• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»လံုျခံဳေရးအေျခေနေၾကာင့္ ပလက္၀တစ္ၿမိဳ႕နယ္လံုး မဲဆြယ္စည္းရံုးေရးလုပ္ေဆာင္ရန္ အခက္အခဲရွိႏိုင္ဟု ဆို

လံုျခံဳေရးအေျခေနေၾကာင့္ ပလက္၀တစ္ၿမိဳ႕နယ္လံုး မဲဆြယ္စည္းရံုးေရးလုပ္ေဆာင္ရန္ အခက္အခဲရွိႏိုင္ဟု ဆို

0
By Editor on September 25, 2020 Khonumthung

#Unicode

By Benezer – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့စစ်ရေးပဋိပက္ခကြောင့် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသေးသည့်အတွက် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် မဲဆွယ်စည်းရုံးရေးလုပ်ဆောင်ရန် အခက်အခဲရှိနိုင်ကြောင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပြောဆို ကြသည်။

ပလက်ဝမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေအမှတ်(၁) နေရာမှ အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(NLD) ကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရှိချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်က ပလက်ဝမြို့ပေါ်နှင့် အနီးအနားတစ်ဝိုက်တွင်သာ မဲဆွယ်စည်းရုံးရေးအဆင်ပြေသော်လည်း အိန္ဒိယနှင့် ဘင်္ဂလားဒေရှ့်နယ်စပ်ဘက် ရှိ ကျေးရွာများသို့ သွားရောက်ရန်အဆင်မပြေနိုင်ကြောင်း ပြောဆိုသည်။

“ကိုယ်စာလှယ်အနေနဲ့တော့နည်းနည်းလေးတော့ သွားဖို့လာဖို့ခက်တယ်၊ ဒါပေမယ့် ရွေးကောက်ပွဲ ကျင်းပဖို့အတွက် ကြေညာပြီးသားဖြစ်တယ်ဆိုတော့လူထုသဘောထားအရလည်း ကျင်းပဖို့သင့်တယ်၊ ကျင်းပဖြစ်အောင်တော့ ဝိုင်းကြိုးစားမှာပါ၊ စည်းရုံးရေးကတော့မြို့ပေါ်ဘဲရမှာပေါ့၊ နယ်ဆင်းတာတော့ တစ်ချို့နေရာတွေမှာတော့ရမယ်၊ အိန္ဒိယနယ်စပ်တို့ဘင်္ဂလားဒေ့စ်နယ်စပ်တို့တော့ ခက်လိမ့်မယ်” ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။

ပြီးခဲ့သည့်စက်တင်ဘာလ ၉ ရက်နေက ဝန်ကြီးဦးစိုးထက်နှင့်အဖွဲ့တို့သည် စက်လှေဖြင့် ပလက်ဝမြို့သို့ထွက်ခွါလာစဉ်တွင် ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့က ပစ်ခတ်ခဲ့သဖြင့် တပ်မတော်ဘက်ကလည်း ပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့ရာတွင် ကုလားတန်မြစ်ကြောင်းပေါ်တွင် မိနစ် ၃၀ ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သေးသည်။

ပလက်ဝမြို့နယ်သည် နယ်မြေမတည်ငြိမ်မှုကြောင့် ကားလမ်းများလည်းပိတ်ထားရသဖြင့် ကျေးရွာအုပ်စုတိုင်းကို ရောက်ရန်အခက်အခဲရှိနေသည်ဟု ပြည်သူ့လွှတ်တော်အမတ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဆလိုင်းခွဲယန်ကပြောသည်။

“အခက်အခဲကတော့ကျေးရွာအုပ်စုတိုင်းကို မရောက်နိုင်တဲ့ အခက်အခဲတော့ရှိတယ်၊ ကော်မရှင်တို့ ဘာတို့နဲ့ဆက်သွယ်ရာမှာလည်း အခက်အခဲရှိတယ်၊ စာပို့တဲ့အပိုင်းတွေမှာပေါ့၊ ကားလမ်းတွေက မဖွင့်တဲ့အခါကျတော့ကော်မရှင်ကို ဖုန်းနဲ့လောက်ဘဲရတယ်၊ နောက်ပြီးတော့ တစ်နယ်လုံးမှာ သွားလာဖို့အခက်အခဲရှိတယ်၊ဒါပေမယ့် လုံခြုံရေးကောင်းတဲ့နေရာဘဲ ကျနော်တို့ရွေးရတာပေါ့၊ လုံခြုံရေးမကောင်းတဲ့နေရာတွေကတော့နောက်ပိုင်း ကောင်းလာရင်သွားမယ်၊ မကောင်းရင်တော့မသွားတော့ဘူး၊ တစ်မြို့နယ်လုံးကိုတော့ရောက်ဖို့မလွယ်ဘူးလေ”ဟု ဆလိုင်းခွဲယန်ကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့က ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်မတော် (AA) ၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) နှင့် တအောင်းလက်နက်ကိုင်အဖွဲ့(TNLA)တို့က ၂၀၂၀ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးကို အထောက်အကူပြုရန် စက်တင်ဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၉ ရက်နေ့အထိ အပစ်အခတ်ရပ်စဲကြောင်းထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာ့တပ်မတော်ကလည်း အကြးဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ တစ်နိုင်ငံလုံးတွင် စက်တင်ဘာ ၁ ရက်နေ့ ၃၀ ရက်နေ့အထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသော်လည်း AA တပ်ဖွဲ့အခြေစိုက်သည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း မကြာခဏ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ပလက်ဝမြို့နယ်အတွင်း တစ်သီးပုဂ္ဂလတစ်ဦးအပါအဝင် နိုင်ငံရေးပါတီ (၆) ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း (၂၄) ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

#Zawgyi

By Benezer – ခ်င္းျပည္နယ္ေတာင္ပုိင္း ပလက္၀ၿမိဳ႕နယ္တြင္ ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္(AA) တို႔စစ္ေရးပဋိပကၡေၾကာင့္ နယ္ေျမတည္ၿငိမ္ေအးခ်မ္းမႈမရွိေသးသည့္အတြက္ တစ္ၿမိဳ႕နယ္လံုးအတိုင္းအတာျဖင့္ မဲဆြယ္စည္းရံုးေရးလုပ္ေဆာင္ရန္ အခက္အခဲရွိႏုိင္ေၾကာင္း ေရြးေကာက္ပြဲ၀င္ေရာက္ယွဥ္ၿပိဳင္ၾကမည့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားက ေျပာဆို ၾကသည္။

ပလက္၀ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္မဲဆႏၵနယ္ေျမအမွတ္(၁) ေနရာမွ အမ်ဴိးသားဒီမိုကေရစီအဖြဲ႔ခ်ဴပ္(NLD) ကိုယ္စားျပဳအေနျဖင့္ ၀င္ေရာက္ယွဥ္ၿပိဳင္မည့္ လက္ရွိခ်င္းျပည္နယ္အစိုးရေျပာခြင့္ရပုဂၢိဳလ္ စည္ပင္၀န္ႀကီး ဦးစိုးထက္က ပလက္၀ၿမိဳ႕ေပၚႏွင့္ အနီးအနားတစ္၀ိုက္တြင္သာ မဲဆြယ္စည္းရံုးေရးအဆင္ေျပေသာ္လည္း အိႏိၵယႏွင့္ ဘဂၤလားေဒရွ္႕နယ္စပ္ဘက္ ရွိ ေက်းရြာမ်ားသို႔ သြားေရာက္ရန္အဆင္မေျပႏုိင္ေၾကာင္း ေျပာဆိုသည္။

“ကိုယ္စာလွယ္အေနနဲ႔ေတာ့နည္းနည္းေလးေတာ့ သြားဖို႔လာဖို႔ခက္တယ္၊ ဒါေပမယ့္ ေရြးေကာက္ပြဲ က်င္းပဖို႔အတြက္ ေၾကညာၿပီးသားျဖစ္တယ္ဆိုေတာ့လူထုသေဘာထားအရလည္း က်င္းပဖို႔သင့္တယ္၊ က်င္းပျဖစ္ေအာင္ေတာ့ ဝိုင္းႀကိဳးစားမွာပါ၊ စည္း႐ုံးေရးကေတာ့ၿမိဳ႕ေပၚဘဲရမွာေပါ့၊ နယ္ဆင္းတာေတာ့ တစ္ခ်ိဳ႕ေနရာေတြမွာေတာ့ရမယ္၊ အိႏၵိယနယ္စပ္တို႔ဘဂၤလားေဒ့စ္နယ္စပ္တို႔ေတာ့ ခက္လိမ့္မယ္” ဟု ၀န္ႀကီးဦးစိုးထက္ကေျပာသည္။

ၿပီးခဲ့သည့္စက္တင္ဘာလ ၉ ရက္ေနက ၀န္ႀကီးဦးစိုးထက္ႏွင့္အဖြဲ႔တို႔သည္ စက္ေလွျဖင့္ ပလက္၀ၿမိဳ႕သို႔ထြက္ခြါလာစဥ္တြင္ ရကိၡဳင့္တပ္ေတာ္(AA) တပ္ဖြဲ႔က ပစ္ခတ္ခဲ့သျဖင့္ တပ္မေတာ္ဘက္ကလည္း ျပန္လည္တံု႔ျပန္ပစ္ခတ္ခဲ့ရာတြင္ ကုလားတန္ျမစ္ေၾကာင္းေပၚတြင္ မိနစ္ ၃၀ ခန္႔ အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားခဲ့ေသးသည္။

ပလက္ဝၿမိဳ႕နယ္သည္ နယ္ေျမမတည္ၿငိမ္မႈေၾကာင့္ ကားလမ္းမ်ားလည္းပိတ္ထားရသျဖင့္ ေက်းရြာအုပ္စုတိုင္းကို ေရာက္ရန္အခက္အခဲရွိေနသည္ဟု ျပည္သူ႔လႊတ္ေတာ္အမတ္ေနရာအတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ့ၿဖိဳးေရးပါတီမွ ဆလိုင္းခြဲယန္ကေျပာသည္။

“အခက္အခဲကေတာ့ေက်းရြာအုပ္စုတိုင္းကို မေရာက္နိုင္တဲ့ အခက္အခဲေတာ့ရွိတယ္၊ ေကာ္မရွင္တို႔ ဘာတို႔နဲ႔ဆက္သြယ္ရာမွာလည္း အခက္အခဲရွိတယ္၊ စာပို႔တဲ့အပိုင္းေတြမွာေပါ့၊ ကားလမ္းေတြက မဖြင့္တဲ့အခါက်ေတာ့ေကာ္မရွင္ကို ဖုန္းနဲ႔ေလာက္ဘဲရတယ္၊ ေနာက္ၿပီးေတာ့ တစ္နယ္လုံးမွာ သြားလာဖို႔အခက္အခဲရွိတယ္၊ဒါေပမယ့္ လုံျခဳံေရးေကာင္းတဲ့ေနရာဘဲ က်ေနာ္တို႔ေရြးရတာေပါ့၊ လုံျခဳံေရးမေကာင္းတဲ့ေနရာေတြကေတာ့ေနာက္ပိုင္း ေကာင္းလာရင္သြားမယ္၊ မေကာင္းရင္ေတာ့မသြားေတာ့ဘူး၊ တစ္ၿမိဳ႕နယ္လုံးကိုေတာ့ေရာက္ဖို႔မလြယ္ဘူးေလ”ဟု ဆလိုင္းခြဲယန္ကေျပာသည္။

ၿပီးခဲ့သည့္ စက္တင္ဘာလ ၁ ရက္ေန႔က ညီေနာင္မဟာမိတ္ သံုးဖြဲ႔ျဖစ္သည့္ ရကၡိဳင့္တပ္မေတာ္ (AA) ၊ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ (MNDAA) ႏွင့္ တေအာင္းလက္နက္ကိုင္အဖြဲ႕(TNLA)တို႔က ၂၀၂၀ ေရြးေကာက္ပြဲ ေအာင္ျမင္စြာက်င္းပႏုိင္ေရးကို အေထာက္အကူျပဳရန္ စက္တင္ဘာလ ၁ ရက္ေန႔မွ ႏို၀င္ဘာလ ၉ ရက္ေန႔အထိ အပစ္အခတ္ရပ္စဲေၾကာင္းထုတ္ျပန္ေၾကညာခဲ့သည္။

ျမန္မာ့တပ္မေတာ္ကလည္း အၾကးဖက္အဖြဲ႕အစည္းမ်ားရွိသည့္ ေနရာမ်ားမွအပ တစ္နိုင္ငံလုံးတြင္ စက္တင္ဘာ ၁ ရက္ေန႔ ၃၀ ရက္ေန႔အထိ အပစ္အခတ္ရပ္စဲေၾကာင္း ေၾကညာထားေသာ္လည္း AA တပ္ဖြဲ႔အေျခစိုက္သည့္ ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္အတြင္း မၾကာခဏ တိုက္ပြဲမ်ားျဖစ္ပြားလ်က္ရွိသည္။

၂၀၂၀ ခုႏွစ္ နိုဝင္ဘာလ ၈ ရက္ေန႔တြင္က်င္းပမည့္ အေထြေထြေရြးေကာက္ပြဲတြင္ ပလက္၀ၿမိဳ႕နယ္အတြင္း တစ္သီးပုဂၢလတစ္ဦးအပါအ၀င္ ႏိုင္ငံေရးပါတီ (၆) ခုမွ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း (၂၄) ၀င္ေရာက္ယွဥ္ၿပိဳင္ၾကမည္ျဖစ္သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့တွင် မီတာခများအခွန်ဆောင်ကြရန် စစ်ကောင်စီက တအိမ်တက်ဆင်း လိုက်လံပြောဆိုနေ

စစ်ကောင်စီတပ်ဖွဲ့က ကလေးတောင်ပိုင်းကျေးရွာများကို ထပ်မံမီးရှို့

ကလေးမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် (၃) နေရာ ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.