Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးမြို့တွင် ခွေးမမွေးရန်သတိပေးချက် အချိန်အနည်းငယ်ထပ်စောင့်ကြည့်မည်ဟုဆို

ဟားခါးမြို့တွင် ခွေးမမွေးရန်သတိပေးချက် အချိန်အနည်းငယ်ထပ်စောင့်ကြည့်မည်ဟုဆို

0
By Editor on August 3, 2024 Khonumthung

(004SS)

ချင်းပြည်နယ်၊ မြို့တော် ဟားခါးမြို့ပေါ်တွင် အိမ်မွေးခွေးများ မမွေးကြရန် သတိပေးထုတ်ပြန်ချက်ကို အချိန်အနည်းငယ် ထပ်မံတိုးမြင့်၍ အခြေ အနေစောင့်ကြည့်နေသည်ဟု CDF-Hakha တပ်ဖွဲ့ထံမှ သိရသည်။

ဩဂုတ်လ ၁ ရက်နေ့က သတ်မှတ်ရက် ကျော်လွန်သွားပြီဖြစ်သော်လည်း အချိန်အနည်းငယ် ထပ်မံစောင့်ကြည့်မည်ဖြစ်ကာ လိုက်နာခြင်းမရှိသူများအား အရေးယူသွားမည်ဟု CDF-Hakha မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သတ်မှတ်ထားတဲ့ ဩဂုတ်လ ၁ ရက်နေ့ကတော့ ကျော်သွားပြီ၊ ဒါပေမဲ့ ပြည်သူတွေကလဲ လိုက်နာပြီး ဆောင်ရွက်နေဆဲလို့ သိရပါတယ်၊ ဒါကြောင့် အခုထိတော့ အရေးယူတာမျိုးမရှိသေးဘူး၊ အချိန် အနည်းငယ် ထပ်စောင့်ကြည့်ပါမယ်။ မလိုက်နာတဲ့သူတွေကိုတော့ အရေးယူသွားမယ်” ဟု CDF-Hakha မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြို့တွင်း စစ်ဆင်ရေးဖော်ဆောင်သည့်အချိန်မှာ ရန်သူအနားမရောက်မီ ခွေးဟောင်သံများကြောင့် ရန်သူဘက်က ကြိုတင်သိရှိကာ စစ်ဆင်ရေးအား လိုရာမရောက်ဘဲ နှောင့်နှေးစေခြင်းကြောင့် မြို့ပေါ်တွင် ခွေးမမွေးကြရန် ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု CDF-Hakha မှတာဝန်ရှိသူက ပြောသည်။

ထိုကဲ့သို့ သတိပေးချက်ထုတ်ပြန်ခဲ့ပြီးနောက် ဟားခါးမြို့ပေါ်တွင် ခွေးဟောင်သံများ သိသိသာသာ‌လျော့နည်းသွားကြောင်း ဟားခါးမြို့ခံတစ်ဦးက ပြောသည်။

“သူတို့ထုတ်ပြန်တဲ့နောက် ဒီနေ့မနက်က အိမ်ရှေ့မှာ ၃ ကောင်လောက်တော့ တွေ့သေးတယ်၊ သတ်ကြတာလား၊ ရောင်းကြတာလားတော့မသိဘူး ဒါပေမဲ့ အရင်လို အစုလိုက်အပြုံလိုက် ခွေးဟောင်သံတွေတော့ တကယ်သိပ်မကြားရတော့ဘူး” ဟု ဟားခါးမြို့ခံက ပြောသည်။

CDF-Hakha တပ်ဖွဲ့သည် ဟားခါးမြို့သိမ်းပိုက်နိုင်ရေးအတွက် ရုန်းစစ်ဆင်ရေးကို ဖော်ဆောင်လျှက်ရှိပြီး ဇူလိုင်လ ၂၀ ရက် နေ့တုန်းကလည်း ဟားခါးမြို့မရဲစခန်းကို ဝင်ရောက်စီးနင်းကာ နိုင်ငံရေးအကျဉ်းသားအများစုပါဝင်သော အကျဉ်းသား ၆၂ ဦးကို ကယ်ထုတ်ခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.