Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»“လမ်းကြောတွေပိတ်ထားတော့ ဆန်သယ်လို့မရတာ နှစ်ပတ်၊ သုံးပတ်လောက်ရှိပြီ”

“လမ်းကြောတွေပိတ်ထားတော့ ဆန်သယ်လို့မရတာ နှစ်ပတ်၊ သုံးပတ်လောက်ရှိပြီ”

0
By Editor on June 17, 2021 Headline
မင်းတပ်မြို့နယ် Lukse Camp မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် ဆက်သွယ်မေးမြန်းချက်
ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ဆွေးနွေးပွဲပျက်ပြယ်ကာ မေလ ၁၂ ရက်နေ့ကစ၍ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာခဲ့ပြီး မေလ ၁၃ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီက မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးအဖြစ်ကြေညာခဲ့သည်။
မင်းတပ်မြို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားကာ အာဏာသိမ်း စစ်ကောင်စီဘက်က စစ်အင်အားအလုံးအရင်းနှင့် လက်နက်ကြီးများ၊ စစ်ရဟတ်ယာဉ်များ အသုံးပြုကာ အပြင်းအထန်ပစ်ခတ်ခဲ့ခြင်းကြောင့် မင်းတပ်မြို့ဒေသခံ ပြည်သူ ၈ ထောင်ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ကြရသည်။
ယခုလက်ရှိမင်းတပ်မြို့နယ်တွင် စစ်ဘေးရှောင်စခန်း ၁၈ ခုဖွင့်လှစ်ထားပြီး စစ်ဘေးရှောင်ပြည်သူ ၈ ထောင်ကျော်အထိ ရှိကာ ၎င်းတို့ရင်ဆိုင်နေရသည့်အခက်ခဲစိန်ခေါ်မှုနှင့်ပတ်သက်၍ လောက်စဲစစ်ရှောင်စခန်း(Lukse Camp) မှ တာဝန်ရှိသူ ကက်သလစ်ဘုန်းတော်ကြီး Nicholas Ghung Thang Se ကို ဆက်သွယ်မေးမြန်းထားသည်။
မေး – အခုလက်ရှိ ဆရာတို့စစ်ဘေးရှောင်စခန်းကိုရောက်ရှိနေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ အခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ – လောလောဆယ်တော့ မနေ့တနေကထိ အိမ်ပြန်ကြတယ် အထူးသဖြင့်တော့ ဒီမှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း အယောက် ၁၀၀ နဲ့ ၂၀၀ ကြားလောက်ရှိသေးတယ် လောလောဆယ်တော့ အခြေအနေကတော့ ပြန်ငြိမ်လာတဲ့သဘောမှာရှိတယ် ဒါပေမဲ့ တခုရှိတာက မိသားစုတွေထဲမှာ ပြေးလွှားပြီးတော့ ပုန်းခိုပြီးတော့ မိသားစုနဲ့ အတူရှိနေတဲ့ ဆန်စပါးတွေ စားသောက်ကုန်တွေ ဝိုင်းစားကြတဲ့အခါကတော့ မနေ့တနေ့ကရော ဒီနေ့ရော သူတို့ရောက်လာကြတယ် ကျနော်တို့ဆန်တွေလည်းမရှိတော့ဘူး ကျနော်တို့ တစ်ရက်တစ်ရက်ဆိုရင် ပြန်ရောက်လာတဲ့သူ အယောက် (၂၀)လောက်ပြန်ရှိတဲ့အခါကျတော့ တစ်လလောက်ဝိုင်းစားစရာမရှိတော့ဘူးတဲ့ အဲလိုမျိုးတွေတော့လာပြောကြတယ် ခက်တာက လောလောဆယ်လှူတဲ့သူရှိရင်တောင်မှ ဒီကျောက်ထုဘက်ကနေဆန်တွေက သယ်လို့မရသေးဘူး လမ်းတချို့တွေက ပိတ်နေသေးတဲ့အခါကျတော့ သူတို့မိသားစုတွေ ဘယ်လိုကူညီပေးရမလဲ ဥပမာ ဟိုတနေ့ စစ်ပြေးရွာဆိုရင် အကုန်လုံး မီးလောင်နေတဲ့ အိမ်တွေရော ပျက်ဆီးပြီးတော့မှ လက်နက်ကြီးတွေထိတဲ့ အိမ်တွေ မထိရင်တောင်မှ သူတို့ပစ္စည်းရှာဖွေတော့ အိမ်ထဲမှာရှိတဲ့ဟာတွေကို လွှင့်ပစ်ပြီး ဆန်အိတ်တွေကလည်း အပြင်မှာပြဲပြီးတော့မှ အဝတ်တွေလည်း အိမ်ထဲမှာ ဘာမှမရှိတဲ့ဟာတွေ အများကြီးရှိတယ်၊ တကယ့်စစ်တိုက်တဲ့နေရာဆိုတော့ လက်နက်ကြီးထိတဲ့ အိိမ်တွေကအများဆုံးပဲ သူတို့တွေမှာ စားနပ်ရိက္ခာတွေလုံးဝမရှိတော့ဘူး လောလောဆယ်က ကားနဲ့သွားလို့ကအဆင်မပြေ ဖြစ်နေတာ တကယ့်စစ်မြေပြင်ကွင်းထဲကရွာဆိုတော့လေ အဲဒီအနေအထားနဲ့ အရေးပေါ်အခြေအနေအကူအညီလိုတယ် ဒါပေမဲ့ ကျနော်တို့ ချက်ချင်းမကူညီနိုင်သေးဘူး တချို့ကျတာ့ အိမ်ပြန်တယ် တချို့ကတော့ ကျနော့်ဆီမှာရှိသေးတယ်။
မေး – စစ်ဘေးရှောင်ပြည်သူတွေက ဝမ်းလျှော၊ ဝမ်းပျက်၊ တုပ်ကွေး၊ ငှက်ဖျားရောဂါတွေလည်း ဖြစ်နေကြရတယ်လို့ ကြားသိရပါတယ်၊ အဲဒီအခြေအနေလေးရှင်းပြပါဦး။
ဖြေ – မိုးရွာတဲ့အခါကျတော့ ရာသီဥအပြောင်းအလဲတွေ ဒီထဲက များသောအားဖြင့် ချောင်းရေထဲကခပ်ရတဲ့ရေတွေက ပြသနာဖြစ်တာနေမှာ တအားကြီးတော့ ဆိုးရွာတာတော့မရှိပါဘူး လောက်စဲစစ်ရှောင်စခန်းမှာတော့ ဘာပဲဖြစ်ဖြစ် ဆေးကုသပေးနေတဲ့အခါကျတော့ အဆင်ပြေတယ်လို့ပြောရမှာ တခြားနေရာတော့ သတိမထားမိဘူး၊ ကျနော်တို့ လောက်စဲစစ်ရှောင်စခန်းမှာတော့ ဖျားလို့သေဆုံးတာမျိူးတော့မရှိသေးဘူး တခြား Camp တွေတော့ ကျနော်သိပ်လ က်လှမ်းမမှီဘူးဆိုတော့ မသိဘူး။
မေး – ခုဆိုရင် ကိုဗစ် ၁၉ ရောဂါကလည်း တစ်ကျော့ပြန်ဖြစ်လာတော့ စစ်ဘေးရှောင်တွေက အစုလိုက်နေကြရတော့ စိုးရိမ်စရာတွေဖြစ်လာနိုင်လား။
ဖြေ – ဟုတ်တယ် ဆးတွေလည်းဝယ်လို့မရနိုင်တဲ့အခါကျတော့ နည်းနည်းတော့ ကာကွယ်ရေးပိုင်းတွေက ခက်မှာ အဲဒါကို ကျနော်တို့ ဘယ်လိုပုံစံမျိုးအကောင်အထည်ဖော်ရမလဲဆိုတာ စဉ်းစားနေကြတာ အရင်တုန်းကတော့ လုပ်ထားတာရှိတယ် ဘာသာရေးအနေနဲ့လှုပ်ရှားနေတာတော့ ရှိတော့ရှိသေးတယ် ဒါပေမဲ့ Camp အတွက် သီးသန့်အနေနဲ့တော့ မလုပ်နိုင်သေးဘူး။
မေး – စစ်ဘေးရှောင်တွေအတွက် အစားအသောက်၊ ဆေးဝါး၊ သောက်သုံးရေနဲ့ အထောက်အကူပစ္စည်းတွေလည်း ပြတ်လပ်နေကြတယ်လို့သိရပါတယ်၊ အဲဒီအခြေအနေလေးရှင်းပြပါဦး။
ဖြေ – အများဆုံးကတော့ ကျနော်တို့ မင်းတပ်မြို့နယ်ထဲမှာ ကျနော်တို့ လောက်စဲစစ်ရှောင်စခန်းကျတော့ ကျနော်တို့က လမ်းမကြီးနဲ့လည်းနည်းနည်းကွာတဲ့အခါကြတော့ ကျနော်တို့ဆီကို စစ်ကောင်စီတွေက တိုက်ရိုက်မလာဘူး ကျနော်တို့ Camp ထိတော့ အထူးသဖြင့် ဝမ္မသူးဖက် စွန်တောင်ဖက်ခြမ်းတွေက လမ်းမကြီးဘေးတောက်လျှောက်ရွာတွေဆိုတော့ စစ်ကိုင်းတိုင်းမကွေးတိုင်းသွားတဲ့လမ်းမကြီးဘက်ဆိုတော့ အဲဒီဘက်ကပိုဆိုးတာ အဲဒီဘက်က ပိုပြီးတော့မှပြတ်လပ်ပြီးတော့ အဓိကတော့ ကျနော်တို့ကူညီနိုင်တဲ့သူတွေရှိတယ် ပြည်တွင်းပြည်ပနဲ့ ကျနော်တို့လည်းတတ်နိုင်သလောက်ပေါ့နော် ဒါပေမဲ့ လမ်းကြောက ကျောက်ထုလမ်းကြောတစ်ခု ဟိုဘက်လမ်းကြောနှစ်ခုစလုံးပိတ်တာလေ အဲဒီဟာက အဓိကပြသာနာ ကျနော်တို့ နဂိုက ဆန်တွေယူထားတာရှိတော့ တော်သေးတယ် အခုဆန်သယ်လို့မရတာ နှစ်ပတ် သုံးပတ်လောက်ရှိပြီ လုံလောက်မှုတော့မရှိဘူး။
မေး – ခုဆိုရင် မိုးတွင်းကာလဖြစ်နေတော့ စစ်ဘေးရှောင်တွေအတွက် ဘယ်လိုဖြစ်လာနိုင်လဲ၊ ဘာတွေအရေးတကြီး လိုအပ်လဲ။
ဖြေ – ကျနော်တို့အနေနဲ့စဉ်းစားတာတော့ မင်းတပ်မြို့နဲ့ မလှမ်းမကမ်းတွေကို ကျနော်တို့ Camp တွေထားတာထက် တကယ်လို့ နိုင်ငံတာကာနဲ့ ICRC တွေနဲ့ပူးပေါင်းပြီးတော့ မကွေးတိုင်းကနေ ခွင့်ပြုနိုင်မယ်ဆိုရင်တော့ရေရှည်မှာတော့ ဖြစ်နိုင်ရင်တော့ ကျနော်တို့ ပူးပေါင်းပြီးလုပ်ဆောင်ချင်တာ ဒါပေမဲ့ လောလောဆယ်အခြေအနေက တိုင်းခြားနယ်ခြားဖြစ်နေတဲ့အခါကျတော့ အခက်အခဲရှိတယ် ဆွေးနွေးထားတာက မကွေးတိုင်းကျောက်ထု အနီးတဝိုက်တွေမှာ လုပ်နိုင်ရင်တော့ ရေရှည်အနေနဲ့ ဟိုဘက်လည်း စားနပ်ရိက္ခာအတွက်အဆင်ပြေမယ် လုုံခြုံရေးအတွက်လည်း ဒီဖက်မင်းတပ်နယ်ဖက်ထက်နည်းနည်းပိုသက်သာမယ် ဆိုတဲ့သဘောတရားရှုထောင့်နဲ့ ကျနော်တို့လည်းအကြံပေးတယ် နယ်ခြားဖြစ်နေတဲ့အခါကျတော့ အကောင်အထည်ဖော်ဖို့ကတော့ ခက်နေတယ်။
မေး – တခြားဘာများဖြည့်စွပ်ပြောချင်တာရှိပါလဲ။
ဖြေ – တကယ်လို့သာ ဒီလိုမျိုးဆက်ဖြစ်အုံးမယ်ဆိုရင် နားလည်မှုယူပြီး သဘောထားချင်းမတိုက်ဆိုင်လို့ တိုက်ခိုက်မှုကတော့ ရှိတာတော့ရှိနေအုံးမှာပဲ သဘောကတော့ ဒါကြောင့်မို့ ပြည်သူတွေကို ကိုယ့်ရန်သူလိုသဘောမထားပဲနဲ့ စစ်ကောင်စီဖက်ကလည်း လူသားခြင်းစာနာပြီးတော့မှ ကိုယ့်ရဲ့ PDF အဖွဲ့ထဲကလည်း ပြည်သူလူထုကို လုံခြုံမှုရှိအောင် ဘယ်လိုလုပ်မလဲဆိုတာကို ဝိုင်းဆွေးနွေးပြီးတော့ အကောင်းဆုံးအကောင်အထည်ဖော်နိုင်ရင်တော့ ကောင်းမယ်၊ မဟုတ်ရင်တော့ ဒီလိုမျိုးရှောင်ပြေးဆိုရင် လူထုတွေက ဘယ်နှကြိမ် ဘယ်နှခါထွက်ပြေးနိုင်ဦးမှာလဲ၊ ဘယ်နှကြိမ်ရှောင်နိုင်မှာလဲ။ ဒါကြောင့်အကုန်လုံးအကောင်းဆုံးညိုနှိုင်းပြီးတော့မှ လုပ်နိုင်ရင်တော့ နည်းနည်းပိုပြီးသက်သာမှာပေါ့။L
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများထံလက်နက်ပါရှိသဖြင့် တီးတိန်မြို့နယ်ဒေသအချို့တွင် သွားလာခြင်းမပြုကြရန် PDF-Zoland အရေးပေါ် သတိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.