ဟားခါးမြို့၊ ချင်းဦးစီးရပ်ကွက်တွင် ယနေ့ ဇန်နဝါရီလ ၁၀ မနက်ပိုင်းတွင် နေအိမ် ၃ လုံး မီးလောင်ပြာကျသွားပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း ဟားခါးမြို့ခံတစ်ဦးက ပြောသည်။
“ကျမတို့သိတဲ့အချိန်က ၁၂ နာရီအကျော်မှာ ၃ အိမ်လောက်လောင်နေပြီ။ လျှပ်စစ်မီးကြောင့်လို့ပြောကြတယ်။ အိမ်ကတိုင်ပဲကျန်တော့တယ်။ လူကပြေးတယ် ပစ္စည်းတွေကဘာမှထုတ်လို့မရဘူး။ မီးသတ်ကားမလာရင် ၄ အိမ်လောက်လောင်မယ်” ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။
မီးလောင်မှုဖြစ်ပွားပြီးနောက် မီးငြိမ်းသတ်ရန် မီးသတ်ကား (၃) စီးရောက်လာကာ (၄) အိမ်မြောက်နေအိမ်အား မကူးစက်မှီငြိမ်းသတ်နိုင်ခဲ့သည်ဟု သိရသည်။
အဆိုပါမီးလောင်သည့်နေအိမ်မှာ ဦးဒန်မန်း၊ ဦးဇမ်ဘိတ်နှင့် ဦးမန်းဟရင်တို့နေအိမ်ဖြစ်ကြပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။