• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဟားခါးပြည်သူ့ဆေးရုံမှ ဆရာဝန်အားလုံးနီးပါး Civil Disobedience Campaign စတင်ပြုလုပ်

ဟားခါးပြည်သူ့ဆေးရုံမှ ဆရာဝန်အားလုံးနီးပါး Civil Disobedience Campaign စတင်ပြုလုပ်

0
By Editor on February 10, 2021 Headline

#Unicode

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်များအပါအဝင် ဆရာဝန်အားလုံးနီးပါးမှ တပ်မတော်အစိုးရေ အာက်တွင် အလုပ်တာဝန်များ ဆက်လက်လုပ်ကိုင်ခြင်းမပြုလိုဘဲ မိမိတို့၏ ဆန္ဒကို ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သည့် အနေဖြင့် CIVIL DISOBEDIENCE CAMPAIGN (CDC) ကို ၃.၂.၂၀၂၁ ရက်နေ့တွင်စတင်ကြောင်း ကြေညာခဲ့သည်။
အဆိုပါ CIVIL DISOBEDIENCE CAMPAIGN တွင် ဦးဆောင်ပြီးပါဝင်ခဲ့သူ ဟားခါးမြို့၊ ပြည်သူ့ဆေး ရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာ ငွန်ကျုံးလျန် က “ ကျွန်တော်တို့သည် စစ်အစိုးရနဲ့ လုံးဝ သဘောမတိုက်ဆိုင်ဘူး၊ ကျွန်တော်တို့ရွေးချယ်တဲ့ပါတီ၊ ပြည်သူတွေရွေးချယ်တဲ့ပါတီနဲ့ လုံးဝမဟုတ်တဲ့ အတွက်ကြောင့် ကျွန်တော်တိုိ့ရွေးချယ်တဲ့ပါတီ လက်အောက်မှာပဲ အလုပ်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက် လုပ်ဖြစ်တဲ့သဘောဖြစ်ပါတယ်၊ လက်ထောက်ဆရာဝန်၊ အထူးကုဆရာဝန်တွေအကုန်းလုံးနီးပါး ပါတယ်၊ ကျွန်တော်တို့စုပြီးမှ စာထုတ်တဲ့အချိန်မှာ မပါနိုင်တာ ၄၊ ၅ ယောက်လောက်ပဲရှိမယ် ဒါပေမယ့် ကျွန်တော်တို့ ဆရာဝန်တွေအကုန်လုံးပါတယ်။ ” ဟုပြောသည်။
CIVIL DISOBEDIENCE CAMPAIGN သည် စစ်အာဏာရှင်စနစ် အပြီးတိုင် အဆုံးသတ်ကာ ပြည်သူ့ ဆန္ဒအရ တင်မြောက်သည့်အစိုးရ ပြန်လည်စတင်သည်အထိ မိမိတို့ဆန္ဒကို ငြိမ်းချမ်းစွာဖော် ထုတ်သွားမည် ဖြစ်ပြီး မည်သည့်အချိန်ထိ ပြုလုပ်သွားမည်ကိုမသိရှိနိုင်သေးကြောင်း ၎င်းကပြောသည်။
ဟားခါးမြို့၊ ပြည်သူ့ဆေးရုံရှိ ဆရာဝန်များတာဝန်မှ CIVIL DISOBEDIENCE CAMPAIGN ပြုလုပ်သော်လည်း အရေးပေါ်လူနာများကို ကုသပေးမည်ဖြစ်ပြီး အခြား လူနာများကိုမှု ဆေးကုသမှုနှင့် ကျန်းမာရေး အခြေအနေကြည့်ရှုပေးမည် မဟုတ်ကြောင်း ဟားခါးမြို့၊ ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာ ငွန်ကျုံးလျန်က ပြောသည်။
“ကျွန်တော်တို့ ဆေးရုံမှ မလာနိုင်တဲ့လူနာတွေကျတော့ အရေးပေါ်အခြေအနေဆိုရင်တော့ ကျွန်တော်တို့ကြည့်ပေးဖို့ စဉ်းစားထားပါတယ်၊ ဒါပေမယ့် ပြင်ပလူနာ၊ ရက်ချိန်းလူနာများကို မကြည့်ပေးပါဘူး၊ ဖြစ်နိုင်တယ်ဆိုရင်တော့ လူနာတွေလာမယ်ဆိုရင်တော့ စစ်ဆေးရုံဘက်တွေကို လွှဲပေးဖို့လည်း တိုင်ပင်ထားကြတယ်၊ စစ်တပ်ကလုပ်နိုင်တယ်ဆိုရင်လုပ်ပေါ့၊ အဓိက တာဝန်ယူချင်တယ်ဆိုတော့ အကုန်လုံးတာဝန်ယူရမဲ့အပိုင်းတွေရှိပါတယ်” ဟု ဒေါက်တာ ငွန်ကျုံးလျန်က ပြောသည်။
CIVIL DISOBEDIENCE CAMPAIGN သည် ချင်းပြည်နယ်တွင် ဟားခါးမြို့ ပြည်သူ့ဆေးရုံ၊ ဖလမ်းမြို့ ပြည်သူ့ဆေးရုံ၊ မင်းတပ်မြို့ ပြည်သူ့ဆေးရုံ နှင့် တီးတိန်မြို့ပြည်သူ့ဆေးရုံ တို့တွင်လည်း ပြုလုပ်ကြကြောင်း သိရသည်။
#Zawgyi

ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕၊ ျပည္သူ႔ေဆး႐ုံမွ အထူးကုဆရာဝန္မ်ားအပါအဝင္ ဆရာဝန္အားလုံးနီးပါးမွ တပ္မေတာ္အစိုးေရ အာက္တြင္ အလုပ္တာဝန္မ်ား ဆက္လက္လုပ္ကိုင္ျခင္းမျပဳလိုဘဲ မိမိတို႔၏ ဆႏၵကို ၿငိမ္းခ်မ္းစြာဆႏၵေဖာ္ထုတ္သည့္ အေနျဖင့္ CIVIL DISOBEDIENCE CAMPAIGN (CDC) ကို ၃.၂.၂၀၂၁ ရက္ေန႔တြင္စတင္ေၾကာင္း ေၾကညာခဲ့သည္။

အဆိုပါ CIVIL DISOBEDIENCE CAMPAIGN တြင္ ဦးေဆာင္ၿပီးပါဝင္ခဲ့သူ ဟားခါးၿမိဳ႕၊ ျပည္သူ႔ေဆး ႐ုံမွ လက္ေထာက္ဆရာဝန္ ေဒါက္တာ ငြန္က်ဳံးလ်န္ က “ ကၽြန္ေတာ္တို႔သည္ စစ္အစိုးရနဲ႔ လုံးဝ သေဘာမတိုက္ဆိုင္ဘူး၊ ကၽြန္ေတာ္တို႔ေရြးခ်ယ္တဲ့ပါတီ၊ ျပည္သူေတြေရြးခ်ယ္တဲ့ပါတီနဲ႔ လုံးဝမဟုတ္တဲ့ အတြက္ေၾကာင့္ ကၽြန္ေတာ္တိုိ့ေရြးခ်ယ္တဲ့ပါတီ လက္ေအာက္မွာပဲ အလုပ္လုပ္မယ္ဆိုတဲ့ရည္ရြယ္ခ်က္ လုပ္ျဖစ္တဲ့သေဘာျဖစ္ပါတယ္၊ လက္ေထာက္ဆရာဝန္၊ အထူးကုဆရာဝန္ေတြအကုန္းလုံးနီးပါး ပါတယ္၊ ကၽြန္ေတာ္တို႔စုၿပီးမွ စာထုတ္တဲ့အခ်ိန္မွာ မပါနိုင္တာ ၄၊ ၅ ေယာက္ေလာက္ပဲရွိမယ္ ဒါေပမယ့္ ကၽြန္ေတာ္တို႔ ဆရာဝန္ေတြအကုန္လုံးပါတယ္” ဟုေျပာသည္။

CIVIL DISOBEDIENCE CAMPAIGN သည္ စစ္အာဏာရွင္စနစ္ အၿပီးတိုင္ အဆုံးသတ္ကာ ျပည္သူ႔ ဆႏၵအရ တင္ေျမာက္သည့္အစိုးရ ျပန္လည္စတင္သည္အထိ မိမိတို႔ဆႏၵကို ၿငိမ္းခ်မ္းစြာေဖာ္ ထုတ္သြားမည္ ျဖစ္ၿပီး မည္သည့္အခ်ိန္ထိ ျပဳလုပ္သြားမည္ကိုမသိရွိနိုင္ေသးေၾကာင္း ၎ကေျပာသည္။

ဟားခါးၿမိဳ႕၊ ျပည္သူ႔ေဆး႐ုံရွိ ဆရာဝန္မ်ားတာဝန္မွ CIVIL DISOBEDIENCE CAMPAIGN ျပဳလုပ္ေသာ္လည္း အေရးေပၚလူနာမ်ားကို ကုသေပးမည္ျဖစ္ၿပီး အျခား လူနာမ်ားကိုမႈ ေဆးကုသမႈႏွင့္ က်န္းမာေရး အေျခအေနၾကည့္ရႈေပးမည္ မဟုတ္ေၾကာင္း ဟားခါးၿမိဳ႕၊ ျပည္သူ႔ေဆး႐ုံမွ လက္ေထာက္ဆရာဝန္ ေဒါက္တာ ငြန္က်ဳံးလ်န္က ေျပာသည္။

“ကၽြန္ေတာ္တို႔ ေဆး႐ုံမွ မလာနိုင္တဲ့လူနာေတြက်ေတာ့ အေရးေပၚအေျခအေနဆိုရင္ေတာ့ ကၽြန္ေတာ္တို႔ၾကည့္ေပးဖို႔ စဥ္းစားထားပါတယ္၊ ဒါေပမယ့္ ျပင္ပလူနာ၊ ရက္ခ်ိန္းလူနာမ်ားကို မၾကည့္ေပးပါဘူး၊ ျဖစ္နိုင္တယ္ဆိုရင္ေတာ့ လူနာေတြလာမယ္ဆိုရင္ေတာ့ စစ္ေဆး႐ုံဘက္ေတြကို လႊဲေပးဖို႔လည္း တိုင္ပင္ထားၾကတယ္၊ စစ္တပ္ကလုပ္နိုင္တယ္ဆိုရင္လုပ္ေပါ့၊ အဓိက တာဝန္ယူခ်င္တယ္ဆိုေတာ့ အကုန္လုံးတာဝန္ယူရမဲ့အပိုင္းေတြရွိပါတယ္” ဟု ေဒါက္တာ ငြန္က်ဳံးလ်န္က ေျပာသည္။

CIVIL DISOBEDIENCE CAMPAIGN သည္ ခ်င္းျပည္နယ္တြင္ ဟားခါးၿမိဳ႕ ျပည္သူ႔ေဆး႐ုံ၊ ဖလမ္းၿမိဳ႕ ျပည္သူ႔ေဆး႐ုံ၊ မင္းတပ္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံ ႏွင့္ တီးတိန္ၿမိဳ႕ျပည္သူ႔ေဆး႐ုံ တို႔တြင္လည္း ျပဳလုပ္ၾကေၾကာင္း သိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.