• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့တွင် စစ်ကောင်စီတပ်မှ နေအိမ်များသို့ဝင်ရောက်စီးနင်းပြီး ပါစတာတစ်ဦးအပါအဝင် ၇ ဦး ဖမ်းဆီးခံရ

ဟားခါးမြို့တွင် စစ်ကောင်စီတပ်မှ နေအိမ်များသို့ဝင်ရောက်စီးနင်းပြီး ပါစတာတစ်ဦးအပါအဝင် ၇ ဦး ဖမ်းဆီးခံရ

0
By Editor on May 6, 2021 Headline
ချင်းပြည်နယ် ဟားခါးမြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ ဟားခါးထာရ်ရပ်ကွက်ရှိ နေအိမ်များအား ယနေ့ညနေပိုင်းတွင် ဝင်ရောက်စီးနင်းရှာဖွေပြီး ပါစတာတစ်ဦးအပါအဝင် အမျိုးသား ၇ ဦး ဖမ်းဆီးသွားကြောင်း သိရသည်။
“ပါစတာ ၁ ယောက်နဲ့ လူငယ် ၆ ယောက်လို့ဘဲ ကြားတယ် အဲ့တာတောင် အတိအကျသိပ်မသိကြဘူး ဒီနေ့မနက်က စစ်ကား ၂ စီး ရဲကားအကြီး ၂ စီး ကားအသေးမီးတန်းကား ၂ စီးနဲ့ ပတ်တယ်လို့တော့ကြားတယ် လူအင်အားများတယ်လို့ပြောတယ်” ဟု ဟားခါးမြို့ခံတစ်ဦးမှ ပြောသည်။
လက်ရှိတွင် စစ်ကောင်စီဘက်မှ မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကို မသိရသေးဘဲ အဖမ်းခံရသူ ပါစတာမှာ ဆရာတော် Sang Awi ဖြစ်ကြောင်းသိရသည်။
ဟားခါးမြို့တွင် မေလ ၄ ရက်နေ့ညပိုင်း ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်မှ မေးမြန်းစရာရှိသည်ဟုဆိုကာ အင်းဝဘဏ်အနီးရှိ နေအိမ်တစ်အိမ်မှ လူသုံးဦးအား မေလ ၅ ရက်နေ့မနက်ပိုင်းတွင် ဖမ်းဆီးခေါ်ဆော်ငသွားခဲ့ပြီး ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.