• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးတိုင်းမ် နေ့စဉ်သတင်းစာထုတ်ဝေမှု အကန့်သတ်မရှိရပ်ဆိုင်း

ဟားခါးတိုင်းမ် နေ့စဉ်သတင်းစာထုတ်ဝေမှု အကန့်သတ်မရှိရပ်ဆိုင်း

0
By Editor on March 10, 2021 Khonumthung
#Unicode
လားနွန် – ချင်းပြည်နယ် ဟားခါးမြို့ အခြေစိုက် The Hakha Times သတင်းဌာန၏ နေ့စဉ်ထုတ်ပုံနှိပ်သတင်းစာထုတ်ဝေမှုကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားလိုက်ပြီဟု ယနေ့မတ်လ ၉ ရက်နေ့တွင် ယင်းသတင်းဌာနက ထုတ်ပြန်ကြေညာ လိုက်သည်။
ဟားခါးတိုင်းမ် အယ်ဒီတာချုပ် ကိုပါပွီးက “ ကျနော်တို့ ဟားခါးက မီဒီယာ အထူးသဖြင့် ကျနော်တို့ Hakha Times လို့ ပြောတာထက် ကျနော်ကိုယ်တိုုင်လည်း ပြီးခဲ့တဲ့ အပတ်တုန်းက ဖမ်းထားတဲ့ထဲမှာပါတယ်လေ အဲဒါကြောင့် အခြေအနေက လောလောဆယ်မကောင်းလို့ပေါ့နော် အစိုးရဆိုတာထက် စစ်တပ်နဲ့ ရဲတို့ အခြေအနေပြန်ကောင်းလာရင်တော့ ကျနော်တို့ပြန်ထုတ်မှာပါ အကန့်အသတ်မရှိပိတ်ထားတာပါ” ဟု ပြောသည်။
ဟားခါးတိုင်းမ်၏ အယ်ဒီတာချူပ်ကိုပါပွီးသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဟားခါးမြို့ရှိ စစ်အာဏာရှင်ဆ န့်ကျင်ဆန္ဒပြမှုတွင် သတင်းရယူနေစဉ်အဖမ်းခံခဲ့ရပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပြန်လည်လွတ်မြောက်ခဲ့သည်။
ယခုဟားခါးတိုင်းမ်နေ့စဉ်ထုတ်သတင်းစာယာယီရပ်ဆိုင်းမှုမှာ စစ်ကောင်စီဘက်မှ တစ်စုံတစ်ရာလာရောက်ဖိအားပေး ရပ်ဆိုင်းခိုင်းခြင်းမျိူးမဟုတ်ပဲ လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ၎င်းတို့ကိုယ်တိုင်ယာယီရပ်ဆိုင်းထားခြင်းဖြစ်သည်ဟု ကိုပါပွီးကပြောသည်။
သို့သော်လည်း အွန်လိုင်းစာမျက်နှာ(Facebook, Website) တို့မှတဆင့် နေ့စဉ်နှင့်အမျှ ဆက်လက်၍ သတင်းထုတ်လွှင့် သွားမည်ဟု သိရသည်။
ဟားခါးတိုင်းမ်နေ့စဉ်ထုတ်သတင်းစာကို လိုင်(ချင်း)ဘာသာစကားဖြင့်အင်္ဂါနေ့မှ စနေနေ့အထိ တစ်ပတ်လျှင် ၅ ရက်ထုတ် ဝေလေ့ရှိသည်။
#Zawgyi
လားႏြန္ – ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕ အေျခစိုက္ The Hakha Times သတင္းဌာန၏ ေန႔စဥ္ထုတ္ပံုႏွိပ္သတင္းစာထုတ္ေ၀မႈကို ရက္အကန္႔အသတ္မရွိ ရပ္ဆိုင္းထားလိုက္ၿပီဟု ယေန႔မတ္လ ၉ ရက္ေန႔တြင္ ယင္းသတင္းဌာနက ထုတ္ျပန္ေၾကညာ လိုက္သည္။
ဟားခါးတိုင္းမ္ အယ္ဒီတာခ်ဳပ္ ကိုပါပြီးက “ က်ေနာ္တို႔ ဟားခါးက မီဒီယာ အထူးသျဖင့္ က်ေနာ္တို႔ Hakha Times လို႔ ေျပာတာထက္ က်ေနာ္ကိုယ္တိုုင္လည္း ၿပီးခဲ့တဲ့ အပတ္တုန္းက ဖမ္းထားတဲ့ထဲမွာပါတယ္ေလ အဲဒါေၾကာင့္ အေျခအေနက ေလာေလာဆယ္မေကာင္းလို႔ေပါ့ေနာ္ အစိုးရဆိုတာထက္ စစ္တပ္နဲ႔ ရဲတို႔ အေျခအေနျပန္ေကာင္းလာရင္ေတာ့ က်ေနာ္တို႔ျပန္ထုတ္မွာပါ အကန္႔အသတ္မရွိပိတ္ထားတာပါ” ဟု ေျပာသည္။
ဟားခါးတိုင္းမ္၏ အယ္ဒီတာခ်ဴပ္ကိုပါပြီးသည္ ၿပီးခဲ့သည့္ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔က ဟားခါးၿမိဳ႕ရွိ စစ္အာဏာရွင္ဆ န္႔က်င္ဆႏၵျပမႈတြင္ သတင္းရယူေနစဥ္အဖမ္းခံခဲ့ရၿပီး ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔တြင္ ျပန္လည္လြတ္ေျမာက္ခဲ့သည္။
ယခုဟားခါးတိုင္းမ္ေန႔စဥ္ထုတ္သတင္းစာယာယီရပ္ဆိုင္းမႈမွာ စစ္ေကာင္စီဘက္မွ တစ္စံုတစ္ရာလာေရာက္ဖိအားေပး ရပ္ဆိုင္းခိုင္းျခင္းမ်ဴိးမဟုတ္ပဲ လက္ရွိႏိုင္ငံေရးအေျခအေနေၾကာင့္ ၎တို႔ကိုယ္တိုင္ယာယီရပ္ဆိုင္းထားျခင္းျဖစ္သည္ဟု ကိုပါပြီးကေျပာသည္။
သို႔ေသာ္လည္း အြန္လိုင္းစာမ်က္ႏွာ(Facebook, Website) တို႔မွတဆင့္ ေန႔စဥ္ႏွင့္အမွ် ဆက္လက္၍ သတင္းထုတ္လႊင့္ သြားမည္ဟု သိရသည္။
ဟားခါးတိုင္းမ္ေန႔စဥ္ထုတ္သတင္းစာကို လိုင္(ခ်င္း)ဘာသာစကားျဖင့္အဂၤါေန႔မွ စေနေန႔အထိ တစ္ပတ္လွ်င္ ၅ ရက္ထုတ္ ေ၀ေလ့ရွိသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

မတူပီမြို့တွင် ၈ နှစ်ရွယ်ကလေးငယ်တစ်ဦး မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန် ဒဏ်ရာရရှိ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.