(004SS)
ချင်းပြည်နယ် ဟားခါးမြို့တွင် တာဝန်ကျနေသော စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၃ ဦးသည် လက်နက်များနှင့်အတူ Chinland Defense Force – Hakha ထံ အလင်းဝင်ရောက်လာကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၃ ဦးသည် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိကြတော့ဘဲ ပြည်သူများနှင့် ပူးပေါင်းပါဝင်လိုခြင်းကြောင့် ဇန်နဝါရီလ ၃ ရက်၊ ၆ ရက်နှင့် ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့တွင် ၎င်းတို့ထံ အလင်းဝင်ရောက်လာကြသည်ဟု CDF-Hakha က ထုတ်ပြန်သည်။
လက်နက်များနှင့်အတူ အလင်းဝင်လာကြသော ပြည်သူ့စစ် ၃ ဦးကို ဆုငွေ ချီးမြှင့်ပြီးနောက် လွတ်မြောက်နယ်မြေရောက်သည်အထိ တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း CDF-Hakah က ထုတ်ပြန်ထားသည်။
စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ဘဲ ပြည်သူများနှင့် ပူပေါင်းကာ တော်လှန်ရေးတွင် ပါဝင်လိုသူများကို အမြဲကြိုဆိုပြီး အချိန်မရွေး ဆက်သွယ်လာနိုင်ကြောင်း၊ လွတ်မြောက်နယ်မြေရောက်သည်အထိ တာဝန်ယူပေးမည်ဖြစ်ကြောင်းလည်း CDF-Hakah က အသိပေးချက် ဖော်ပြထားသည်။