• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»လုံခြုံရေးတပ်ဖွဲ့အားလုံး အရပ်သားအစိုးရလက်အောက်ထားရှိရေးအခြေခံမူချမှတ်နိုင်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်မည် – ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်
လုံခြုံရေးတပ်ဖွဲ့အားလုံး အရပ်သားအစိုးရလက်အောက်ထားရှိရေးအခြေခံမူချမှတ်နိုင်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်မည် – ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်
0
By Editor on February 20, 2020 Headline
Zawgyi
ဒီမိုကရေစီစနစ်အခြေခံမူများထဲတွင် အရေးကြီးဆုံးတစ်ခုဖြစ်သည့် လုံခြုံရေးတပ်ဖွဲ့အားလုံးကို အရပ်သားအစိုးရလ က်အောက်သို့ ထားရှိနိုင်ရေးအခြေခံမူချမှတ်နိုင်မှသာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်အောင်မြင်နိုင်မည်ဟု ယနေ့ကျရောက်သော (၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ချင်းအမျိုးသားတပ်ဦး (CNF) ဒု-ဥက္ကဌ (၂) ဒေါက်တာဆလိုင်းလျန်မှုန်ဆာခေါင်ကပြောဆိုလိုက်သည်။
ချင်းပြည်နယ် ထန်တလန်မြို့တွင် ပြည်နယ်အဆင့်ဖြင့် ကျင်းပလျက်ရှိသည့် (၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်း အနားတွင် ချင်းအမျိုးသားတပ်ဦး (CNF) ဒု-ဥက္ကဌ (၂) ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်က မိန့်ခွန်းပြောကြားရာတွင် တစ်ဆို့နေသည့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ ထိုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။
အကယ်၍ အဆိုပါအခြေခံမူကို မချမှတ်နိုင်ပါက လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်းဆိုသည့် (Disarmament, Demobilization and Reintegration DDR/ Security Sector Reform SSR) ကို ဖော်ဆောင်နိုင်မည် မဟုတ်သည့်အတွက် ပြည်တွင်းစစ်လည်းချူပ်ငြိမ်းနိုင်မည်ဟုတ်ကြောင်း သူကဆက်ပြောသည်။
ထန်တလန်မြို့တွင် ပြည်နယ်အဆင့်ဖြင့် ယနေ့ကျင်းပပြုလုပ်သည့် (၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်ရောက်လာပြီး မိန့်ခွန်းပြောကြားခဲ့သည်။
Unicode
ဒီမိုကရေစီစနစ်အခြေခံမူများထဲတွင် အရေးကြီးဆုံးတစ်ခုဖြစ်သည့် လုံခြုံရေးတပ်ဖွဲ့အားလုံးကို အရပ်သားအစိုးရလ က်အောက်သို့ ထားရှိနိုင်ရေးအခြေခံမူချမှတ်နိ်ုင်မှသာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်အောင်မြင်နိုင်မည်ဟု ယနေ့ကျရောက်သော (၇၂) နှစ်မြောက် ချင်းအမျိူးသားနေ့တွင် ချင်းအမျိူးသားတပ်ဦး (CNF) ဒု-ဥက္ကဌ (၂) ဒေါက်တာဆလိုင်းလျန်မှုန်ဆာခေါင်ကပြောဆိုလိုက်သည်။
ချင်းပြည်နယ် ထန်တလန်မြို့တွင် ပြည်နယ်အဆင့်ဖြင့် ကျင်းပလျက်ရှိသည့် (၇၂) နှစ်မြောက် ချင်းအမျိူးသားနေ့ အခမ်း အနားတွင် ချင်းအမျိူးသားတပ်ဦး (CNF) ဒု-ဥက္ကဌ (၂) ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်က မိ်န့်ခွန်းပြောကြားရာတွင် တစ်ဆို့နေသည့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ ထိုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်က “ပင်လုံစာချူပ်ရဲ့ အပိုဒ် (၇) ဖြစ်တဲ့ ဒီပြည်ထောင်စုကြီးဟာ ဒီမိုကရေစီနိုင်ငံ ရေးစနစ်ကို ကျင့်သုံးရမယ်ဆိုတဲ့ဟာ ယနေ့ထိ မကျင့်သုံးနိုင်သေးဘူး အဲဒီဟာကို အကောင်အထည်ဖော်ဖို့အတွက် NCA စာချူပ်မှာ ပါတဲ့အတိုင်း ဒီပြည်ထောင်စုကြီးကို ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံပြီးတော့ ထူထောင်ရမယ်ဆို ပြီးတော့ သဘောတူထားတဲ့အတိုင်း ဒီမိုကရေစီအခြေ ခံမူထဲမှာ အရေးအကြီးဆုံးဖြစ်တဲ့ လုံခြုံရေးတပ်ဖွဲ့အားလုံးသည် အရပ်သားအစိုးရလက်အောက်မှာထားရှိရမယ်ဆိုတဲ့ ဒီမိုကရေစီအခြေခံမူကြီးချမှတ်နိုင်မယ်ဆိုရင် ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးဟာ အောင်မြင်မယ်ဆိုတာ ကျနော်အသေချာပြောချင်ပါတယ်’’ ဟုပြောကြားခဲ့သည်။
ထို့အတွက်ကြောင့် လုံခြုံရေးတပ်ဖွဲ့အားလုံး အရပ်သားအစိုးရလက်အောက်တွင်ထားရှိနိုင်ရေးအကောင်အထ ည်ဖော်ဆောင်ရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း လမ်းညွန်ချက်ပေးထားပြီးဖြစ်၍ တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချူပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များမှ အဲဆိုပါအခြေခံမူကို ချမှတ်ဆောင်ရွက်ရန်လိုအပ်သည်ဟု ၎င်းကဆက်ပြောသည်။
“ဒီမိုကရေစီအခြေခံမူဖြစ်တဲ့ လုံခြုံရေးတပ်ဖွဲ့အားလုံး အရပ်သားအစိုးရလက်အောက်မှာထားရမယ်ဆိုတဲ့ဟာ ကျနော်တို့ အကောင်အထည်ဖော်နိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ လမ်းညွန်ချက်အားလုံးပေးနေပြီဖြစ်ပါတယ်။ ထို့အတွက်ကြောင့် တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချူပ်ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နဲ့တကွ တိုင်းရင်း သားလက်နက်ကိုင်းအဖွဲ့အစည်း အသီးသီးရဲ့ခေါင်းဆောင်များက အဲဒီလုံခြုံရေးတပ်ဖွဲ့အားလုံးသည် အရပ်သားအစိုးရလက်အောက်မှာထားရမယ်ဆိုတဲ့ ဒီမိုကရေစီအခြေခံမူချမှတ်ပေးဖို့ဆောင်ရွက်ပေးကြပါလို့ ချင်းအမျိူးသားနေ့ စင်မြင့်ပေါ်ကနေ မေတ္တာရပ်ခံလိုပါတယ်’’ ဟု ချင်းအမျိူးသားတပ်ဦး ဒု-ဥက္ကဌ(၂)ကပြောသည်။
အကယ်၍ အဆိုပါအခြေခံမူကို မချမှတ်နိုင်ပါက လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်းဆိုသည့် (Disarmament, Demobilization and Reintegration DDR/ Security Sector Reform SSR) ကို ဖော်ဆောင်နိုင်မည် မဟုတ်သည့်အတွက် ပြည်တွင်းစစ်လည်းချူပ်ငြိမ်းနိ်ုင်မည်ဟုတ်ကြောင်း သူကဆက်ပြောသည်။
“အဲဒီအခြေခံမူသာမရရင် လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်းဆိုတဲ့ (DDR/SSR) ကိုဆောင်ရွက်လို့ရမှာမဟုတ်ဘူး DDR/SSR ဆိုတဲ့ လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်းကိုမဆောင်ရွက်နိုင်ဘူးဆိုရင် ပြည်တွင်းစစ်ချူပ်ငြိမ်း နိုင်မှာမဟုတ်ဘူး’’ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်ကပြောသည်။
DDR/SSR ဆိုသည်မှာ တိုင်းရင်းသားလက်ကိုင်တပ်ဖွဲ့များ လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည်ပေါင်းစည်းခြင်းနှင့် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးဖြစ်ပြီး၊ လုံခြုံရေးကဏ္ဍဆွေးနွေးရာတွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ အစိုးရ၊ စစ်တပ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အကြား အမြင်မတူမှုများရှိနေသည်။
ထန်တလန်မြို့တွင် ပြည်နယ်အဆင့်ဖြင့် ယနေ့ကျင်းပပြုလုပ်သည့် (၇၂) နှစ်မြောက် ချင်းအမျိူးသားနေ့အခမ်းအနားတွင် နိ်ုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်ရောက်လာပြီး မိန့်ခွန်းပြောကြားခဲ့သည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website
Related Posts
ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်
မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး
Leave A Reply Cancel Reply
  • Featured Article
May 24, 2023
“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”
April 27, 2023
ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်
April 14, 2023
အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)
April 14, 2023
“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”
Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.
Type above and press Enter to search. Press Esc to cancel.