရီထိတစ်ကြိမ် ညနေပိုင်း ၁ နာရီမှ ၄ နာရီထိတစ်ကြိမ် တစ်နေကုန်နီးပါး ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး ၁၅ ဦးသေဆုံးကာ အယောက် ၃၀ ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု CDF-ကန်ပက်လက်ကထုတ်ပြန်သည်။

ဇွန်လ ၁၀ ရက်နေ့တိုက်ပွဲတွင် ကျောက်ထုအမြောက်တပ်နှင့် မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းတို့မှ ၁၂၀ မမ တို့ဖြင့် အချက်ပေါင်းများစွာဖြစ်ကူကာ လူအင်အား၊ လက်နက်အင်အားမမျှမှုကြောင့် CDF-ကန်ပက်လက်တပ်ရင်း ၂ Vakok စခန်းကိုလက်လွှတ်လိုက်ရသည်ဟု CDF-ကန်ပက်လက်ကထုတ်ပြန်သည်။

စစ်ကောင်စီ စစ်ကြောင်းထိုးသည့်လမ်းကြောင်းတလျှောက်တွင်ရှိသော ကျေးရွာ ၉ ရွာမှ ပြည်သူများသည် အရေးပေါ် စစ်ဘေးတိမ်းရှောင်ခဲ့ကြရပြီး လူဦးရေ နှစ်ထောင်ဝန်းကျင်ရှိသည်ဟု သိရသည်။

ကန်ပက်လက်တိုက်ပွဲတွင် CDF- Kanpetlet ဘက်မှ The Youth Force (Saw,Kyaukhtu)/ PDF (ညောင်ရမ်း)၊ Saw PDF တပ်ရင်း(၂)၊ (YRPA) တို့မှ စစ်ကူပေး ပူးပေါင်းတိုက်ခိုက်ပေးခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက် ပိုမစုရနှင့် ညမထွက်ရအမိန့် ထုတ်ပြန်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီအများစု ပျက်ပြယ်သွားနိုင်လို့ CNLD ပါတီဥက္ကဌပြော

စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.