• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»သတင်းသမားဘ၀မှ CNF/CNA ထဲကိုဝင်ရောက်ခဲ့သူ Salai Benezar တိုက်ပွဲအတွင်းကျဆုံးဆိုတဲ့ သတင်းအမှား

သတင်းသမားဘ၀မှ CNF/CNA ထဲကိုဝင်ရောက်ခဲ့သူ Salai Benezar တိုက်ပွဲအတွင်းကျဆုံးဆိုတဲ့ သတင်းအမှား

0
By Editor on January 24, 2022 Khonumthung

ထိုသတင်းအမှားကို ချင်းတောင်တန်းနှင့် ချင်းတောင်ဇလပ် Chin Group မှ “တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးဆပ်ခဲ့သည့် CNA ချင်းအမျိုးသားတပ်မတော် ချင်းသူရဲကောင်း Salai Benezar လေးစားဦးညွတ်ပါတယ်။ အဖဘုရား၏ ကောင်းကင်နိုင်ငံတော်မှာ ငြိမ်းချမ်းစွာအနားယူပါတော့…. စစ်ခွေး ၁၉ ကောင်နဲ့ မတန်လိုက်တာ ကျန်ရစ်သူမိသားစုနဲ့ ထပ်တူဝမ်းနည်းကြေကွဲရပါတယ်” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ယခုလက်ရှိ ချင်းပြည်နယ်မှာ ချင်းအမျိူးသားတပ်မတော်အပါအဝင် ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေပြင်းထန်လျှက်ရှိပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိပေမယ့် အဲဒီသတင်းမှာဖော်ပြထားသလို Salai Benezar ဟာ တိုက်ပွဲမှ ာကျဆုံးခြင်းမရှိပါဘူး။

အဲဒီသတင်းအမှားနဲ့ပတ်သက်ပြီး Salai Benezer က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ “ငါမသေပါဘူး၊ ဘယ်ကောင်လက်ကမျင်းတာလဲဟ’’ ဆိုပြီးရေးသားထားတာတွေ့ရပါတယ်။

ဒီလို သတင်းအရင်းမြစ်မမှန်ကန်တဲ့ သေဆုံးမှုသတင်းများဟာ သက်ဆိုင်သူမိသားစုများကို ထိတ်လန်မှုနဲ့ ဝမ်းနည်မှုဖြစ်စေနိုင်ပါတယ်။

ထိုသတင်းအမှားကို ချင်းတောင်တန်းနှင့် ချင်းတောင်ဇလပ် Chin Group မှရက်ပိုင်းအတွင်း ပြန်လည်ဖြုတ်ချခဲ့ပေမယ့်လည်း စာဖတ်သူများအနေနဲ့ အရပ်သားပြည်သူ သေဆုံးမှုများ၊ CNF/CDF ကျဆုံးသွားတဲ့ ရဲဘော်သတင်းများ တွေ့ရှိမယ်ဆိုရင် ကိုယ်နဲ့သိတဲ့မိတ်ဆွေ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သတင်းရင်းမြစ်မှန်ကန်မှသာ ပြန်လည်ဝေမျှဖို့ တိုက်တွန်းလိုက်ရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တာဟန်းရပ်ကွက်တွင် နေအိမ်တလုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၊ အိမ်ရှင်အမျိုးသားဒဏ်ရာရ

သေဘောထိုစခန်းသိမ်းစစ်ပွဲတွင် မြန်မာ့တပ်မတော်က နီပိတ် ၆ ဦးကို အရှင်လက်ရဖမ်းဆီးဆိုတဲ့သတင်းအမှား

ထန်တလန်မြို့တွင်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၆ ယောက်သေဆုံး

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.