• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့တွင် ဒေသခံပြည်သူ ၁၀ ဦးခန့်ကို စစ်ကောင်စီက ဖမ်းဆီး

ဟားခါးမြို့တွင် ဒေသခံပြည်သူ ၁၀ ဦးခန့်ကို စစ်ကောင်စီက ဖမ်းဆီး

0
By Editor on September 30, 2021 Headline

ချင်းပြည်နယ် ဟားခါးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့တွင်းသွားလာနေသည့် ဒေသခံပြည်သူအား စစ်ဆေးမှုများပြုလုပ်ကာ ၁၀ ဦးခန့်ဖမ်းဆီးသွားသည်ဟု စုံစမ်းသိရှိရသည်။

ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဟားခါးမြို့တွင်းနေရာအချိူ့တွင်ကင်းလှည့်ကာ မြို့တွင်းသွားလာသူများအား ရပ်တန့်စေ၍ ဖုန်း၊ ဆိုင်ကယ်များစစ်ဆေးခြင်းများပြုလုပ်ပြီး ပြည်သူ ၁၀ ဦးခန့်အဖမ်းခံခဲ့ရ သည်ဟု အမည်မဖော်လိုသူ ဟားခါးဒေသခံတစ်ဦးကပြောသည်။

“ဒီနေ့က စစ်တပ်တွေက အဖွဲ့နှစ်ဖွဲ့နဲ့ မြို့တွင်း ကင်းလှည့်ကြတယ်၊ တစ်ဖွဲ့မှာ အယောက် ၂၀ လောက်ရှိကြတယ်၊ သူတို့ က သုံးနေရာမှာ စစ်တယ် လမ်းဆုံရယ် မိုးဟိန်းရှေ့မှာရယ် ပြီးရင် စံပြဆောင်ရှိမှာရယ် စစ်တယ်။ ကျွန်တော်တို့လည်း သွားတိုးတော့ စစ်သားတွေက ကျွန်တော်တို့ကို ရပ်ခိုင်းပြီးတော့ ဆိုင်ကယ် toolbox တွေ ပြီးရင် ဖုန်းတွေကိုလိုက်စ စ်ပါတယ်၊ နောက် ကျွန်တော်တို့ လက်တွေကို မြှောက်ခိုင်းပြီးတော့ အိတ်ကပ်တွေလည်း စစ်ပါတယ်။” ဟု ဟားခါးဒေသခံက ပြောသည်။

ယခုရက်ပိုင်းအတွင်း ဟားခါးမြို့တွင် စစ်ကောင်စီက စစ်အင်အားဖြည့်တင်းလာသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညပိုင်း ဧည့်စာရင်းစစ်ဆေးမှုများပြုလုပ်ကာ လူငယ်အချိူ့ကိုလည်း အကြောင်းမဲ့ဖမ်းဆီးမှုများရှိနေသည့်အတွက် စိုးရိမ်နေကြရသည်ဟု ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဧည့်စာရင်းစစ်ဆေးရာတွင် လူငယ်အယောက် ၂၀ ခန့်အဖမ်းခံခဲ့ရပြီး ပြန်လည်လည်လွတ်မြောက်လာသူအချိူ့ရှိသည်ဟုသိရသော်လည်း လူဦးရေအတိကျအတည်ပြုနိုင်ခြင်းမရှိပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.